Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အစားအစာဖြစ်တဲ့ သက်သတ်လွတ် ပဲလိပ်ချိုချဉ်ကြော်

ပဲလိပ်ချောင်းကို သုံးပြီး သက်သတ်လွတ်စားတဲ့ တရုတ်လူမျိုးတွေရဲ့ ချက်နည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပဲပြားလိပ်ချောင်း၊ နာနတ်သီး၊ ငရုတ်တောင့်ပွအနီ၊ ငရုတ်တောင့်ပွအစိမ်း၊ ငရုတ်တောင့်ပွအဝါ၊ ကြက်သွန်မြိတ်၊ ချင်း၊ ဆီ တို့လိုအပ်ပြီး ချိုချဉ်ကြော်အတွက် သကြား၊ ငရုတ်သီးဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်၊ ပဲငံပြာရည်၊ သက်သတ်လွတ်ဟင်းခတ်မှုန့်၊ ပြောင်းဖူးမှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပဲလိပ်ကို အရှည်လိုက်ဖြတ်ပြီး ရေနွေးနဲ့ စိမ်ထားပါ။ ပျော့လာလျှင် ဆယ်ယူထားပါ။

 

ပြီးလျှင် ပြောင်းဖူးမှုန့်နှင့် ရေမှလွဲ၍ ဆော့စ်အတွက် လိုအပ်တဲ့ သကြား၊ ငရုတ်သီးဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်၊ ပဲငံပြာရည်၊ သက်သတ်လွတ်ဟင်းခတ်မှုန့် ပါဝင်ပစ္စည်းတွေကို ဦးစွာ ပန်းကန်လုံးထဲ ထည့်ပြီး မွှေထားပါ။

Read more >>>>>  Chinese Style ဝက်သားပဲလိပ်ကြော်

 

ပြီးနောက် လက်နဲ့ကိုင်လို့ရတဲ့ အနေအထားမှာ ပဲလိပ်ကို လက်ဖြင့်ဆုပ်ပြီး ရေညှစ်ပါ။

 

ပြီးလျှင် ကြက်သွန်မြိတ် အဖြူရောင်အပိုင်းကို ပါးပါးလှီးပြီး အစိမ်းရောင်အပိုင်းကို တစ်လက်မအရွယ် ဖြတ်ထားပါ။

 

ပြီးနောက် ဒယ်အိုးထဲ ဆီထည့်ပြီး ရေနွေးစိမ်ထားတဲ့ ပဲလိပ်ကို ထည့်ပြီး ကြော်ပါ။

 

ပြီးလျှင် ပါးပါးလှီးထားတဲ့ ချင်း၊ အရှည်လိုက်ဖြတ်ထားတဲ့ ကြက်သွန်မြိတ် အဖြူပိုင်း ထည့်ပြီး မွှေပါ။

 

ပြီးနောက် အနံ့မွှေးလာသည်နှင့် ငရုတ်တောင့်ပွအနီ၊ ငရုတ်တောင့်ပွအစိမ်း၊ ငရုတ်တောင့်ပွအဝါ လှီးထားတာကို ထည့်လိုက်ပါ။

 

ပြီးလျှင် အားလုံးနှံ့အောင်မွှေပြီး ရောစပ်ထားတဲ့ ဆော့စ်ထည့်ပြီး မွှေပါ။

 

ပြီးနောက်  ပြောင်းဖူးမှုန့်ကို ရေနဲ့ဖျော်ပြီး ထည့်မွှေပါ။

 

ပြီးလျှင် ဆော့စ်က တဖြည်းဖြည်းနဲ့ ပျစ်လာပါမယ်။

 

ပြီးနောက် ဆော့စ်ပျစ်လာတာနဲ့ နာနတ်သီးနဲ့ ကျန်တဲ့ကြက်သွန်မြိတ်ထည့်ပြီး မွှေပါ။

 

နောက်ဆုံးတွင်တော့ သက်သတ်လွတ် ပဲလိပ်ချိုချဉ်ကြော်ကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Friday, 08 March 2019 10:55
Rate this item
(1 Vote)