Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံ ငှက်ပျောတင်သွင်းမှု အောက်တိုဘာလတွင် တန်ချိန် ၁၂၃,၉၀၀ ရှိ

၂၀၂၁ အောက်တိုဘာလတွင် တရုတ်နိုင်ငံ ပြည်ပငှက်ပျောသီး တင်သွင်းမှု တန်ချိန် ၁၂၃,၉၀၀ ရှိသည်။

ယခင်လဖြစ်သော စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက ၅.၇% လျော့ကျခဲ့ပါသည်။
လာအိုမှ တင်သွင်းသည့် ပမာဏတန်ချိန် ၄၁,၈၂% လျော့ကျခဲ့သည်။
ဖိလစ်ပိုင်သည် တရုတ်ပြည်သို့ ငှက်ပျောအများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်လာသည်။ အောက်တိုဘာလတွင် ပြည်ပငှက်ပျောသီး တင်သွင်းမှု၏ ၅၀% ဝန်းကျင်သည့် ဖိလစ်ပိုင်မှ တင်သွင်းခြင်း ဖြစ်သည်။
ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လက်တင်အမေရိကတို့မှလည်း ငှက်ပျောသီးများ တင်သွင်းသည်။
လက်တင်အမေရိကမှ အီကွေဒေါသည် ပြည်ပငှက်ပျာသီး တင်သွင်းမှုတွင် ဒုတိယအများဆုံး ဖြစ်လာသည်။ ဝေစု ၁၉% ရထားသည်။ ကမ္ဘောဒီးယားသည် ၁၇% ဖြင့် တတိယနေရာတွင် ရောက်ရှိပါသည်။

အီကွေဒေါသည် ပြည်ပသို့ ငှက်ပျောသီးတင်ပို့ရာ၌ အလွန်ကောင်းမွန်သော ငှက်ပျောသီး ပြည်ပပို့ကုန် စနစ်ရှိသည်။ အသီးအရည်အသွေးလည်း မြင့်မားသည်။ အီကွေဒေါမှ ပြည်ပတင်ပို့သည့် ငှက်ပျောသီးများသည် အခွံထူသည်။ အရွယ်ကြီးသည်။ တစ်မူထူးခြား အရသာ ပိုင်ဆိုင်ထားသည်။ ထို့အတွက်ကြောင့် တရုတ်ဈေးကွက်တွင် လူကြိုက်များသည်။
လာအိုသည် ကိုဗစ်ကြောင့် ငှက်ပျောခင်းများ ထုတ်လုပ်နိုင်မှု ကျဆင်းသည့်အပြင် နယ်ခြားဂိတ် ပိတ်ထားသဖြင့် တင်ပို့မှုပမာဏ ထိုးကျသွားခဲ့သည်။ နိုဝင်ဘာလတွင် အခြေအနေ ပြန်ကောင်းမည်ဟု မျှော်လင့်သည်။

နယ်ခြားဂိတ်များ ပိတ်ထးခြင်းကြောင့် အိမ်နီးနားချင်းနိုင်ငံများမှာ ငှက်ပျော အဝင် လျော့ကျသည်။ ပြည်တွင်း စိုက်ပျိုး ထုတ်လုပ်မှုလည်း လျော့ကျသည်ဖြစ်ရာ ပရီမီယံ ငှက်ပျောသီးများ ဈေးတက်သည်။
Guangxi မှ ထွက်သော ပရီမီံယံငှက်ပျောသီး တစ်ကီလို ၆ ယွမ် ကျော်သည်။ ယူနန်မှ လာသေ ငှက်ပျောသီး တစ်ကီလို ၅ ယွမ်အထိ ဈေးပေါက်သည်။
ဈေးအသက်သာဆုံး ငှက်ပျောသီးများ မြန်မာနိုင်ငံမှ တင်သွင်းသည်။ တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင် ရှိသည်။ ကိုဗစ်ကြောင့် နယ်ခြားဂိတ် ပိတ်ထားသဖြင့် တင်သွင်းမှု လျော့ကျနေသည်။

 

 

Read times
Rate this item
(0 votes)