Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့ဖလားပွဲမှာ အီကြာကွေး ကြော်ကျွေးတဲ့သူ

ကမ္ဘာ့ဖလားပွဲမှာ အီကြာကွေး ကြော်ကျွေးတဲ့သူ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အီကြာကွေး စားရဖို့ကလည်း ကမ္ဘာဖလားဘောလုံးပွဲနည်းတူ အရေးပါတယ်လို့ ယူဆတဲ့ တရုတ်အမျိုးသားတစ်ဦးက ဘောလုံးပွဲ ကျင်းပရာ ကာတာနိုင်ငံမှာ  အီကြာကွေး ကြော်ကျွေးနိုင်ဖို့ လိုအပ်တဲ့  အသင့်ကြော်စား အမှုန့်ထုပ်တွေ  ယူသွားပါတယ်။ ရိုးရာအစားအစာ အီကြာကွေးကို လမ်းဆွတ်နေတဲ့ ဝန်ထမ်းတွေကို သူက အီကြာကွေး ကြော်ပြီး ကျွေးမွေးခဲ့ပါတယ်။ 

သူယူသွားလို့ရတဲ့ ခရီးဆောင်သေတ္တာ အကန့်အသတ် ရှိနေတာကြောင့် လိုအပ်တဲ့ ပစ္စည်းအမယ်တွေကို ကာတာကို သွားတဲ့ တခြား လုပ်ဖော်ကိုင်ဖက်တွေကိုပါ ကူသယ်ခိုင်းခဲ့ပါတယ်။ 

 

ei_kyar_kway_1.jpg

.

လူကြိုက်များတဲ့ နံနက်စာ အီကြာကွေးတွေကို သူ့အတွက်သာမက ကာတာမှာ နေထိုင်ပြီး အလုပ်လုပ်နေကြတဲ့ တရုတ်တွေအတွက်ပါ ထည့်တွက်ပြီး သူက စီစဉ်ထားတာ ဖြစ်လို့  သယ်သွားတဲ့ အမှုန့်ထုပ်တွေက  စုစုပေါင်း ၉ ကီလိုဂရမ်ဝန်းကျင် အလေးချိန် ရှိပါတယ်။ 

.

ei_kyar_kway_2.jpg

သူ့အမည် Fan Yantao  ဖြစ်ပြီး ဘတ်စ်ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုမှာ လုပ်ကိုင်ပါတယ်။ သူအလုပ်လုပ်တဲ့ ကုမ္ပဏီရဲ့ ဘတ်စ်ကားတွေကို ကမ္ဘာ့ဖလားပွဲမှာ အသုံးပြုပါတယ်။ ကုမ္ပဏီက ဝန်ထမ်း ဦးရေ ၁၀၀ ကျော်ကို တစ်သုတ်ပြီးတစ်သုတ် ကာတာကို စေလွှတ်ထားပါတယ်။ တချို့က ကာတာမှာ ရောက်နေတာ ၉ လ ရှိနေပါပြီ။

ပြီးခဲ့တဲ့လမှာ ကာတာသို့ Fan Yantao ကို စေလွှတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေထံ ဖုန်းဆက်ပြီး လိုချင်တာရှိရင် မှာဖို့ ပြောတဲ့အခါ အိမ်ကို လွမ်းဆွတ်နေကြပြီး နံနက်တိုင်း စားနေကျ အီကြာကွေးကို စားချင်တယ်လို့ ပြောကြပါတယ်။ ကာတာမှာ လိုအပ်တဲ့ ပစ္စည်းအမယ်တွေ ဝယ်လို့ မရလို့ ကြော်မစားရကြောင်းလည်း ပြောပါတယ်။

 

ei_kyar_kway_42.jpg

 

Fan က ဆိုင်တွေမှာ အီကြာကွေးကြော်ဖို့ အမှုန့်တွေ အထုပ်ပေါင်း ၂၀ ကျော်တဲ့အထိ လိုက်ဝယ်ပါတယ်။ စုစုပေါင်း အလေးချိန် ၉ ကီလိုဝန်းကျင် ရှိပါတယ်။ 

အကောက်ခွန်က စစ်ဆေးတဲ့အခါ မသင်္ကာဖြစ်ပြီး ပြဿနာတက်မှာ စိုးတဲ့အတွက် တချို့အထုပ်တွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ လူကြုံ ထည့်ပေးလိုက်ပါတယ်။ တချို့အထုပ်တွေကို သူယူသွားမယ့် ခရီးဆောင်သေတ္တာထဲ ထည့်ပြီး သယ်ပါတယ်။ ကိုယ်နှင့်မကွာ ယူမယ့် အိတ်ထဲမှာလည် အထုပ်တချို့ကို ထည့်ပါတယ်။ 

သူ ကာတာကို ရောက်ရှိပြီး နောက်တစ်နေ့မှာ အီကြာကွေးတွေ ကြော်ပြီး လုပ်ဖော်ကိုင်ဖက်တွေကို ကျွေးမွေးခဲ့ပါတယ်။ 

"ကျနော့ လုပ်ဖော်ကိုင်ဖက်တွေက အီကြာကွေးတွေကို ပျော်ပျော်ကြီးစားနေတာကို  မြင်ရတော့ ငါလုပ်သမျှ အရာအားလုံးက လုပ်ရကျိုးနပ်တယ်လို့ ခံစားမိတယ်" လို့ သူက ပြောကြားပါတယ်။ 

.ei_kyar_kway_3.jpg

 

ပင်မအားကစားကွင်းတည်ဆောက်ခြင်းမှအစ ဘတ်စ်ကားများ ပေးပို့ ပြေးဆွဲပေးခြင်းအလယ်၊ အမှတ်တရပစ္စည်းများ ပြုလုပ်ခြင်းအထိ ကမ္ဘာ့ဖလားပွဲအတွက်   လုပ်ငန်းနယ်ပယ်အသီးသီးမှ တရုတ်ကုမ္ပဏီများ ကာတာနိုင်ငံမှာ လုပ်ကိုင်နေကြပါတယ်။ 

"ငါတို့ တရုတ်ပြည်က အစစအရာရာ အကုန်လုံး ကာတာကို ပေးပို့နိုင်တယ်။ မပို့နိုင်တာ နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းပဲ ရှိတယ်" လို့ တရုတ်လူမှုကွန်ရက် Weibo မှာ သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုပါတယ်။ 

Source SCMP

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 18 November 2022 21:51
Rate this item
(0 votes)