Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံ​ဝက်သားပြတ်လပ်မှုကို မြို့ပြဝက်မွေးမြူရေးဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိ

တရုတ်သည် မြို့ပြဧရိယာများထဲတွင် ဝက်ခြံဇုန်များကို တည်ဆောက်နေသည်။

မွေးမြူရေးတိရစ္ဆာန်များ စွန့်ပစ်သည့် အညစ်အကြေးများကြောင့် မြို့နေလူထု ကျန်းမာရေး ထိခိုက်မည် စိုးရိမ်ရသဖြင့် မြို့ပြဧရိယာအတွင်း ဝက်မွေးမြူခွင့် မပြုသည့် မူဝါ'ကို ပြောင်းပြန်လှန်ပြီး ဝက်ခြံများကို ပြန်လည်ခွင့်ပြုသည့်အပြင် ပံ့ပိုးကူညီမှုများလည်း ပေးနေသည်။

 

ကမ္ဘာ့အကြီးမားဆုံး ၀ က်သားစားသုံးသည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် ၀ က်တုပ်ကွေးရောဂါ ကူးစက် ဖြစ်ပွားပြီးနောက် နိုင်ငံတစ်ဝန်း ဝက်များ အမြောက်အမြား ဆုံးရှုံးခဲ့သည်ကို အစားထိုးနိုင်ရန် နိုင်ငံတစ်လွှားတွင် စီမံချက်ဖြင့် ဝက်ကောင်ရေ သန်း ၂၀၀ မွေးမြူရန် ဝက်ခြံများ ထူထောင်နေသည်။ သို့သော် မြို့ဆင်ခြေဖုံးတွင် တည်ရှိသော ဝက်ခြံများအဖို့ သန့်ရှင်းရေးကို အထူးကြပ်မတ်ဆောင်ရွက် ရသဖြင့် ကုန်ကျစရိတ် မြင့်မားသည်။

 

Sifanghong Agriculture and Animal Husbandry ၏ ပိုင်ရှင်ဖြစ်သူ  Zu Sheng သည် ယခုနှစ်တွင် ဘီဂျင်း မြို့တော် ဆင်ခြေဖုံးတွင် ဝက်ခြံ ၁၁ ခု ထူထောင်သည်။ မြို့အပြင်ဘက် ၄၃ မိုင် ကွာဝေးသော နေရာတွင် ဝက်မွေးမြူရေးကို လုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်နှစ်လျှင် ဝက်ကောင်ရေ ခြောက်သောင်း မွေးမြူမည်ဖြစ်သည်။

 

"ကျွန်တော်တို့ဟာ ဘေဂျင်းမြို့သို့ အသားတင်ပို့မှုကို တည်ငြိမ်စေပြီး အသက်မွေးဝမ်းကျောင်းမှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ပါတယ်" ဟု သူက ပြောသည်။

 

မြို့ပြဝက်မွေးမြူရေး ၇ ထပ် အဆောက်အအုံ 

 

ထိပ်တန်းဝက်သားထုတ်လုပ်သူ New Hope Liuhe သည် Pinggu တွင် တစ်နှစ်လျှင် ဝက်ကောင်ရေ  ၁၅၀,၀၀၀ ထုတ်လုပ်ရန်အတွက် အထပ်များပါသော ဝက်မွေးမြူရေး အဆောက်အဦကို ဆောက်လုပ်နေသည်။ ဝက်ခြံ ၆ ခြံကို ပြန်လည်တည်ဆောက်နေပြီး တိုးချဲ့နေသည်ဟု  ပေကျင်းမြူနီစီပယ်အစိုးရက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

 

တရုတ်နိုင်ငံတွင် ဝက်သား မလုံလောက်ခြင်းကြောင့် ဝက်သားဈေးတက်လျှင် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်စေသည်။ ထိုအဖြစ်ကို ပြီးခဲ့သည့်နှစ် ၂၀၁၉ ခုနှစ်တွင် ကြုံခဲ့ရသည်။ သို့ဖြစ်ရာ 

 ၀ က်သား သည် စားနပ်ရိက္ခာဖူလုံမှုအတွက်အရေးကြီးသည်ဟု ယူဆသည်။ သို့ဖြစ်ရာ ဒေသတစ်ခုစီ၌ အနည်းဆုံလိုအပ်ချက်ကို အာမခံနိုင်ရန် ပြည်နယ်နှင့် အဓိကကျသည့် မြို့တိုင်းသည် ၀ က်သားထုတ်လုပ်မှုကို လိုအပ်သော အတိုင်းအတာ ရရှိတာ သေချာအောင်လုပ်ရမည်ဖြစ်သည်။

