India



အိန္ဒိယဆန် ၃ နိုင်ငံသို့ တင်ပို့ခွင့် ခွဲတမ်းချမှတ်

အိန္ဒိယဆန် ၃ နိုင်ငံသို့ တင်ပို့ခွင့် ခွဲတမ်းချမှတ်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

အိန္ဒိယဆန်  နိုင်ငံ ၃ နိုင်ငံတို့ထံ တင်ပို့ရန် အိန္ဒိယအာဏာပိုင်တို့က ခွဲတမ်းချထားပေးသည်။

 

အိန္ဒိယနိုင်ငံသည် ဘူတန်၊ မောရစ်သျှနှင့် စင်ကာပူသို့ ဘာစမာတီမဟုတ်သော ဆန်ဖြူများကို တင်ပို့ရန်အတွက် ခွဲတမ်းခွဲဝေပေးရန်  ဆုံးဖြတ်ခဲ့ကြောင်း အစိုးရက ဗုဒ္ဓဟူးနေ့(ဩဂုတ် ၂၉)တွင် ထုတ်ပြန်‌ေသာ ကြေညာချက်တွင် ဖော်ပြထားသည်။

 

 ဘာစမာတီမဟုတ်သော ဆန်ဖြူ မက်ထရစ်တန် ၇၉,၀၀၀  ဘူတန်နိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုသည်။ စင်ကာပူသို့ မက်ထရစ်တန် ၅၀,၀၀၀ နှင့် မောရစ်သျှသို့ မက်ထရစ်တန် ၁၄,၀၀၀ တင်ပို့ရန် ခွင့်ပြုသည်။

 

ပြီးခဲ့သည့်နှစ်က အိန္ဒိယသည် ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့ပြီးနောက် တွင်ကျယ်စွာစားသုံးသော ဆန်အမျိုးအစားဖြစ်သည့်  ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအား ဇူလိုင်လတွင် ပိတ်ပင်ထားသည်။ ထို့ပြင် ပေါင်းဆန် တင်ပို့မှုအပေါ် ပို့ကုန်ခွန် ၂၀% ကို အောက်တိုဘာလ လလယ်အထိ စည်းကြပ်မည် ဖြစ်သည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Thursday, 31 August 2023 07:44
Rate this item
(0 votes)