Chinese



ကော်ဖီထက် ပင်မှည့်က တွက်ခြေပိုကိုက်

 ကော်ဖီထက် ပင်မှည့်က တွက်ခြေပိုကိုက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်နိုင်ငံ  အလယ်ပိုင်းကုန်းမြင့် Gia Lai ခရိုင်ရှိ လယ်သမားများအကြား အမြတ်ရဖို့ ခက်ခဲလာနေသည့် ကော်ဖီအစား ရေပန်းစားနေသည့် ပင်မှည့် ပြောင်းလဲ စိုက်ပျိုးကြသူများ အရေအတွက် တိုးများလာသည်။

.

Gia Lai ခရိုက်သည် ဗီယက်နမ်၏ robusta ကော်ဖီ ထုတ်လုပ်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး နိုင်ငံကို ထိပ်တန်းကော်ဖီတင်ပို့သူအဖြစ် ကျော်ကြားမှု ရရှိစေပါသည်။

.

ခရိုင်တဝှမ်းတွင် ယခုအခါ ပင်မှည့်စိုက်သည့် ဧရိယာ ၅၀၀ ဟက်တာ ရှိနေပြီ ဖြစ်သည်။ Chu Pah တွင် ပင်မှည့် စိုက်ပျိုးမှု အများဆုံး ဖြစ်သည်။

 

photo_2023-04-11_17-40-27.jpg

ကော်ဖီခြံများနှင့် ပင်မှည့်ခြံများ 

 

Chu Pah မှ အသက် ၆၀ နှစ်အရွယ် လယ်သမား Ro Cham Ja သည် ၂၀၀၅ ခုနှစ်ကတည်းက သူစတင် စိုက်ပျိုးလုပ်ကိုင်ခဲ့သော ကော်ဖီခြံကို ဖျက်ဆီးလိုက်ပါသည်။

သူ့ခြံမှ ကော်ဖီပင်များသည် အိုနေပြီ ဖြစ်သဖြင့် အထွက်နှုန်း ကျနေသည်မှာ နှစ်ပေါင်း ၂၀ နီးပါး ရှိပြီဟု သူက ပြောကြားသည်။

.

ကော်ဖီအတွက် သွင်းအားစုကုန်ကျစရိတ်က အရမ်းများနေပြီး ကော်ဖီပင်များကို သူ့မိသားစုက   ဂရုတစိုက်ဖြင့် ထိန်းသိမ်းပေးနေရသည်မှာ ကရိကထ အလွန်များသည်ဟု သူက ဆိုသည်။

.

Ro Cham Vui က ခုတ်လဲထားသော ကော်ဖီပင် ၅၀၀ တို့၏ ပင်စည်များကို ထင်းတုံးများအဖြစ် သူ ရောင်းချသည်။

 

အကိုင်းနှင့် အရွက်များကို စုပုံပြီး မီးတင်ရှို့သည်။

.

Vui က ပင်မှည့်ခင်း စိုက်ပျိုးရန် အရင်းအနှီး ကန်ဒေါ်လာ ၂,၁၂၈ ကုန်ကျသည်။

 

photo_2023-04-11_17-40-23.jpg

ယခုအခါ ပင်မှည့်ခင်းသည် ၂၀ ရက် ရှိပြီ ဖြစ်သည်။

Vui က သူ့မိသားစုဟာ ပင်မှည့်သီးကို တစ်ခါမှ မစိုက်ပျိုးဖူးကြောင်း၊ ယခုအခါ ဈေးကောင်းရနေသဖြင့် စိုက်ပျိုးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဗီယက်နမ်တွင် ပင်မှည့်သီး ဈေးနှုန်းသည် တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁ သောင်း ရှိခဲ့ရာမှ ၂ ဆ ဈေးတက်ပြီး ဒေါင် နှစ်သောင်း ဖြစ်နေပြီ ဖြစ်သည်။ 

.

လယ်သမားအများအပြားသည် ခြောက်လကြာပြီးနောက် ၎င်းတို့၏ ပင်မှည့်သီး ခြံအသစ်ခံမှ  ဒေါင်ငွေ သန်းရာနှင့်ချီ၍ အမြတ်အစွန်းများရရှိသည်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းက ပြောသည်။

 .

Chu Pah မြို့ရှိ စိုက်ပျိုးရေးသမဝါယမ ဒါရိုက်တာ Le Van Thanh က လယ်သမားများသည် မည်သို့ရောင်းချရမည်ကို အစီအစဉ် သိလည်း မသိ ရှိလည်း မရှိဘဲ ပင်မှည့်ကို  ဇောက်ချစိုက်ပျိုးရန် အပြေးအလွှား လုပ်ဆောင်နေကြသည်ဟု ဆိုသည်။

ဗီယက်နမ်တွင် ပင်မှည့်သီး ဈေးနှုန်း မြင့်တက်သည်မှာ ပြည်ပပို့ကုန် ဖြစ်သွားသောကြောင့် ဖြစ်သည်။

.

ဗီယက်နမ်သည် ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်လက တရုတ်နိုင်ငံသို့ ပင်မှည့်သီး ရောင်းချရန် တရားဝင်ခွင့်ပြုချက်ရရှိခဲ့သည်။ ထို့ပြင် ပင်မှည့်သီးများကို အီးယူ၊ မလေးရှား၊ တောင်ကိုရီးယား အစရှိသည့် နိုင်ငံများသို့လည်း တင်ပို့သည်။

Source vnexpress 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Tuesday, 11 April 2023 17:46
Rate this item
(0 votes)