Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားစင်းကောချက်နည်း

ဒီကနေ့တင်ပြမည့် အကြောင်းကတော့ အရသာရှိပြီး အလွန်ရိုးရှင်းလွယ်ကူစေတဲ့

ကြက်သားစဉ်းကော ချက်နည်း ဖြစ်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ကြက်သားကို ကြိတ်ပြီးသား ၃၀ သားခန့်၊ ငရုတ်ပွ ၁လုံး၊ ခရမ်းချဉ်သီး ၁ လုံး၊ ငရုတ်သီးအနီ ၁ တောင့်၊ မှို ၅ ကျပ်သား၊ ကြက်သွန်ဖြူ ၁ လုံး၊ တရုတ်နံနံပင် အနည်းငယ်၊ ခရုဆီ အနည်းငယ်၊ ပဲငံပြာရည် အနည်းငယ်၊ ကြက်သားမှုန့်အနည်းငယ်၊ သကြားအနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်နှင့် ကော်မှုန့်အနည်းငယ်တို့ လိုအပ်ပါတယ်။

အရင်ဦးဆုံး ကြက်သွန်ဖြူကို အပြားရိုက်ထားပါ၊ ငရုတ်ပွနှင့် ခရမ်းချဉ်သီးကို အချပ်ငယ်များ လှီးဖြတ်ထားပါ။ ယင်းနောက် ငရုတ်သီးအနီကို ပါးပါးလှီးထားပါ။ ကော်မှုန့်ကို ရေဖျော်ထားပါ။ မှိုကိုလည်း နူးအောင်ပြုတ်ထားပါ။

၎င်းနောက် ဒယ်အိုးကိုအပူပေးပြီး ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ ပြီးလျှင်ကြက်သားကို ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်ပွ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးအနီကိုထည့်ပြီးဆီသတ်ပါ။

အနံ့များမွှေးလာပြီဆိုရင် အပေါ့အငန်မြည်းကြည့်ပါ။ မှိုထည့်ပါ။ တရုတ်နံနံပင်ကို အနံ့မွှေးစေဖို့အတွက် အပေါ်မှ အုပ်လိုက်ပါ။ အရသာအဆင်ပြေသွားပြီဆိုရင်တော့ ကော်မှုန့်ထည့်၊ တရုတ်နံနံ ထပ်ထည့်ကာ အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:48
Rate this item
(6 votes)