Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ် သွင်းကုန် ပို့ကုန် ပန်းသီးများ ဈေးမြင့်တက်

တရုတ် သွင်းကုန် ပို့ကုန် ပန်းသီးများ ဈေးမြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

တရုတ်နိုင်ငံမှ တင်ပို့သော ပန်သီးများနှင့် တင်သွင်းသော ပန်းသီးများ နှစ်မျိုးစလုံး ယခင်နှစ်တက် ယခုနှစ်တွင် ဈေးနှုန်းများ မြင့်တက်သည်။

 

တရုတ်နိုင်ငံသည် ပန်းသီးများ အမြောက်အမြား ထုတ်လုပ်သည်။ ပြည်ပမှလည်း တင်သွင်းသည်။ သို့သော် ကုန်သွယ်ရေး ပိုငွေပြသည့်အထိ တင်ပို့သည့် တန်ဖိုးပမာဏက တင်သွင်းသည့် တန်ဖိုး ပမာဏထက် ပိုမိုများပြားသည်။

ပြည်ပမှ တင်သွင်းသော အရည်အသွေး အထက်တန်းစား ပန်သီးများကို ရှန်ဟိုင်းနှင့် ကွမ်တုန်း တို့တွင်သာ အဓိကအားဖြင့် စားသုံးကြသည်။ 

ပြည်ပသို့ တင်ပို့သည့် ပန်းသီးများကို ယူနန်ပြည်နယ်နှင့် ရှန်တုန်းပြည်နယ်တို့တွင် စိုက်ပျိုး ထုတ်လုပ်သည်။ 

 

တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ အချက်အလက်များအရ ပြီးခဲ့သည့်  ၅နှစ်တာ(၂၀၁၇-၂၀၂၁) တွင် ပန်းသီးများကို နယူးဇီလန်၊ ချီလီ၊ အမေရိကန်၊ တောင်အာဖရိကနှင့် ပြင်သစ်တို့ထံမှ အဓိကအားဖြင့် တင်သွင်းသည်။ 

ပန်းသီးကို နိုင်ငံအများအပြားသို့ တင်ပို့သည်။ အဓိကအားဖြင့် တင်ပို့သည့် နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဖြစ်သည်။

 

ပြီးခဲ့သည့် ၅ နှစ်တာအတွင်း ပြည်ပမှတင်သွင်းသည့် ပန်းသီးများ စားသုံးမှု အများဆုံး နေရာများမှာ 

ကွမ်တုန်း (249,000 tons) 

ရှန်ဟိုင်း (81,000 tons)

ကျဲ့ကျန်း (45,000 tons)

လျောင်းနင် (19,000 tons)

တို့ ဖြစ်သည်။ 

ကျန်ပြည်နယ်များ အားလုံး ပြည်ပမှတင်သွင်းသည့် ပန်းသီးများ စားသုံးမှု ပမာဏ ၅ နှစ်တာအတွက် စုစုပေါင်း ပမာဏသည် 3,000 tons အောက်တွင်သာ ရှိသည်။ 

ပြည်ပသို့ တင်ပို့သည် ပန်းသီး ပျမ်မျှဈေးနှုန်းမှာ တစ်ကီလိုဂရမ် ၁.၄၀ အမေရိကန်ဒေါ်လာ ဖြစ်ပြီး ပြည်ပမှ တင်သွင်းသည့် ပျမ်းမျှဈေးနှုန်းမှာ တစ်ကီလိုဂရမ်  ၂.၃၃ အမေရိကန်ဒေါ်လာ ဖြစ်သည်။ ဈေးကွာရသည်မှာ အရည်အသွေး သိသိသာသာ ကွာခြားနေသောကြောင့် ဖြစ်သည်။

တင်သွင်းသည့် ပန်းသီးများ၏ အရည်အသွေးများသည့် အထက်တန်းစား အရည်အသွေးများ ဖြစ်ပြီး တင်ပို့သည့် ပန်းသီးများ၏ အရည်အသွေးမှာ သာမန်အရည်အသွေးမျှသာ ဖြစ်သည်။

Source freshplaza

Read times
Rate this item
(0 votes)