India

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲတင်သွင်းခွင့် ခွဲတမ်းသတ်မှတ်ချက်အသစ်အား အိန္ဒိယအစိုးရကထုတ်ပြန်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲတင်သွင်းခွင့် ခွဲတမ်းသတ်မှတ်ချက်အသစ်အား အိန္ဒိယအစိုးရကထုတ်ပြန် Google

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှုမူဝါဒအရ

၂၀၁၇ ခုနှစ်မှ စတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၁.၅ သိန်းသတ်မှတ်လျက် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ဆုံးထား၍ တင်သွင်း ခွင့်ပြုမှာဖြစ်ပါသည်။

 

ယခုသတ်မှတ်ချက်သည် အိန္ဒိယနိုင်ငံအစိုးရ၏ နှစ်နိုင်ငံချင်း (သို့မဟုတ်) ဒေသဆိုင်ရာအဆင့် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန် လွှာများနှင့် သက်ဆိုင်မှုမရှိသည့် အပြင် ပြည်တွင်းရှိ သွင်းကုန်လုပ်ငန်းရှင်များသို့ တင်သွင်းခွင့်ခွဲတမ်းအား ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(DGFT)မှ သတ် မှတ်ပေးမှာဖြစ်သည်လို့ အမိန့်ကြော်ငြာစာအမှတ် S.O. 3446 (E) အား ၁-၁၀-၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

 

အဆိုပါ အမိန့်ကြော်ငြာစာအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ထပ်မံတင်သွင်းခွင့်ပြုသည့် မတ်ပဲတန်ချိန် ၁ သိန်း ၅ သောင်းအား ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း၌ မတ်ပဲတင်သွင်းခွင့်ရရှိခဲ့သည့် ပြည်တွင်းလုပ်ငန်းရှင်များသို့ အညီအမျှ ကိုတာခွဲဝေသတ်မှတ်ပေးလိုက်ကြောင်း နှင့် ၎င်းလုပ်ငန်းရှင်များအနေဖြင့် HS Code အမှတ် 0713 3110, 0713 9010 နှင့် 0713 9090 တို့အောက်ရှိ မတ်ပဲ { SPP Vigna Mungo (L.) Hepper} များကို သတ်မှတ်ကာလ ၃၁-၃-၂၀၂၁ ရက်နေ့အတွင်း အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများသို့အရောက် တင်သွင်းကြရမှာ ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၁-၁၀-၂၀၂၀ နေ့တွင်ပင် အများပြည်သူဆိုင်ရာ အသိ ပေးချက်အမှတ် ၂၂/ (၂၀၁၅-၂၀၂၀) အား ထပ်ဆင့်ထုတ်ပြန်ခဲ့ပါသည်။

 

DGFT အနေဖြင့် မတ်ပဲတန်ချိန် ၁.၅ သိန်းအား သတ်မှတ်ကာလကျော်လွန်တင်သွင်းရန် အချိန်တိုးမြှင့် တောင်းခံခြင်းကို လက်ခံဆောင်ရွက်မည် မဟုတ်ကြောင်း သိရှိရပါသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)