Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


စင်ကာပူမှာ အချမ်းသာဆုံး ၁၅ ဦး

ယခုနှစ်အစောပိုင်းတွင် စင်ကာပူ၏ အချမ်းသာဆုံးပုဂ္ဂိုလ်မှာ အသက် ၅၀ အရွယ်စားသောက်ဆိုင်ပိုင်ရှင် Zhang Yong ဖြစ်ပြီး

သူ၏ စားသောက်ဆိုင်လုပ်ငန်းမှာ တရုတ်၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့်စင်ကာပူတို့တွင် ဖွင့်လှစ်ထားသည့် နာမည်ကြီး ဟော့ပေါ့ဆိုင်Haidilao ဖြစ်သည်။ ယခု Zhang သည် Li ၏နောက် ဒုတိယနေရာသို့ ရောက်သွားသည်။ Zhang ၏ ဇနီးသည်ဖြစ်သူ ကုမ္ပဏီဒါရိုက်တာ Shu Ping သည်လည်း စင်ကာပူဘီလျံနာစာရင်းတွင် ဒေါ်လာ ၃.၄ ဘီလီယံပိုင်ဆိုင်ကြောင်း ဖော်ပြထားသည်။ 

 

ပထမနေရာ စင်ကာပူ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ်သို့  ဆေးပစ္စည်း စက်ကိရိယာများကို ရောင်းချသော ကုမ္ပဏီ၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Li Xiting ကာ ကိုဗစ်ကာလတွင် ရယူလိုက်သည်။

သူ့အသားတင်တန်ဖိုးမှာ ဒေါ်လာ ၁၈.၁ ဘီလီယံ ဖြစ်သည်။

 

စင်ကာပူမှာ အချမ်းသာဆုံး ၁၅ ဦးတွင် အိမ်ခြံမြေသူဌေး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ၊ Facebook ပူးတွဲတည်ထောင်သူ၊ ဟော့ပေါဘီလျံနာ တို့ ပါဝင်ကြောင်း Forbes ၏ Real-Time Billionaires စာရင်းတွင် တွေ့ရသည်။

 

အသက်အငယ်ဆုံးပုဂ္ဂိုလ်မှာ အသက် ၃၈ နှစ်ရှိပြီဖြစ်သော Eduardo Saverin ဖြစ်သည်။ သူသည် ဖေ့စ်ဘွတ်ခ်တည်ထောင်သူဖြစ်သည် ။ ဘရာဇီးလ်လူမျိုးဇာတိဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ စ၍ စင်ကာပူတွင် နေထိုင်သည်။ 

 

ထိပ်ဆုံးအချမ်းသာဆုံးလူ ၁၅ ဦး ၌  အသစ်စာရင်းဝင်သူများတွင် ဂိမ်းဘီလျံနာနှစ်ဦး ပါဝင်သည်။

 

စင်ကာပူ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၅ ဦီး၏ ချမ်းသာမှုစုစုပေါင်းမှာ ဒေါ်လာ ၁၁၁.၇ ဘီလီယံရှိသည်။

 

စင်ကာပူသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး မြို့တစ်မြို့ ဖြစ်ပြီး ခန့်မှန်းခြေ ဘီလီယံနာ ၄၄ ဦး နေထိုင်သည် ။

 

အလွန်ချမ်းသာကြွယ်ဝသူများတွင် အိမ်ခြံမြေလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများမှ ဘီလျံနာသူဌေးများအလယ် ၊ ဖေ့စ်ဘွတ်တည်ထောင်သူ အထိ ပါဝင်သည်။

 

စင်ကာပူတွင် အချမ်းသာဆုံးပုဂ္ဂိုလ်မှာ ဆေးပစ္စည်းကိရိယာများကို ထောက်ပံ့သောကုမ္ပဏီ၏ တည်ထောင်သူနှင့်အမှုဆောင်အရာရှိချုပ် Li Xiting ဖြစ်သည်။  လီသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀၂၀ ခုနှစ်တုန်းက စင်ကာပူ၏  အချမ်းသာဆုံး ၁၅ ဦီးတွင် မပါဝင်ခဲ့သေးချေ။ 

ယခုအခါ  သူသည် Forbes၏ Real-Time Billionaires စာရင်းတွင် ဒေါ်လာ ၁၈ . ၁ ဘီလျံ ချမ်းသာသည်ဟု ဖော်ပြထားသည်။  Coronavirus ကူးစက်ပျံ့နှံ့နေစဉ်အတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် သူ့လုပ်ငန်းထံမှ ဆေးပစ္စည်းစက်ကိရိယာများ အလုအယက် ဝယ်ကြရသည်။ အသက်ကူရှူစက်၊ ပုံရိပ်ထုတ်ကိရိယာများ၊ လူနာစောင့်ကြည့်ကိရိယာများ ဝယ်ယူကြသည်။ သူ့ချမ်းသာမှုသည် တဟုန်ထိုး ထိုးတက်သွားခဲ့ပြီး စင်ကာပူနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ်သို့ ရောက်သွားတော့သည်။

