India

×

Warning

JUser: :_load: Unable to load user with ID: 540


စားဆီနှင့် ပဲ ၃မျိုး တင်သွင်းမှု အိန္ဒိယ ဖြေလျော့

စားဆီနှင့် ပဲ ၃မျိုး တင်သွင်းမှု အိန္ဒိယ ဖြေလျော့

စားဆီနှင့် ပဲ လက်လီရောင်းဈေး ဈေးနှုန်းမြင့်တက်နေသည့်အတွက် ဈေးကျစေရန် သွင်းကုန်ခွန်နှင့် တင်သွင်းသည့် လုပ်ထုံးလုပ်နည်းအဆင်ဆင့်တို့ကို အိန္ဒိယအစိုးရက ဖြေလျော့ပေးထားသည်။
စားဆီအမျိုမျိုးတွင် စားအုန်းဆီသန့် တင်သွင်းမှုအပေါ် စည်းကြပ်သည့် သွင်းကုန်ခွန်ကို ၁၇.၅% အစား ၁၂.၅% သို့ ၂၀၂၂ မတ်လအထိ လျှော့ချထားသည်။ ထို့ပြင် စားအုန်းဆီသန့်ကို သွင်းကုန်လိုင်စင် ရယူရန်မလိုဘဲ တင်သွင်းခွင့်ကို တစ်နှစ်ထပ်တိုးပြီး ၂၀၂၂ ဒီဇင်ဘာလအထိ ခွင့်ပြုထားသည်။
၂၀၂၀ နိုဝင်ဘာ မှ ၂၀၂၁ အောက်တိုဘာအထိ ကာလအတွင်း အိန္ဒိယသည် စားဆီအမျိုးမျိုး တန်ချိန် ၃၁.၃ သန်း တင်သွင်းခဲ့ရာ၌ ၆၀% သည် စားအုန်းဆီကြမ်းနှင့် စားအုန်းဆီသန့် တင်သွင်းခြင်း ဖြစ်သည်။

ပဲ ၃မျိုး မတ်ပဲ၊ ပဲစဉ်းငုံနှင့် ပဲတီစိမ်း တို့ကိုသွင်းကုန်ခွန် ပေးရန်မလိုဘဲ free import ခွင့်ပြုကာလကိုလည်း တိုးမြှင့်သတ်မှတ်ပေးထားပါသည်။
ယခင်က free import စာရင်းတွင် မတ်ပဲနှင့် ပဲတီစိမ်း ၂ မျိုးကိုသာ ခွင့်ပြုခဲ့သည်။
ယခင်က ကုန်ဆုံးရက်ကို ၂၀၂၁ ဒီဇင်ဘာလဟု သတ်မှတ်ထသည်ကို ၂၀၂၂ မတ်လ ၃၁ ရက်ဟု ပြောင်းလဲသတ်မှတ်ပေးလိုက်သည်။
တင်ပို့သည့်နိုင်ငံမှ ‘bill of lading’ သို့မဟုတ် ‘lorry receipts’ ကို ၂၀၂၂ မတ်လ ၃၁ ရက်ထက် နောက်မကျဘဲ လက်ခံရရှိရမည် ဖြစ်သည်။
အိန္ဒိယဆိပ်ကမ်းသို့ နောက်အကျဆုံးအနေဖြင့် ၂၀၂၂ ဇွန်လ ၃၀ ဟု သတ်မှတ်ထားသည်။

ပဲအမျိုးမျိုးကို မြန်မာနှင့် တန်ဇန်းနီးယား တို့မှ အဓိကအားဖြင့် တင်သွင်းသည်။

အိန္ဓိယသည် ပဲအမျိုးမျိုး အဓိက ထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းစားသုံးမှု များပြားသဖြင့် ပြည်တွင်းထုတ်လုပ်မှုဖြင့် မဖူလုံသောကြောင့် ပြည်ပမှ တင်သွင်းပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်တင်းပါသည်။

 

 

Read times Last modified on Monday, 27 December 2021 09:42
Rate this item
(0 votes)