Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ချင်းပြည်နယ်ထွက် ဝဥများ စမ်းသပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဈေးကွက်အလားအလာရှိပြီး ဈေးကောင်းရရှိနိုင်သည့်

ချင်းပြည်နယ်ထွက် ဝဥများ စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ မိုင်းယောင်း ရာသီဥတု၊ ရေမြေနဲ့ကိုက်ညီမယ့် ဈေးကွက်အတွင်း အရောင်းအဝယ် အလားအလာရှိပြီး ဈေးကောင်းလည်းရရှိနိုင်တဲ့ ချင်းပြည်နယ်မှ ဝဥ ရွက်သီးများ မှာယူရောက်ရှိနေပါပြီ။ ဒေသခံတောင်သူ သုံးဦးမှ စမ်းသပ်စိုက်ပျိုးရန် စတင်ဆောင်ရွက်နေပါပြီ။ အကယ်၍ စိုက်ပျိုးလို့ အောင်မြင်ဖြစ်ထွန်း ပြီး အလားအလာကောင်းပါက လာမယ့်နှစ်မှာ တိုးချဲ့စိုက်ပျိုးသွားဖို့ တောင်သူတွေ စောင့်ကြည့်နေပါတယ်။ တောင်သူအများစုကလည်း စိတ်ဝင်စားနေကြပါတယ်။ လာရောက်စုံစမ်းမေးမြန်းတာတွေလည်း ရှိပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။

မိုင်းယောင်းမြို့နယ်အတွင်း ဒေသခံတောင်သူများ ဝဥတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဝဥ စိုက်ပျိုးနည်း များဖြစ်သော ရာသီဥတု၊ မြေအမျိုးအစား၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးနည်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝဥသည် အကျယ်ခြောက်လက်မပတ်လည်၊ အနက်ခြောက်လက်မ စိုက်ကျင်းပြင်ပြီး ကျင်းထဲတွင် မြေဆွေးခံ၍ ဝဥကို လေးလက်မမှ ငါးလက်မ အနက်တွင် စိုက်ပျိုးရကြောင်း၊ မိုးဦးရာသီ မေလတွင် စတင်စိုက်ပျိုးသင့်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

myotaw.news

Read times Last modified on Saturday, 23 January 2021 07:17
Rate this item
(0 votes)