India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မတ် ၃၁ ၂၀၂၃

*

အိန္ဒိယဆန် ဝယ်နေကျ အာဖရိကနိုင်ငံများထံမှ အဝယ်အေးနေသည်။

၅% ဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန် <RI-INBKN5-P1> ခေါ်ဈေး တစ်တန် $380 ~ $385 ရှိပြီး ယခင်အပတ်ခေါ်ဈေးအတိုင်း ဆက်ငြိမ်နေသည်။ 

*

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်က $450 ဖြစ်ပြီး ယခုအပတ် $460 သို့ မြင့်တက်သည်။

အင်ဒိုနီးရှားက ပြည်တွင်း ဆန်ဖူလုံစေရေးအတွက် ယခုနှစ်တွင် ဆန်တန်ချိန် ၂ သန်း ထုတ်လုပ်မည်ဟု ကြေညာသဖြင့် ဗီယက်နမ်ဆန် ဈေးတက်သွားခဲ့သည်။

မဲခေါင်မြစ်ဝှမ်း စပါးရိတ်သိမ်းနေချိန် ဖြစ်သော်လည်း ပြည်တွင်း ဆန်ဈေးကွက်ထဲ ဆန်အဝင်နည်းနေသည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၃ လတွင် ဆန်တန်ချိန် ၁.၇၉ သန်း တင်ပို့မည်ဟု ခန့်မှန်းသည်။ 

*

၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်က $465 ရှိခဲ့ပြီး ယခုအပတ်တွင် $475 ~ $482 သို့ မြင့်တက်သည်။

ကန်ဒေါ်လာနှင့် လဲနှုန်းတွင် ဘတ်ငွေ အားကောင်းခြင်းကြောင့် ထိုင်းဆန်ဈေး တက်လာသည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 31 March 2023 16:57
Rate this item
(0 votes)