Chinese



ကမ္ဘောဒီးယားဆန် ပထမ ၅ လတွင် ဒေါ်လာ သန်း ၂၀၀ ဖိုး တင်ပို့

ကမ္ဘောဒီးယားဆန် ပထမ ၅ လတွင် ဒေါ်လာ သန်း ၂၀၀ ဖိုး တင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘောဒီးယားသည် ယခုနှစ် ပထမငါးလအတွင်း နိုင်ငံနှင့် ဒေသပေါင်း ၅၀ သို့ ဆန် ၂၇၈,၁၈၄ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၁၉၁ ဒသမ ၆ သန်း ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် Cambodia Rice Federation (CRF) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါသည်။

 

တရုတ်အများဆုံး

 

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန်အတွက် အကြီးမားဆုံး ဈေးကွက်ဖြစ်ပါသည်။

ယခုနှစ် ပထမငါးလအတွင်း ကမ္ဘောဒီးယားဆန်တန်ချိန် ၁၁၈,၀၄၁ တန်ကို ဝယ်ယူခဲ့ပြီး ယင်းကာလအတွင်း စုစုပေါင်း ကမ္ဘောဒီးယားဆန် တင်ပို့မှု ပမာဏ၏ ၄၂ ဒသမ ၄၃ ရာခိုင်နှုန်း ရှိသည်။

 

ဆန်အမျိုးအစားများ

 

ပြည်ပသို့ တင်ပို့သည့် ဆန်အမျိုးအစားများမှာ ပရီမီယံဆန်မွှေး၊ ဆန်မွှေးဆန်၊ ဆန်ဖြူ၊ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန် တို့ ဖြစ်ပါသည်။

 

ဝယ်လက်အသစ်

 

ဖိလစ်ပိုင်သည် ကမ္ဘောဒီးယား၏ ဆန်ဈေးကွက်အသစ် ဖြစ်လာခဲ့ပါသည်။ မေလတွင် ဖိလစ်ပိုင်သို့  ပထမဆုံးအ‌နေဖြင့် ၂,၅၇၅ တန် တင်ပို့ခဲ့သည်။

 

ရည်မှန်းချက်

ကမ္ဘောဒီးယားသည် ယမန်နှစ်က ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသ ၅၉ ခုသို့ ဆန် ၆၃၇,၀၀၄ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၁၄ သန်း ရရှိခဲ့သည်။

CRF သည် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၇သိန်းခွဲ တင်ပို့ရန် ရည်မှန်းချက် ချမှတ်ထားသည်။

 Source Khmertimeskh 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 10 June 2023 12:27
Rate this item
(0 votes)