Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံတွင် အော်ဂဲနစ်ထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်တက်လာသည့် ဒိန်းမတ်စားသောက်ကုန်ကဏ္ဍ

တရုတ်နိုင်ငံတွင် အော်ဂဲနစ်ထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်တက်လာသည့် ဒိန်းမတ်စားသောက်ကုန်ကဏ္ဍ shine.cn

တရုတ်နိုင်ငံတွင် အော်ဂဲနစ်ထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်တက်လာသဖြင့် ၎င်းထုတ်ကုန်များထုတ်လုပ်မှုတွင်

တရုတ်ဘက်မှ လုပ်ငန်း မိတ်ဖက်များနှင့် လုပ်ငန်းလုပ်ကိုင်သွားရန် ဒိန်းမတ်နိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်သူများက ယုံကြည်မှုမြင့်မားလျက်ရှိကြသည်။

 

" တရုတ်နိုင်ငံရဲ့ လူလတ် တန်းစားမိသားစုများအကြား စားသောက်ကုန်စိတ်ချလုံခြုံရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော ထုတ်ကုန်များဖြစ်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီမှုရှိစွာထုတ်လုပ်ထားသည့် ကုန်စည်ဖြစ်စေရေးစသည့် စိတ်ပူပန်မှုများတိုးပွားလာသည်ကို မြင်တွေ့နေကြရသည်။ ဒါ့ကြောင့် ဒိန်းမတ် နိုင်ငံထုတ် အော်ဂဲနစ်ထုတ်ကုန်တွေက ဝယ်လိုအားမြင့်မားလာသည် " 

 

" မကြာသေးမီက ဒိန်းမတ်နိုင်ငံမှ ကောက်ခံခဲ့သော ဈေးကွက်စစ်တမ်း၌ တရုတ်နိုင်ငံမှ ဆုံးဖြတ်ချက်ချမှတ်သူများ၏ (၈၀) ရာခိုင်နှုန်းက ထုတ်ကုန် တစ်ခု၏ ပင်ရင်းနိုင်ငံအပေါ် များစွာအလေးထားကြသည်ကို တွေ့ရှိခဲ့သည်။ ဒါက ဒိန်းမတ်နိုင်ငံနှင့် လုပ်ငန်းလက်တွဲဆောင်ရွက်နေကြသည့် တရုတ်လုပ်ငန်းရှင်တွေက ဒိန်းမတ်နိုင်ငံအပေါ် ယုံကြည်မှုမြင့်မားစွာထားရှိနေကြခြင်း ဖြစ်သည် " 

 

" ပတ်ဝန်းကျင်၊ သဘာဝနှင့်ရာသီဉတုတို့အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အလေးထားသည့် အော်ဂဲနစ်ထုတ်ကုန်များကို ပိုမိုထုတ်လုပ်ဖို့က လိုအပ်ချက်ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းမှ ဝယ်ယူသူများအတွက် အစဉ်ဖွံ့ဖြိုး တိုးတက်မှုက အရေးပါပြီး ပိုမိုကောင်းမွန်သော အနာဂတ်နှင့် ပိုမိုစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော အနာဂတ်တို့အား ဖန်တီးနိုင်သည့်အခြေအနေသို့ ရောက်ရှိစေရန် လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ရေးတို့မှာ နောက်ထပ်ခြေလှမ်းအဖြစ် အမှန်တကယ်အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသည် "လို့ ဒိန်းမတ်စားသောက်ကုန်လုပ်ငန်းစုမှ ဈေးကွက်မြှင့်တင်ရေးအတွက် တာဝန်ယူထားသည့် CEO Lise Walbomက ပြောကြားခဲ့သည်။

 

ဒိန်းမတ်နိုင်ငံသည် ၁၉၈၇ ခုနှစ်မှစ၍ အော်ဂဲနစ်စားသောက်ကုန် ထုတ်လုပ်မှုအပေါ် နိုင်ငံတော်အဆင့် ဥပဒေပြဌာန်း၍ အကောင်အထည်ဖော်နေသည့် ကမ္ဘာပေါ်တွင် ဦးဆောင်နေသောနိုင်ငံဖြစ်သည်။ နိုင်ငံတော်က သတ်မှတ်ပေးထားသော "ecology-label" တံဆိပ်သည် " စိုက်ပျိုးသူမှသည် စားသုံးသူအထိ ကုန်စည်ထုတ်လုပ်ပံ့ပိုးသည့် ကွင်းဆက်တစ် လျှောက် အော်ဂဲနစ်စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီကြောင်း " အတည်ပြုထားသည်။

 

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဒိန်းမတ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ဝက်သားနှင့် ဆေးဝါးပစ္စည်းများအား အမေရိကန်ဒေါ်လာ (၃.၄၇) ဘီလီယံဖိုး တင်ပို့ခဲ့ကာ၊ ယခင်နှစ် ကထက် (၂၄.၈) ရာခိုင်နှုန်းတိုးတက်လာသည်ဟု စက်တင်ဘာလ (၈)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဒိန်းမတ်စာရင်းများအရ သိရသည်။

 

By Myanmar Food Guide

 

Ref : shine.cn

Read times
Rate this item
(0 votes)