 

လူ ဦး ရေသန်း ၂၀ ကျော်နေထိုင်ရာပေကျင်းသည် ဝက်သားလိုအပ်ချက်၏ ၁၀ ပုံ ၁ ပုံမျှကိုဖြည့်ဆည်းရန် တစ်နှစ်လျှင် ဝက် ၈၉၀,၀၀၀ ထုတ်လုပ်ရန် ၂၀၂၂ ခုနှစ်တွင် လိုအပ်လိမ့်မည်ဟုယခုနှစ် ရေးဆွဲထားသောအစီအစဉ်တွင် ဖော်ပြထားသည်။ 

 

ထိုရည်မှန်းချက်များ ပြည့်မီရန်အတွက် မြို့အစိုးရသည် ဝက်ခြံအသစ်များအတွက် သင့်တော်သောနေရာများကို ရွေးချယ်ပြီး ဝက်များကို မွေးမြူရန် စီစဉ်ပေးလျက် ရှိသည်။

မြေနေရာရှာရန် ပုံမှန်အားဖြင့် လိုအပ်သော ခက်ခဲသည့် လုပ်ထုံးလုပ်နည်းများကိုလွယ်ကူချောမွေ့စေရန် စီစဉ်ပေးသည့်အပြင် ဝက်ခြံအတွက် မြေကွက်များကို လေလံဆွဲရန် ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သည်။

 

အခြားမြို့များနှင့်ဖွံ့ဖြိုးပြီးဒေသများသည်လည်း အလားတူတွန်းအားပေးနေကြသည်။ တရုတ်နိုင်ငံ အရှေ့တောင်ဘက် တွင် တည်ရှိသည့် လူဦးရေ ၈ သန်းရှိသော နန်ကျင်းသည် ဝက်သားထုတ်လုပ်မှုကို ၂၀၁၈ ခုနှစ်ထက် ၄ ဆ ပိုမိုမြင့်မားရန်အတွက် ဝက်ခြံ ၁၂ ခြံကို တည်ဆောက်နေသည်။

 

ရှန်ဟိုင်းတောင်ဘက်ကမ်းရိုးတန်းပြည်နယ် Zhejiang သည် ၂၀၁၈ ခုနှစ်ထက် ဝက်များ ၅၀ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ 

 

မြို့ပြနှင့်ပိုမိုနီးကပ်စွာရှိသော ဝက်ခြံများတွင် ဝက်မွေးမြူခြင်းသည် ယခင်ကပြုလုပ်ခဲ့သောပတ် ၀ န်းကျင်သန့်ရှင်းရေးကို ပြောင်းပြန်လှန်လိုက်ခြင်း ဖြစ်သည်။ ယခင်က အစိုးရသည် မြေယာများ ပိုမိုများပြားပြီး လူ ဦး ရေနည်းသော အရှေ့မြောက်ပိုင်းပြည်နယ်များဖြစ်ကြသည့် ဟိုင်လောင်ဂျန်ပြည်နယ်၊ ဂျီလင်၊ လျောင်းနင်နှင့်အတွင်းမွန်ဂိုလီးယားတို့တွင် အကြီးစားဝက်ခြံများကို တည်ဆောက်ရန် အားပေးခဲ့သည်။ 

ထိုနေရာများမှ ဝက်များကို မြို့ရှိ သားသတ်ရုံများသို့ ထရပ်ကားများဖြင့် သယ်ယူပို့ဆောင်ပေးသည်။ ဝက်သား လတ်လတ်ဆတ်ဆတ် ရရှိစေရန် ဝက်များကို အရှင် သယ်ယူပြီး မြို့မှာ ဝက်သားပေါ်ကြခြင်း ဖြစ်သည်။ အာဖရိကဝက်တုပ်ကွေး ပျံ့နှံ့ ကူးစက်သောအခါ ဝက် အရှင် သယ်ယူခြင်းများကို ပိတ်ပင်တားဆီးခဲ့သည်။ ထိုအခါ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ကုန်သည်။ ဝက် အရှင်များ မြို့ရှိ သားသတ်ရုံများသို့ ဝင်မလာတော့သဖြင့် မြို့များတွင် ဝက်သားဈေး ထိုးတက်ကုန်သည်။

