Chinese



စစ်တကောင်းတွင် မြန်မာနှင့် အိန္ဒိယ ကြက်သွန်များအစား ဈေးချိုသည့် တရုတ်ကြက်သွန်နှစ်မျိုး အဝယ်များ

 စစ်တကောင်းတွင် မြန်မာနှင့် အိန္ဒိယ ကြက်သွန်များအစား ဈေးချိုသည့် တရုတ်ကြက်သွန်နှစ်မျိုး အဝယ်များ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှ Khatunganj၊ Asadganj နှင့် Chaktai လက်ကားဈေးကွက်များတွင် တရုတ်ကြက်သွန်နီမျိုးများသည်  အိန္ဒိယနှင့် မြန်မာကြက်သွန်မျိုးများကို အစားထိုး နေရာယူလျက်ရှိသည်။

တရုတ်ကြက်သွန်နီဈေးသည် အိန္ဒိယနှင့် မြန်မာထက် နိမ့်သောကြောင့် စစ်တကောင်းမြို့တွင် နေထိုင်သူတို့သည် နည်းနည်းပေးပြီး များများရသည့် တရုတ်ကြက်သွန်နီကို ဦးစားပေး ဝယ်ယူလျက်ရှိသည်။

 

ဈေးကြီးများသို့ တရုတ်ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်လျက်ရှိသည်။

တရုတ်ကြက်သွန်နီများကို အအေးပေး ကွန်တိန်နာများဖြင့် စစ်တကောင်းဆိပ်ကမ်းမှ တဆင့် တင်သွင်းကြသည်။ 

တရုတ်ကြက်သွန်နီများသည် အိန္ဒိယနှင့် မြန်မာ ကြက်သွန်နီများထက် အရွယ်အစား ပိုကြီးသည်။

Khatunganj, Asadganj နှင့် Chaktai ဈေးကြီးများတွင် လက်ကားဈေးနှုန်း တကီလိုဂရမ်လျှင် တာကာ ၅၀ - ၅၅ ဖြင့် ရောင်းချသည်။ 

 

စားသောက်ဆိုင် ပိုင်ရှင်များသည် တရုတ်ကြက်သွန်နီ အကြီးကြီးများကို ပိုကြိုက်ကြသည်။ တကီလိုဂရမ်လျှင် တရုတ်ကြက်သွန်နီ သုံးလေးဥမျှသာ ပါသည်အထိ အရွယ်အစား ကြီးသည်။

တရုတ်ကြက်သွန်နီ တအိတ်လျှင် ၅၀ ကီလိုဂရမ် ပါသည်။

တရုတ်ကြက်သွန်နီ ၂မျိုးဝင်သည်။ ကြက်သွန်နီ အနီသည် တစ်ကီလိုဂရမ်လျှင် တာကာ ၅၀ ဖြင့် ရနိုင်ပြီး ကြက်သွန်နီအဖြူသည် တစ်ကီလိုဂရမ်လျှင် ၅၅ တာကာ  ပေးရသည်။ 

 

စစ်တကောင်းမြို့တွင် ကြက်သွန်နီ လက်လီရောင်းဈေးများမှာ တကီလိုဂရမ်လျှင် တရုတ်ကြက်သွန်နီ တာကာ ၆၅ - ၇၀ ဖြစ်ပြီး အိန္ဒိယ ကြက်သွန်နီမှာ တာကာ ၁၀၀ - ၁၁၀ ဖြစ်သည်။

 

Source financial express 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 10 December 2023 16:08
Rate this item
(0 votes)