စင်ကာပူ၏အချမ်းသာဆုံးသူဌေး လေပေးစက်များ ရောင်းချခြင်းမှ လစဉ်ဒေါ်လာ ၁ ဘီလီယံ ပိုမိုချမ်းသာလာ

နေ့ချင်းညချင်း တစ်ဟုန်ထိုး ချမ်းသာလာသော လီသည် ၂၀၁၁ ခုနှစ်မတ်လတွင် Forbes ၏ အဆိုအရ ဒေါ်လာ ၅.၅ ဘီလီယံတန်ဖိုးရှိသည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် သူ၏ပိုင်ဆိုင်မှုသည် ဒေါ်လာ ၁၁.၆ ဘီလီယံ ရှိသည်အထိ ချမ်းသာလာခဲ့သည်။

 

15. Zhao Tao

zhao tao

. Visual China Group via Getty Images/Visual China Group via Getty Images

Tao သည် Shandong Buchang Pharmaceuticals ၏ ဥက္ကဋ္ဌ ဖြစ်သည်။

အသားတင်တန်ဖိုး $2.6 billion

အသက်: ၅၅ နှစ်

ကြွယ်ဝမှုရင်းမြစ်: ဆေးဝါး

14. Raj Kumar and Kishin RK

intercontinental hotel singapore

Jeff Greenberg/Universal Images Group via Getty Images

Kumar နှင့် RK တို့တွင် တိုက်တာအဆောက်အဉီ အိမ်ခြံမြေပိုင်ဆိုင်မှု ကြီးမားကြသည်။ ပိုင်ဆိုင်မှုများထဲတွင် ကြယ်ငါးပွင့်ဟိုတယ် ဖြစ်သော Hotel Intercontinental ပါဝင်သည်။

အသားတင်တန်ဖိုး: $2.7 billion

အသက်: ၆၆ နှစ်

ကြွယ်ဝမှုရင်းမြစ်: အိမ်ခြံမြေ

13. Kuok Khoon Hong

wilmar ceo

REUTERS/Vivek Prakash

Kuok သည် ၁၉၉၁ ခုနှစ်တွင်  Wilmar ကို ပူးတွဲထူထောင်ခဲ့သည်။ ၎င်းသည် ကမ္ဘာ့ အကြီးမားဆုံး စားအုန်းဆီထုတ်လုပ်သည့် လုပ်ငန်း ဖြစ်သည်။

အသားတင်တန်ဖိုး: $3 billion

အသက်: ၇၁ နှစ်

ကြွယ်ဝမှုရင်းမြစ်: စာအုန်းဆီ

T12. Jason Chang

ase group

Google Maps

Chang ၏ ASE Group ကော်ပိုရိတ် ရုံးချုပ်ဖြစ်ပြီး တိုင်ဝမ် ကောင်ရွှန်းတွင် တည်ရှိသည်။

အသားတင်တန်ဖိုး: $3.3 billion

အသက်: ၇၆ နှစ်

ကြွယ်ဝမှုရင်းမြစ်: အီလက်ထရွန်းနစ်

T12. Gang Ye

gaming garena sea group

Anusak Laowilas/NurPhoto via Getty Images

Gang Ye သည် အွန်လိုင်းဂိမ်းနှင့် e-commerce လုပ်ငန်းဖြစ်သော Sea ကို စင်ကာပူ၏ ဆဌမမြောက် အချမ်းသာဆုံးသူဌေး Forrest Li နှင့် အတူ ပူးတွဲ ထူထောင်ခဲ့သည်။

အသားတင်တန်ဖိုး: $3.3 billion

အသက်: ၄၀ နှစ်

ကြွယ်ဝမှုရင်းမြစ်: ဂိမ်း 

10. Shu Ping

shu ping Zhang Yong Haidilao

REUTERS/Bobby Yip

Ping သည် ဟော့ပေါ့ဆိုင်များ လုပ်ကိုင်သည့် Haidilao ၏ ဒါရိုက်တာ ဖြစ်ပြီး ပူးတွဲထူထောင်သူလည်း ဖြစ်သည်။ သူမ၏ ခင်ပွန်း Zhang Yong သည် စင်ကာပူ၏ ဒုတိဘအချမ်းသာဆုံး သူဌေး ဖြစ်သည်။

is the director and cofounder of hot pot chain Haidilao. Her husband, Zhang Yong, is Singapore's second-richest man. 