ယခုအခါ မြို့ပြဧရိယာထဲတွင် ဝက်မွေးမြူသောအခါ ဝက်ခြံမှ ထွက်သည့် စွန့်ပစ်ရေဆိုးကို သန့်စင်ရေးစနစ် တည်ဆောက်ပေးထားရသည်။ အရည်ကို အခဲ ဖြစ်အောင် ထုတ်လုပ်ပြီး မြေဩဇာ အဖြစ် ပြောင်းလဲပေးရသည်။ ထို့အတွက် ကုန်ကျစရိတ် ရှိသည့်အပြင် ဝက်ခြံမှ ထွက်သည့် အနံ့ဆိုးများ ဖျောက်ရန်အတွက်လည်း ဆောင်ရွက်ရသည်။ အပြည့်အဝ အနံ့ပျောက်အောင် လုပ်၍ မရသော်လည်း ၇၀ ရာခိုင်နှုန်းအထိ လုပ်ပေးနိုင်သည်။ ထို့အတွက်လည်း ကုန်ကျစရိတ်ရှိသည်။ သို့ဖြစ်ရာ မြို့ပြဧရိယာထဲတွင် ဝက်ခြံလုပ်ကိုင်ခြင်းကို ငွေကြေးအရ တတ်နိုင်သည့်အပြင် နည်းပညာပိုင်းတွင်လည်း လုပ်ကိုင်ပေးနိုင်သော လုပ်ငန်းများသာ လုပ်ကိုင်ကြကြောင်း တွေ့ရသည်။ 

 

တ႐ုတ္သည္ ၿမိဳ႕ျပဧရိယာမ်ားထဲတြင္ ဝက္ၿခံဇုန္မ်ားကို တည္ေဆာက္ေနသည္။

ေမြးျမဴေရးတိရစာၦန္မ်ား စြန႔္ပစ္သည့္ အညစ္အေၾကးမ်ားေၾကာင့္ ၿမိဳ႕ေနလူထု က်န္းမာေရး ထိခိုက္မည္ စိုးရိမ္ရသျဖင့္ ၿမိဳ႕ျပဧရိယာအတြင္း ဝက္ေမြးျမဴခြင့္ မျပဳသည့္ မူဝါ'ကို ေျပာင္းျပန္လွန္ၿပီး ဝက္ၿခံမ်ားကို ျပန္လည္ခြင့္ျပဳသည့္အျပင္ ပံ့ပိုးကူညီမႈမ်ားလည္း ေပးေနသည္။

ကမာၻ႔အႀကီးမားဆုံး ၀ က္သားစားသုံးသည့္ ႏိုင္ငံျဖစ္ေသာ တ႐ုတ္ႏိုင္ငံသည္ ၂၀၁၈ ခုႏွစ္တြင္ ၀ က္တုပ္ေကြးေရာဂါ ကူးစက္ ျဖစ္ပြားၿပီးေနာက္ ႏိုင္ငံတစ္ဝန္း ဝက္မ်ား အေျမာက္အျမား ဆုံးရႈံးခဲ့သည္ကို အစားထိုးႏိုင္ရန္ ႏိုင္ငံတစ္လႊားတြင္ စီမံခ်က္ျဖင့္ ဝက္ေကာင္ေရ သန္း ၂၀၀ ေမြးျမဴရန္ ဝက္ၿခံမ်ား ထူေထာင္ေနသည္။ သို႔ေသာ္ ၿမိဳ႕ဆင္ေျခဖုံးတြင္ တည္ရွိေသာ ဝက္ၿခံမ်ားအဖို႔ သန႔္ရွင္းေရးကို အထူးၾကပ္မတ္ေဆာင္႐ြက္ ရသျဖင့္ ကုန္က်စရိတ္ ျမင့္မားသည္။

Sifanghong Agriculture and Animal Husbandry ၏ ပိုင္ရွင္ျဖစ္သူ Zu Sheng သည္ ယခုႏွစ္တြင္ ဘီဂ်င္း ၿမိဳ႕ေတာ္ ဆင္ေျခဖုံးတြင္ ဝက္ၿခံ ၁၁ ခု ထူေထာင္သည္။ ၿမိဳ႕အျပင္ဘက္ ၄၃ မိုင္ ကြာေဝးေသာ ေနရာတြင္ ဝက္ေမြးျမဴေရးကို လုပ္ကိုင္ေနျခင္းျဖစ္ၿပီး တစ္ႏွစ္လွ်င္ ဝက္ေကာင္ေရ ေျခာက္ေသာင္း ေမြးျမဴမည္ျဖစ္သည္။

"ကြၽန္ေတာ္တို႔ဟာ ေဘဂ်င္းၿမိဳ႕သို႔ အသားတင္ပို႔မႈကို တည္ၿငိမ္ေစၿပီး အသက္ေမြးဝမ္းေက်ာင္းမႈေတြကို ကာကြယ္ဖို႔ ရည္႐ြယ္ပါတယ္" ဟု သူက ေျပာသည္။

