India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယသကြား ပထမအသုတ် တန်ချိန် ၅ သန်း တင်ပို့ခွင့်ပြုရန် လျာထား

အိန္ဒိယသကြား ပထမအသုတ် တန်ချိန် ၅ သန်း တင်ပို့ခွင့်ပြုရန် လျာထား

 

သကြားတင်ပို့မှု ကန့်သတ်ထားသော အိန္ဒိယသည် ပထမအသုတ်တွင် သကြားတန်ချိန် ၅ သန်း ပြန်လည်တင်ပို့ခွင့်ပြုရန် စီစဉ်ထားသည်။

 

အိန္ဒိယနိုင်ငံသည် အောက်တိုဘာလမှ စတင်၍ သကြား တင်ပို့သည့် ရာသီအသစ်အတွက်  ပထမဆုံးအသုတ်တွင် သကြားတန်ချိန် ၅ သန်း တင်ပို့ခွင့်ပြုရန် အဆင်သင့်ဖြစ်နေကြောင်း အစိုးရသတင်းရင်းမြစ်နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

 

"လာမယ့် ရက်သတ္တပတ်များအတွင်း သကြားတန်ချိန် ၅ သန်း တင်ပို့ခွင့်ပြုဖို့ ရည်မှန်းထားပါတယ်။ လာမယ့် ကြံရာသီမှာ သကြားထုတ်လုပ်မှုအခြေအနေနဲ့ ပတ်သက်ပြီး ပိုသိလာတဲ့အခါ နောက်ထပ် တန်ချိန် ၃ သန်းကနေ ၅ သန်းအထိ တင်ပို့ဖို့ ကျွန်တော်တို့ ခွင့်ပြုပေးနိုင်ပါလိမ့်မယ်" ဟု အစိုးရ အရာရှိတစ်ဦးက ပြောကြားသည်။

 

လာမည့်နှစ်တွင် ထုတ်လုပ်မှုနှင့်ပတ်သက်၍ သေသေချာချာ ရေရေရာရာ သိဖို့ နည်းနည်းစောနေသေးသော်လည်း အစောပိုင်း ခန့်မှန်းချက်များအရ ၂၀၂၂-၂၃ တွင် သကြားအထွက်နှုန်းသည် ယခုနှစ်တွင် တန်ချိန် ၃၆ သန်းဝန်းကျင်သို့ ရောက်ရှိနိုင်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။

 

 ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ရာသီသစ်စတင်ချိန်တွင် ယခင်ရာသီက သကြားစက်များ၏ လက်ကျန်မှာ တန်ချိန် ၆ သန်းရှိမည်ဟု ခန့်မှန်းရပါသည်။ ယခင်နှစ်က လက်ကျန် တန်ချိန် ၈ သန်း ရှိခဲ့ပါသည်။

 

"ပြည်တွင်းဝယ်လိုအား၊   အီသနော ထုတ်လုပ်မှုနှင့် သကြားစက်ရုံများရဲ့ နောက်နှစ်ရာသီချိန်အထိ ထားရှိရမယ့် လက်ကျန် ပမာဏအသီးသီးတို့ကို တွက်ချက်ပြီးနောက် ၂၀၂၂-၂၃ နှစ်အတွင်း ပြည်ပတင်ပို့ဖို့ အိန္ဒိယမှာ သကြား အများကြီး ရှိနေမှာပါ" ဟု ဒုတိယသတင်းရင်းမြစ်က ဆိုသည်။

"ဒါပေမဲ့လည်း ကောက်ပဲသီးနှံနဲ့ လယ်ယာထွက်ကုန်တွေကို ထိခိုက်စေတဲ့ ရာသီဥတုဖောက်ပြန်မှုပုံစံတွေကြောင့် တစ်ကြိမ်တည်းနဲ့ တန်ချိန် ၈ သန်း ဒါမှမဟုတ် ၉ သန်း တင်ပို့ခွင့်ကို ကျွန်တော်တို့ ခွင့်မပြုချင်ပါဘူး" ဟု ၎င်းက ပြောကြားသည်။ "ကျွန်တော်တို့ သတိထားရလိမ့်မယ်" ဟု သူက ဆက်ပြောပြသည်။

 

အိန္ဒိယပြည်တွင်းသကြားစားသုံးမှုမှာ တစ်နှစ်လျှင် တန်ချိန် ၂၇ ဒသမ ၅ သန်းခန့်ရှိသည်။

စက်ရုံများသည် ၂၀၂၂-၂၃ ရာသီတွင် သကြားတန်ချိန် ၄.၅ သန်းကို အီသနောထုတ်လုပ်မှုအတွက် သုံးစွဲရမည်။

သကြားစက်များတွင် လက်ကျန်ထားရှိရန်အတွက် တန်ချိန် ၆ သန်း လိုအပ်မည်ဖြစ်သည်။

Source Reuters

#MyanmarFoodIndustryGuide

 Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Friday, 16 September 2022 22:34
Rate this item
(1 Vote)