India



အိန္ဒိယအစိုးရ ကုန်ဈေးနှုန်း ထိန်းရန် ခရမ်းချဉ်သီး တင်သွင်း

အိန္ဒိယအစိုးရ ကုန်ဈေးနှုန်း ထိန်းရန် ခရမ်းချဉ်သီး တင်သွင်း 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယနိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီး  Nirmala Sitharaman က အစိုးရသည် ကုန်ဈေးနှုန်းများ ထိန်းပေးရန် ဆောင်ရွက်ချက်များ လုပ်ဆောင်လျက်ရှိရာ ခရမ်းချဉ်သီးများကို အိမ်နီးချင်းနိုင်ငံ နီပေါမှ တင်သွင်းပြီး ပြည်တွင်း ဝယ်လိုအားကို ဖြည့်တင်းပေးနေကြောင်း ပြောကြားသည်။

 

 “ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့ ခြေလှမ်းတွေ အများကြီး လုပ်ဆောင်ပြီးပါပြီ။ ဝန်ကြီးများအဖွဲ့က သာမန်ပြည်သူလူထုကို ထိခိုက်စေတဲ့ ဈေးနှုန်းများကို ထိန်းချုပ်ရန် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နေပါတယ်" ဟု Sitharman က ပြောကြားသည်။

 ပဲစဉ်းငုံ ပဲခြမ်းများကို မိုဇမ်ဘစ်နိုင်ငံမှ တင်သွင်းလျက် ရှိသည်။ မတ်ပဲ ပဲခြမ်းများကို မြန်မာနိုင်ငံမှ တင်သွင်းသည်။ အရန်သိုလှောင်မှုအတွက် ကြက်သွန်နီ တန် ၃၀ ဝယ်ယူထားသည်ဟု Sitharaman က ပြောကြားသည်။

ခရမ်းချဉ်သီးများကို အိန္ဒိယနိုင်ငံ အမျိုးသားစိုက်ပျိုးရေးသမဝါယမစျေးကွက်အဖွဲ့ချုပ် National Agricultural Cooperative Marketing Federation of India Ltd (NAFED)မှ ဖြန့်ဖြူးပေးနေသည်ဟု သူမက ပြောကြားသည်။ ထို့ပြင်အခြား သမဝါယမအသင်းများကလည်း ဖြန့်ဖြူး‌ပေးသည်ဟု သူမက ပြောကြားသည်။

NCCF သည် ခရမ်းချဉ်သီး ကီလိုဂရမ် ၈.၈၄ သိန်းကို ဖြန့်ဖြူးပေးခဲ့သည်။    

"ဒါက ဆက်လုပ်သွားမှာပါ။ ပိုများလာမှာပါ" ဟု သူမက ပြောကြားသည်။

ယခုအခါ ပြည်နယ် ၂ ခုတို့တွင် ခရမ်းချဉ်သီး ဈေးနှုန်းများ ကျဆင်းလာကြောင်း Sitharaman က ပြောကြားသည်။

 

“နီပေါက ခရမ်းချဉ်သီးတွေအတွက် သွင်းကုန်ကန့်သတ်ချက်တွေကို ဖယ်ရှားပြီး တင်သွင်းခွင့် ပေးထားပြီးပါပြီ။ ပထမအသုတ် ရောက်လာတော့မှာပါ" ဟု သူမက ပြောကြားသည်။

 

NCCF က ရောင်းချရာတွင် အစိုးရက စိုက်ထုတ်ပေးထားသဖြင့် ခရမ်းချဉ်သီး ၁ ကီလိုကို ရူပီး ၇၀ ဖြင့် ရောင်းချပေးသည်။ 

    

Source outlookindia

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Tuesday, 15 August 2023 18:12
Rate this item
(0 votes)