ၿမိဳ႕ျပဝက္ေမြးျမဴေရး ၇ ထပ္ အေဆာက္အအုံ

ထိပ္တန္းဝက္သားထုတ္လုပ္သူ New Hope Liuhe သည္ Pinggu တြင္ တစ္ႏွစ္လွ်င္ ဝက္ေကာင္ေရ ၁၅၀,၀၀၀ ထုတ္လုပ္ရန္အတြက္ အထပ္မ်ားပါေသာ ဝက္ေမြးျမဴေရး အေဆာက္အဦကို ေဆာက္လုပ္ေနသည္။ ဝက္ၿခံ ၆ ၿခံကို ျပန္လည္တည္ေဆာက္ေနၿပီး တိုးခ်ဲ႕ေနသည္ဟု ေပက်င္းျမဴနီစီပယ္အစိုးရက ႐ိုက္တာ သတင္းဌာနသို႔ ေျပာၾကားသည္။

တ႐ုတ္ႏိုင္ငံတြင္ ဝက္သား မလုံေလာက္ျခင္းေၾကာင့္ ဝက္သားေဈးတက္လွ်င္ ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ေစသည္။ ထိုအျဖစ္ကို ၿပီးခဲ့သည့္ႏွစ္ ၂၀၁၉ ခုႏွစ္တြင္ ႀကဳံခဲ့ရသည္။ သို႔ျဖစ္ရာ

၀ က္သား သည္ စားနပ္ရိကၡာဖူလုံမႈအတြက္အေရးႀကီးသည္ဟု ယူဆသည္။ သို႔ျဖစ္ရာ ေဒသတစ္ခုစီ၌ အနည္းဆုံလိုအပ္ခ်က္ကို အာမခံႏိုင္ရန္ ျပည္နယ္ႏွင့္ အဓိကက်သည့္ ၿမိဳ႕တိုင္းသည္ ၀ က္သားထုတ္လုပ္မႈကို လိုအပ္ေသာ အတိုင္းအတာ ရရွိတာ ေသခ်ာေအာင္လုပ္ရမည္ျဖစ္သည္။

လူ ဦး ေရသန္း ၂၀ ေက်ာ္ေနထိုင္ရာေပက်င္းသည္ ဝက္သားလိုအပ္ခ်က္၏ ၁၀ ပုံ ၁ ပုံမွ်ကိုျဖည့္ဆည္းရန္ တစ္ႏွစ္လွ်င္ ဝက္ ၈၉၀,၀၀၀ ထုတ္လုပ္ရန္ ၂၀၂၂ ခုႏွစ္တြင္ လိုအပ္လိမ့္မည္ဟုယခုႏွစ္ ေရးဆြဲထားေသာအစီအစဥ္တြင္ ေဖာ္ျပထားသည္။

ထိုရည္မွန္းခ်က္မ်ား ျပည့္မီရန္အတြက္ ၿမိဳ႕အစိုးရသည္ ဝက္ၿခံအသစ္မ်ားအတြက္ သင့္ေတာ္ေသာေနရာမ်ားကို ေ႐ြးခ်ယ္ၿပီး ဝက္မ်ားကို ေမြးျမဴရန္ စီစဥ္ေပးလ်က္ ရွိသည္။

ေျမေနရာရွာရန္ ပုံမွန္အားျဖင့္ လိုအပ္ေသာ ခက္ခဲသည့္ လုပ္ထုံးလုပ္နည္းမ်ားကိုလြယ္ကူေခ်ာေမြ႕ေစရန္ စီစဥ္ေပးသည့္အျပင္ ဝက္ၿခံအတြက္ ေျမကြက္မ်ားကို ေလလံဆြဲရန္ ကုမၸဏီမ်ားကို ဖိတ္ေခၚခဲ့သည္။

အျခားၿမိဳ႕မ်ားႏွင့္ဖြံ႕ၿဖိဳးၿပီးေဒသမ်ားသည္လည္း အလားတူတြန္းအားေပးေနၾကသည္။ တ႐ုတ္ႏိုင္ငံ အေရွ႕ေတာင္ဘက္ တြင္ တည္ရွိသည့္ လူဦးေရ ၈ သန္းရွိေသာ နန္က်င္းသည္ ဝက္သားထုတ္လုပ္မႈကို ၂၀၁၈ ခုႏွစ္ထက္ ၄ ဆ ပိုမိုျမင့္မားရန္အတြက္ ဝက္ၿခံ ၁၂ ၿခံကို တည္ေဆာက္ေနသည္။

