Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းပေါင်းပြုလုပ်နည်း

ဒီကနေ့တော့ တရုတ်အစားအစာဖြစ်တဲ့ အလွယ်ဆုံး ထမင်းပေါင်းပြုလုပ်နည်းလေးကို

တင်ပြပေးလိုက်ပါတယ်။

လိုအပ်မည့်အမယ်များကတော့ ကြက်သား/၀က်သား၊ ဂျင်း၊ ပန်းဂေါ်ဖီ၊ ပဲသီး၊ မုန်လာဥနီ၊ ပြောင်းဖူးအသေး၊ ခရမ်းချဉ်သီး၊ မှို၊ ဂျုံမှုန့်၊ ပဲငံပြာရည်၊ ခရု၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငြုပ်ကောင်း၊ ကြက်သားမှုန့်၊ ဆား၊ တရုတ်မဆလာ၊ ခရုဆီ၊ ငုံးဥနှင့် ငဖယ်လုံးတို့ လိုအပ်ပါတယ်။

ကြက်သားကို သန့်စင်အောင်ရေဖြင့်ဆေးကြောပြီး ဆား၊ ဂျင်း၊ ကြက်သွန်ဖြူတို့နှင့်ရောပြုတ်ထားပါ။ ကြက်သားကြက်လာလျှင် အတုံးလေးဖြစ်အောင် လှီးထားပါ။ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပါ။

အသား၊ ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့်၊ တရုတ်မဆလာ၊ ငြုပ်ကောင်းမှုန့်နယ်ပြီး နပ်ထားပါ။

ကြက်သွန်ဖြူကို ဓားဖြင့်ထုထားပါ။ ကြက်သွန်နီကို လေးစိတ်စိတ်ထားပါ။ ခရမ်းချဉ်သီးကိုပါးပါးလှီးထားပါ။

လှီးထားပြီးသားကို ဆီပူထဲထည့်ပြီး ဆီသတ်ထားပါ။ ပြီးလျှင် အသားများထည့် ရေအနည်းငယ်ထည့်ပြီး အသားနူးသည်အထိထားပါ။ အသီးအရွက်များကို လှီးဖြတ်ထားပါ။ ပြီးနောက် ငုံးဥနှင့် ပဲပြားကို ထပ်ထည့်ပါ။

ရေနည်းနည်းထည့်၊ ပဲငံပြာရည်၊ ခရုဆီနှင့် ကော်ရည်ထည့်ပေးပါ။ ပြီးနောက် ထမင်းပူပေါ်သို့ လောင်းထည့်ပြီး ငြုတ်ကောင်းမှုန့်ဖြူးလိုက်ရင်ဖြင့် အရသာအလွန်ရှိသော ထမင်းပေါင်းကို သုံးဆောင်နိုင်ပါပြီ။



Read times Last modified on Thursday, 13 September 2018 16:44
Rate this item
(1 Vote)