India



ယူအေအီး ဆန်တင်ပို့မှု ယာယီပိတ်ပင်

ယူအေအီး ဆန်တင်ပို့မှု ယာယီပိတ်ပင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ယူအေအီး စီးပွားရေး ဝန်ကြီးဌာနမှ ဆန်တင်ပို့မှု ပိတ်ပင်ကြောင်း ကြေညာခဲ့ပြီး တားမြစ်ချက်တွင် ဆန်လုံးညို၊ ဆန်ဖြူ၊ ဆန်ကွဲ စသဖြင့် ဆန်အမျိုးအစား အားလုံး အကျုံးဝင်ပါသည်။

 

ယူအေအီးသည် ဆန်ကို ပြည်တွင်းလိုအပ်ချက် ၏ ၈၅ ရာခိုင်နှုန်းအထိ တင်သွင်းပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး တင်သွင်းသည်။

အိန္ဒိယနိုင်ငံက ဘာစမာတီ မဟုတ်သော ဆန်ဖြူတင်ပို့မှု ပိတ်ပင်လိုက်ပြီးချိန်တွင် ယူအေအီးက ဆန်တင်ပို့ခြင်းနှင့် ဆန်ပြန်လည်တင်ပို့ခြင်းတို့ကို လေးလ တားမြစ်လိုက်သည်။ သို့ဖြစ်ရာ နိုဝင်ဘာလကုန်အထိ တားမြစ်ချက် သက်ရောက်မည် ဖြစ်သည်။

ယူအေးအီမှ ဆန်တင်ပို့သည့် အဓိကနိုင်ငံများမှာ အိုမန်၊ ဘီနင်၊ ဇင်ဘာဘွေနှင့် ဆိုမာလီယာတို့ ဖြစ်ပါသည်။

 

ဆန်ကို တင်ပို့ခြင်း သို့မဟုတ် ပြန်လည်တင်ပို့ခြင်း  re-export လုပ်ဆောင်လိုသော ကုမ္ပဏီများသည် စီးပွားရေး ဝန်ကြီးဌာနသို့ ပို့ကုန်ပါမစ် လျှောက်ထားရမည် ဖြစ်သည်။ ပါမစ်သက်တမ်းသည် ရက် ၃၀ ဖြစ်သည်။

 

ယူအေအီးမှ စူပါမားကက် လုပ်ငန်းကြီးနှစ်ခု ဖြစ်သော Lulu Group နှင့် Carrefour တို့က ၎င်းတို့တွင် ရှိသော လက်ကျန်သည် ၆ လကျော်အထိ ဖူလုံကြောင်း ပြောကြားသည်။

 

Source gulf business 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 15 August 2023 07:49
Rate this item
(0 votes)