India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၅ ၅ ၂၀၁၃

 

အိန္ဒိယ ပို့ကုန်ဆန် ဝယ်လိုအား လျော့ကျနေပြှီး တတိယမြောက် သီတင်းပတ်အဖြစ် သုံးပတ်ဆက်တိုက် ဈေးကျဆင်းခဲ့သည်။ ဗီယက်နမ်ဆန် ရက်ရှည်အားလပ်ရက်ကြောင့် အရောင်း ယာယီရပ်ထားခဲ့ပြီး နှစ်နှစ်တာအတွင်း အမြင်ဆုံးဈေးနှုန်းမှ ပြန်လျော့ကျခဲ့သည်။
*
၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် ယခင်သီတင်းပတ်တွင် တစ်တန် ခေါ်ဈေး $378-$382 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $376-$380 သို့ လျော့ကျသည်။
ကျရိပ်ပြနေသဖြင့် ဝယ်လက်တို့က အဝယ်ရပ်ထားပြီး ဈေးထပ်အကျကို စောင့်နေကြသည်။
*
၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ယခင်အပတ်က ၂၀၂၁ ဧပြီလနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း တစ်တန်လျှင် $495-$500 အထိ ရောက်ခဲ့ပြီး ယခုသီတင်းပတ်တွင် $485-$495 သို့ လျော့ကျသည်။
ဧပြီ ၂၉ မှ မေ ၃ အထိ အလုပ်ပိတ်ရက်များ ဆက်နေသဖြင့် ဆန်အရောင်း ရက်ပိုင်း ရပ်နားထားခဲ့ကြသည်။ ပြန်စရောင်းချိန်တွင် အဝယ်ထိုင်းနေပြီး ဈေးကျသည်။
ဗီယက်နမ်သည် ဧပြီလတွင် ဆန်ဆန်ချိန် ၁.၁ သန်း တင်ပို့ခဲ့သည်။
*
ဘင်္ဂလားဒေ့ရှ်တွင် နွေစပါးမှ ဆန်အထွက်နှုန်းမှာ ရည်မှန်းထားသည်ထက် ကျော်လွန်ကာ တန်ချိန် ၂၂ သန်းအထိ ရှိနိုင်ကြောင်း၊ စိုက်ပျိုးဧရိယာ ပိုများခဲ့ကြောင်း စိုက်ပျိုးရေးဌာနမှ ပြောကြားသည်။
ဆန်ကြမ်း လက်လီဈေးနှုန်း တစ်ကီလို ၆၅-၇၀ တာကာ ($0.6107-$0.6576) ရှိသည်။
နွေမှာ စိုက်သည့် Boro နွေစပါးသည် ဘင်္ဂလားဒေ့ရှ် တစ်နှစ်တာ ထုတ်လုပ်မှု၏ ထက်ဝက်ကျော် ရှိပြီး ပုံမှန်အားဖြင့် တန်ချိန် ၃၅ သန်း ထွက်သည်။
*
၅% ဆန်ကွဲပါ ထိုင်းဆန် ပြီးခဲ့သည့် အပတ်က နှစ်လတာအတွင်း အမြင့်ဆုံးသို့ ခုန်တက်ခဲ့ပြီး တစ်တန်လျှင် ခေါ်ဈေး $490-$495 ဖြစ်ခဲ့သည်။ ယခုသီတင်းပတ်တွင် $485 ဝန်းကျင်သို့ ပြန်လျှောကျသည်။
အင်ဒိုနီးရှား အစိုးရကုမ္ပဏီမှ ဝယ်ယူသည့် ဆန်ကို ဆက်လက်တင်ပို့နေသည်။
Source Reuters

Source brecorder

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 05 May 2023 12:59
Rate this item
(0 votes)