India

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ် ပန်းသေးခေါက်ဆွဲ

သက်သတ်လွတ်ပန်းသေးခေါက်ဆွဲကြိုက်နှစ်သက်သူများအတွက် အိမ်တွင်လည်း ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်။

ပန်းသေးခေါက်ဆွဲကြော်ရန် လိုအပ်တာတွေကတော့ ခေါက်ဆွဲအစို၊ ပဲပြား၊ အာလူး၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ မုန်ညှင်း၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူ၊  ကြက်သွန်နီ၊ ကြက်သွန်နီကြော်၊ သံပရာသီး၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ခရမ်းချဉ်သီးဆော့စ်၊ ဆီ၊ ကြက်သွန်မြိတ် တို့ လိုအပ်ပြီး  ဆော့စ်အတွက် လိုအပ်တာတွေကတော့ ငရုတ်သီးခြောက်အတောင့်ရှည်၊ မြေပဲဆန်၊ ကုလားပဲ၊ ဆီ၊ မန်ကျည်းမှည့်ရည်ပျစ်ပျစ်၊ ခရမ်းချဉ်သီးဆော့စ်၊ ဆား၊ သကြား တို့ လိုအပ်ပါမယ်။


ဆော့စ်ချက်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူလျှင် ငရုတ်သီးခြောက်၊ မြေပဲဆန်နှင့် ကုလားပဲတို့ကို ထည့်ပြီး ကြော်ပါ။

 

မွှေးပြီး မြေပဲဆန်အရောင်ပြောင်းလာလျှင် အိုးထဲမှ ဆယ်ယူပြီး အအေးခံထားပါ။

 

ပြီးလျှင် ကြိတ်စက်ထဲထည့်ပြီး ကြိတ်ပါ။

 

မန်ကျည်းမှည့်ရည်ပါ ရောပြီး ကြိတ်ပါ။

 

ပြီးလျှင် အိုးထဲ ဆီအနည်းငယ်ထည့်၍ ကြိတ်ထားတဲ့ ဆား၊ သကြား၊ ဆော့စ်ကိုထည့်ပြီး ဆီသတ်ပါ။

 

ဆီသတ်တဲ့အခါ ကာရီပေါင်ဒါ၊ ခရမ်းချဉ်သီးဆော့စ် ထည့်ပြီး ဆီသတ်ပါ။ ဆီပြန်ပြီး မွှေးလာလျှင် ပန်းကန်လုံးထဲ ထည့်ထားပါ။

 

ပထမဦးဆုံး ခေါက်ဆွဲကို ပဲငံပြာရည် အနောက်နဲ့ နယ်ထားပါ။

 

ပြီးလျှင် ခေါက်ဆွဲကြော်မည့် ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူသည်နှင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။

 

ပြီးနောက် စောစောက ဆီသတ်ထားတဲ့ အနှစ်ထည့်ပြီး မွှေပါ။

 

အားလုံးနှံ့သွားပြီဆိုလျှင် အာလူး၊ ခရမ်းချဉ်သီး၊ ပဲပြား၊ ဂေါ်ဖီ၊ မုန်ညင်းထည့်ပြီး ကြော်လိုက်ပါ။

 

ပြီးရင်တော့ ခေါက်ဆွဲ၊ ခရမ်းချဉ်သီးဆော့စ်၊ ပဲငံပြာရည်အကြည် ထည့်ပြီး ဆက်၍ထပ်ကြော်ပါ။

 

နောက်ဆုံးမှာ ပဲပင်ပေါက်နှင့် ကြက်သွန်မြိတ်ထည့်၍ မီးပိတ်ပြီး မွှေလိုက်ပါ။

 

ပြီးရင်တော့ ပန်းကန်ပြားထဲ ထည့်၊ ကြက်သွန်နီကြော်ဖြူးပြီး သံပရာရည်ညှစ်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times
Rate this item
(1 Vote)