India

×

Warning

JUser: :_load: Unable to load user with ID: 540


သီရိလင်္ကာတွင် နိုင်ငံခြားငွေလဲလှယ်မှု အကျပ်အတည်းကြောင့် စားနပ်ရိက္ခာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

သီရိလင်္ကာနိုင်ငံတွင် သွင်းကုန်များအတွက် ပေးချေရန် ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားငွေကြေး ပြတ်လပ်နေသဖြင့်

စားနပ်ရိက္ခာပြတ်လပ်မှုအပေါ် သြဂုတ်လ ၃၁ ရက်က အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။

အလွန်ဆိုးရွားသည့် စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် သီရိလင်္ကာ သမ္မတ ဂေါ့တိုဘာယာ ရာဂျာပက်ဆာက နိုင်ငံအတွင်း သကြား၊ ဆန်နှင့် အခြားမရှိမဖြစ် စားသောက်ကုန်ပစ္စည်းများကို သိုလှောင်ထားမှုများကို တန်ပြန်ရန် အရေးပေါ်စည်းမျဉ်းစည်းကမ်းများကို အမိန့်ထုတ်ပြန်ခဲ့သည်။

ရာဂျာပက်ဆာသည် စစ်တပ်မှ ထိပ်သီးအရာရှိတစ်ဦးအား စပါး၊ ဆန်၊ သကြားနှင့် အခြားစားသောက်ကုန်များကို ထောက်ပံ့ရာတွင် ညှိနှိုင်းဆောင်ရွက်ရန်အတွက် မရှိမဖြစ် ဝန်ဆောင်မှုများဆိုင်ရာ ကော်မရှင်အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။

နိုင်ငံအတွင်း နို့မှုန့်၊ ရေနံဆီနှင့် ဟင်းချက်ရာတွင်အသုံးပြုသည့် ဂတ်စ်များပြတ်လပ်မှုကြောင့် ပြည်သူများသည် စျေးဆိုင်များ အပြင်ဘက်တွင် ၎င်းတို့လိုအပ်သည့်အရာများကို ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေချိန်တွင် သကြား၊ ဆန်၊ ကြက်သွန်နှင့် အာလူးစျေးများသည် အလွန်မြင့်တက်ခဲ့ပြီးနောက် အစိုးရ၏ စီမံချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းအခြေအနေမျိုးတွင် ကုန်ပစ္စည်းများကို ထုတ်မရောင်းဘဲ လှောင်ထားသူများကို ကြီးလေးသည့် ပြစ်ဒဏ်များချမှတ်သွားမည်ဟု အစိုးရက ပြောကြားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နေ့အလိုက်သေဆုံးသူ ၂၀၀ ကျော်ရှိနေသည့် သီရိလင်္ကာနိုင်ငံ၏ လူဦးရေ ၂၁ သန်းခန့်သည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

၂၀၂၀ ပြည့်နှစ်အတွင်း ကပ်ရောဂါကြောင့် သီရိလင်္ကာ၏စီးပွားရေးမှာ ၃.၆ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး ပြီးခဲ့သည့်နှစ် မတ်လက အစိုးရသည် နိုင်ငံခြားငွေကို ချွေတာရန် ကြိုးပမ်းချက်တစ်ရပ်အဖြစ် နိုင်ငံအတွင်း ဟင်းချက်ပြုတ်ရာတွင် အဓိကအသုံးပြုသည့် စားသုံးဆီများနှင့် နနွင်း အပါအဝင် မော်တော်ယာဉ်များနှင့် အခြားကုန်ပစ္စည်းများကို တင်သွင်းမှု ပိတ်ပင်ခဲ့သည်။

ကုန်ပစ္စည်း ဝယ်ယူတင်သွင်းသူများကလည်း ၎င်းတို့သည် ဝယ်ယူတင်သွင်းခွင့်ရရှိထားသည့် အစားအစာနှင့် ဆေးဝါးများအတွက် အဖိုးအခပေးချေရန် နိုင်ငံခြားငွေမရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်က သီရိလင်္ကာဗဟိုဘဏ်သည် ပြည်တွင်းငွေကြေး ပိုမိုခိုင်မာအားကောင်းလာစေရန် အတိုးနှုန်းများကို မြှင့်တင်ခဲ့သည်။

သီရိလကာ၏ နိုင်ငံခြားအရန်ငွေကြေး များသည် ဇူလိုင်လကုန်ပိုင်းတွင် ၂.၈ ဘီလျံ ကျဆင်းခဲ့ကာ ယင်းသည် ရာဂျာပက်ဆာ၏ အစိုးရအဖွဲ့အာဏာရလာခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလက နိုင်ငံခြား အရန်ငွေကြေး ‌ဒေါ်လာ ၇.၅ ဘီလျံရှိခဲ့ရာမှ ဆိုးရွားစွာ ကျဆင်းမှုဖြစ်ခဲ့ပြီး ‌‌ဒေါ်လာနှင့် လဲလှယ်သည့် သီရိလင်္ကာ၏ ရူပီးငွေတန်ဖိုးမှာလည်း ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်ဟု ဘဏ်အချက်အလက်များတွင် ဖော်ပြခဲ့သည်။

စွမ်းအင်ဝန်ကြီး အူဒါယာ ဂမ်မန်ပီလာက နိုင်ငံခြားငွေကြေးများကို မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများနှင့် ကာကွယ်ဆေးများ ဝယ်ယူရာတွင် အသုံးပြုနိုင်ရန် မော်တော်ယာဉ် အသုံးပြုသူများအား လောင်စာကိုချွေတာ သုံးစွဲကြရန် မေတ္တာရပ်ခံခဲ့သည်။

 

news-eleven.com/

Read times
Rate this item
(0 votes)