ရွန္ဟိုင္းေတာင္ဘက္ကမ္း႐ိုးတန္းျပည္နယ္ Zhejiang သည္ ၂၀၁၈ ခုႏွစ္ထက္ ဝက္မ်ား ၅၀ ရာခိုင္ႏႈန္း ပိုမိုထုတ္လုပ္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ ရွိသည္။

ၿမိဳ႕ျပႏွင့္ပိုမိုနီးကပ္စြာရွိေသာ ဝက္ၿခံမ်ားတြင္ ဝက္ေမြးျမဴျခင္းသည္ ယခင္ကျပဳလုပ္ခဲ့ေသာပတ္ ၀ န္းက်င္သန႔္ရွင္းေရးကို ေျပာင္းျပန္လွန္လိုက္ျခင္း ျဖစ္သည္။ ယခင္က အစိုးရသည္ ေျမယာမ်ား ပိုမိုမ်ားျပားၿပီး လူ ဦး ေရနည္းေသာ အေရွ႕ေျမာက္ပိုင္းျပည္နယ္မ်ားျဖစ္ၾကသည့္ ဟိုင္ေလာင္ဂ်န္ျပည္နယ္၊ ဂ်ီလင္၊ ေလ်ာင္းနင္ႏွင့္အတြင္းမြန္ဂိုလီးယားတို႔တြင္ အႀကီးစားဝက္ၿခံမ်ားကို တည္ေဆာက္ရန္ အားေပးခဲ့သည္။

ထိုေနရာမ်ားမွ ဝက္မ်ားကို ၿမိဳ႕ရွိ သားသတ္႐ုံမ်ားသို႔ ထရပ္ကားမ်ားျဖင့္ သယ္ယူပို႔ေဆာင္ေပးသည္။ ဝက္သား လတ္လတ္ဆတ္ဆတ္ ရရွိေစရန္ ဝက္မ်ားကို အရွင္ သယ္ယူၿပီး ၿမိဳ႕မွာ ဝက္သားေပၚၾကျခင္း ျဖစ္သည္။ အာဖရိကဝက္တုပ္ေကြး ပ်ံ႕ႏွံ႔ ကူးစက္ေသာအခါ ဝက္ အရွင္ သယ္ယူျခင္းမ်ားကို ပိတ္ပင္တားဆီးခဲ့သည္။ ထိုအခါ ကုန္စည္စီးဆင္းမႈမ်ား ျပတ္ေတာက္ကုန္သည္။ ဝက္ အရွင္မ်ား ၿမိဳ႕ရွိ သားသတ္႐ုံမ်ားသို႔ ဝင္မလာေတာ့သျဖင့္ ၿမိဳ႕မ်ားတြင္ ဝက္သားေဈး ထိုးတက္ကုန္သည္။

ယခုအခါ ၿမိဳ႕ျပဧရိယာထဲတြင္ ဝက္ေမြးျမဴေသာအခါ ဝက္ၿခံမွ ထြက္သည့္ စြန႔္ပစ္ေရဆိုးကို သန႔္စင္ေရးစနစ္ တည္ေဆာက္ေပးထားရသည္။ အရည္ကို အခဲ ျဖစ္ေအာင္ ထုတ္လုပ္ၿပီး ေျမဩဇာ အျဖစ္ ေျပာင္းလဲေပးရသည္။ ထို႔အတြက္ ကုန္က်စရိတ္ ရွိသည့္အျပင္ ဝက္ၿခံမွ ထြက္သည့္ အနံ႔ဆိုးမ်ား ေဖ်ာက္ရန္အတြက္လည္း ေဆာင္႐ြက္ရသည္။ အျပည့္အဝ အနံ႔ေပ်ာက္ေအာင္ လုပ္၍ မရေသာ္လည္း ၇၀ ရာခိုင္ႏႈန္းအထိ လုပ္ေပးႏိုင္သည္။ ထို႔အတြက္လည္း ကုန္က်စရိတ္ရွိသည္။ သို႔ျဖစ္ရာ ၿမိဳ႕ျပဧရိယာထဲတြင္ ဝက္ၿခံလုပ္ကိုင္ျခင္းကို ေငြေၾကးအရ တတ္ႏိုင္သည့္အျပင္ နည္းပညာပိုင္းတြင္လည္း လုပ္ကိုင္ေပးႏိုင္ေသာ လုပ္ငန္းမ်ားသာ လုပ္ကိုင္ၾကေၾကာင္း ေတြ႕ရသည္။

Read times
Rate this item
(0 votes)