Chinese
Chinese Style ဝက်ဂုတ်သားကုန်းဘောင်ကြော်
ကုန်းဘောင်ကြီးကြော်ကို ၀က်သားနှင့် ကြိုက်သူများအတွက် ဆိုင်တွင်သွားရောက်သုံးဆောင်စရာ မလိုဘဲ
အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ၀က်ဂုတ်သားကုန်းဘောင်ကြီးကြော်ပြုလုပ်နည်းကို
ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ၀က်ဂုတ်သား၊ ကြက်သွန်နီ၊ ပန်းငရုတ်ပွ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ချင်း၊
တရုတ်မဆလာ၊ ဆား၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ သကြားတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ၀က်ဂုတ်သားကို ရေဆေးသန့်စင်ပြီး ပါးပါးလှီးပြီး ဆား၊ သကြား တို့နှင့် ရောနယ်ထားပါ။
ပြီးလျှင် ကြက်သွန်နီ၊ ပန်းငရုတ်ပွ၊ ခရမ်းချဉ်သီးကို လေးစိတ်စိတ်လှီးထားပါ။ ချင်းကိုလည်း အချောင်း
လေးများဖြစ်အောင် အခွံခွာပြီး လှီးထားပါ။
ပြီးနောက် ပူနေတဲ့ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး လှီးထားသောကြက်သွန်နီ၊ ပန်းငရုတ်ပွတို့ကို
အနည်းငယ်နွမ်းအောင်ကြော်ပြီးစစ်ထားပါ။ ခရမ်းချဉ်သီးကိုလည်း သီးသန့်ထည့်ကြော်ပြီးစစ်ထားပါ။
ပြီးရင်တော့ ဆီအနည်းငယ်ထပ်ဖြည့်ပြီး အချောင်းလိုက်လှီးထားသောချင်းကိုထည့်ကြော်ပါ။ အနည်းငယ်မွှေး
လာလျှင် ဝက်ဂုတ်သားတွေထည့်ကြော်လိုက်ပါ။
ပြီးလျှင် လိုအပ်သော အရသာများကို ထပ်ဖြည့်လိုက်ပါ။
နောက်မှ စစ်ယူထားသောအသီးအရွက်တွေထည့်ပြီး လှီးဖြတ်ထားသောကြက်သွန်မြိတ်လေးဖြူးထည့်လိုက်ပါ။
နောက်ဆုံးမှ တရုတ်မဆာလာမှုန့်လေးဖြူးပြီးရင်တော့ Chinese Style ၀က်ဂုတ်သားကုန်းဘောင်ကြီးကြော်ကို
ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။
Read more >>>> ကိုရီးယားစတိုင်လ် ၀က်သားကင်မ်ချီဟင်းရည်