Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ပန်းဂေါ်ဖီစိမ်းနှင့် မှိုကော်ရည်ဟင်း

ဟင်းသီးဟင်းရွက်ကြိုက်နှစ်သက်သူများအတွက် Chinese Style ပန်းဂေါ်ဖီစိမ်းနှင့် မှိုကော်ရည်ဟင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ပန်းမုန်လာစိမ်း၊ မှိုမဲအစို၊ မုန်လာဥနီ၊ ၀က်ခေါက်ကြော်၊ ကော်မှုန့်၊ ခရုဆီ၊ ဆား၊ သကြား၊ ကော်ရည်တို့ လိုအပ်ပါမယ်။

ပထမဆုံး ပန်းဂေါ်ဖီစိမ်းများကို ရေဆေး၊ ခဏပြုတ်ပြီး အအေးခံထားပါ။ ပြီးနောက် မှိုကော်ရည်ချက်ရန်အတွက် မှိုမဲအစိုကို ရေစိမ်ထားပါ။

ပြီးလျှင် ပန်းကန်တစ်ခုထဲ ကော်မှုန့်၊ ခရုဆီ၊ ဆား၊ သကြားအနည်းငယ်စီတို့ကို ရေဖြင့်ဖျော်ထားပါ။ ပြီးနောက် မှို၊ မုန်လာဥနီကိုအရင်ကြော်ပါ။ 

မှို နွမ်းလာပါက ကော်ရည်လောင်းထည့်လိုက်ပါ။ ပြီးလျှင် ၀က်ခေါက်ကြော်ထည့်လိုက်ပါ။

ဝက်ခေါက်များအိပြီး ကော်ရည်ပျစ်လာပါက ပန်းဂေါ်ဖီစိမ်းကို ထည့်လိုက်ပါ။

နူးပြီဆိုရင်တော့ မီးဖိုပေါ်မှချ၍ ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:09
Rate this item
(2 votes)