အသားတင်တန်ဖိုး: $3.4 billion

အသက်: မသိရပါ

ကြွယ်ဝမှုရင်းမြစ်: စားသောက်ဆိုင်

9. Kwek Leng Beng

kwek leng beng

Mike Pont/WireImage

Kwek သည် Hong Leong Group ၏ အကြီးအကဲ ဖြစ်သည်။ City Developments ၏ အမှုဆောင် ဥက္ကဋ္ဌလည်း ဖြစ်သည်။ စင်ကာပူတွင် အကြီးမားဆုံး property developer များတွင် ပါဝင်သည်။

အသားတင်တန်ဖိုး: $3.5 billion

အသက်:  ၈၀ နှစ်

ကြွယ်ဝမှုရင်းမြစ်: အိမ်ခြံမြေ

8. Kwee ညီအစ်ကိုများ

capella singapore

Kyodo News Stills via Getty Images

Kwee ညီအစ်ကို လေးဦးတို့သည် ဇိမ်ခံဟိုတယ်များ၊ ရုံးတာဝါများကို စင်ကာပူတစ်လွှားမှာ ပိုင်ဆိုင်ကြသည်။

အသားတင်တန်ဖိုး: $5.3 billion

အသက်: မသိရပါ

ကြွယ်ဝမှုရင်းမြစ်: အိမ်ခြံမြေ

7. Wee Cho Yaw

Wee Cho Yaw

Reuters

United Overseas Bank ဥက္ကဋ္ဌ ဖြစ်သည်။ သူ့ဖခင်နှင့် ပူးတွဲထူထောင်ခဲ့သည်။

အသားတင်တန်ဖိုး: $5.5 billion

အသက်: ၉၁ နှစ်

ကြွယ်ဝမှုရင်းမြစ်: ဘဏ်

6. Forrest Li

forrest li

REUTERS/Brendan McDermid

He runs the online gaming and e-commerce firm Sea. 

အွန်လိုင်းဂိမ်းနှင့် e-commerce လုပ်ငန်း Sea ကို လုပ်ကိုင်သည်။

အသားတင်တန်ဖိုး: $5.7 billion

အသက်: ၄၂ နှစ်

ကြွယ်ဝမှုရင်းမြစ်: ဂိမ်း

5. Robert နှင့် Philip Ng

oasia hotel

REUTERS/Loriene Perera

Ng ညီအစ်ကိုသည် စင်ကာပူ၏ အကြီးမားဆုံး ပုဂ္ဂလိက အိမ်ပိုင်မြေပိုင်လုပ်ငန်းတစ်ခု ဖြစ်သော Far East Organization ကို ပိုင်ဆိုင်သည်။

အသားတင်တန်ဖိုး: $11.2 billion

အသက်: မသိရ

ကြွယ်ဝမှုရင်းမြစ်: အိမ်ခြံမြေ

4. Eduardo Saverin

eduardo saverin

ROSLAN RAHMAN/AFP via Getty Images

Saverin သည် Harvard ကျောင်းနေဖက် Mark Zuckerberg နှင့်အတူ ၂၀၀၄ ခုနှစ်တွင် ပူးတွဲထူထောင်ခဲ့သည်။

အသားတင်တန်ဖိုး: $13.3 billion

အသက်: ၃၈ နှစ်

ကြွယ်ဝမှုရင်းမြစ်: Facebook

 

3. Goh Cheng Liang

nippon paint holdings

REUTERS/Kim Kyung-Hoon

Goh သည် Nippon Paint Holdings တွင် ရှယ်ယာ ၃၉% ပိုင်ဆိုင်သည်။ Nippon Paint Holdings သည် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး သုတ်ဆေးထုတ်လုပ်သည့် လုပ်ငန်းကြီး ဖြစ်သည်။

အသားတင်တန်ဖိုး: $15.1 billion

အသက်: ၉၃ နှစ်

ကြွယ်ဝမှုရင်းမြစ်: သုတ်ဆေး

2. Zhang Yong

zhang yong singapore

Mai Shangmin/China News Service/Visual China Group via Getty Images

Yong သည် ဟော့ပေါ့ဆိုင်များ လုပ်ကိုင်သည့် Haidilao ပူးတွဲထူထောင်သူ ဖြစ်သည်။

အသားတင်တန်ဖိုး: $15.7 billion

အသက်: ၅၀ နှစ်

ကြွယ်ဝမှုရင်းမြစ်: စားသောက်ဆိုင်

1. Li Xiting

Vladimir Gerdo\TASS via Getty Images

Li သည် ဆေးပစ္စည်း စက်ကိရိယာလုပ်ငန်း  Mindray Medical ကို ထူထောင်သူနှင့် စီအီးအို ဖြစ်သည်။

အသားတင်တန်ဖိုး: $18.1 billion

အသက်: ၇၀ နှစ်

ကြွယ်ဝမှုရင်းမြစ်: ဆေးပစ္စည်း စက်ကိရိယာ

Read times
Rate this item
(0 votes)