India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင်လ် ချိစ်အဆာသွတ် ဘီစကစ်

ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင် အိန္ဒိယစတိုင်လ် ချိစ်အစာသွတ် ဘီစကစ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လုပ်ရတာလည်း လွယ်ကူသလို ကလေး၊ လူကြီးမရွေး အကြိုက်တွေ့တာကြောင့် အိမ်မှာနေရင်း ပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေနဲ့ ပြုလုပ်နည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ရပါတယ်။

 


လိုအပ်သောပစ္စည်းများကတော့  နှစ်သက်ရာဘီစကစ်၊ ချိစ်အပြား၊ နံနံပင် (မကြိုက်လျှင်ထည့်ရန်မလို)၊  ထောပတ်၊ ငရုတ်ပွ၊ ခရမ်းချဉ်သီး၊ ကြက်သား ပြုတ်ပြီး အမျှင်လေးများခွာထားရန်၊ ဆားအနည်းငယ်၊ မဆလာအနည်းငယ်၊  နွားနို့၊ ဂျုံမှုန့်အနည်းငယ်၊  ကြက်သွန်နီလှီးပြီးသားအနည်းငယ်၊ ပြောင်းဖူးပြုတ်ချွေပြီးသားအနည်းငယ် တို့ လိုအပ်ပါတယ်။

 

Read More >>>>> သက်သတ်လွတ် ရဲယိုရွက် ပဲပြားပေါင်းထုပ်


ပထမဦးဆုံး ကြက်သွန်နီ၊ ပြောင်းဖူး၊ ငရုတ်ပွနှင့် ခရမ်းချဉ်သီး အတုံးလေးများကို ဆီမွှေးသတ်ပြီး ကြော်ပါ။

 

ပြီးလျှင် ထောပတ်နှင့် ချိစ်ကိုအသုံးပြုထားတာကြောင့် ဆားကိုအနည်းငယ်သာထည့်ပါ။

 

ပြီးနောက် ငရုတ်ကောင်း၊ မဆလာ အနည်းငယ်ထည့်ပါ။ ပြီးလျှင် မျှင်ထားသော ကြက်သားမွှာလေးများထည့်မွှေပါ။

 

ပြီးနောက် ကြက်သွန်နီများအနည်းငယ် နွမ်းသွားပြီဆိုလျှင် ဂျုံမှုန့်ထည့်ပြီး ခြောက်သွားအောင် မွှေပေးပါ။

 

ပြီးလျှင် နွားနို့ထည့်ပြီး ပျစ်သွားအောင်မွှေပေးပါ။

 

ပြီးနောက် အနည်းငယ်ပျစ်သွားပြီဆိုလျှင် ချိစ်အပြားများကိုဖဲ့ပြီး ထပ်မွှေပေးပါ။

 

ပြီးလျှင် မုန့်နှစ်များပျစ်သွားပြီဆိုပါက လက်ဖြင့်အနေတော်လေးများ လုံးပါ။

 

ပြီးရင်တော့ နှစ်သက်ရာ ဘီစကစ်(၂) ချပ်ကြားထဲတွင် လုံးထားသော မုန့်နှစ်လေးများညှပ်ပြီး သုံးဆောင်နိုင်ပါတယ်။

 

ချိစ်ကြိုက်နှစ်သက်သူများအနေနဲ့ ချိစ်အချောင်းလေးများ(cheese stick)ကို ကပ်ပြီး စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Wednesday, 24 April 2019 17:40
Rate this item
(1 Vote)