India



မြန်မာမှ ပဲစဉ်းငုံ တန်ချိန် ၄ သိန်း၊ မတ်ပဲ တန်ချိန် ၁ သန်း အိန္ဒိယ ဝယ်ယူတင်သွင်းမည်

မြန်မာမှ ပဲစဉ်းငုံ တန်ချိန် ၄ သိန်း၊ မတ်ပဲ တန်ချိန် ၁ သန်း အိန္ဒိယ ဝယ်ယူတင်သွင်းမည် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယနိုင်ငံတွင် ပဲစဉ်းငုံနှင့် မတ်ပဲ ဈေးမြင့်တက်နေသည်။ ယခုနှစ် ၎င်းပဲနှစ်မျိုးစလုံး အထွက်နည်းမည်။ သို့ဖြစ်ရာ အိန္ဒိယ အစိုးရသည် ပဲစဉ်းငုံနှင့် မတ်ပဲတို့ကို ပြည်ပမှ တင်သွင်းပြီး ပြည်တွင်းဈေးကွက်ကို ဖြည့်တင်းမည်။

 

အိန္ဒိယ အစိုးရသည် ဈေးနှုန်း မြင့်တက်နေသည်ကို ထိန်းရန်နှင့် ပြည်တွင်းဈေးကွက်တွင် လုံလောက်စွာ ရရှိနိုင်စေရန် မြန်မာနိုင်ငံမှ ပဲစင်းငုံ တန်ချိန် ၄၀၀,၀၀၀ နှင့် ပဲစင်းငုံတန်ချိန် ၁ သန်းခန့် တင်သွင်းရန်  စီစဉ်နေသည်။

 

ပဲစင်းငုံနှင့် မတ်ပဲ ဈေးနှုန်းများ မြင့်မားနေသဖြင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ ပပဲစင်းငုံနှင့် မတ်ပဲတန်ချိန် ၄ သိန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအသုတ် တင်သွင်းရန် အစီအစဉ် ရေးဆွဲထားသည်။

 

The Economic Times သတင်းအရ အိန္ဒိယအစိုးရသည် ရိတ်သိမ်းဆဲကာလတွင် ပဲစင်းငုံနှင့် မတ်ပဲတို့ကို တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။

 

အစိုးရက ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင်ထုတ်လုပ်မှု နည်းပါးမည်ဟု ခန့်မှန်းထားသည်။

 

ပဲစင်းငုံနှင့် မတ်ပဲ ဈေးနှုန်းများကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင်  ရည်ရွယ်ချက်ရှိရှိဖြင့် လှောင်ထားပြီး ဈေးကစားကြခြင်းကို တားဆီးရန် အစိုးရက သိုလှောင်မှု ပမာဏကို ၂၀၂၃ ခုန‌ှစ် ဇန်နဝါရီလမှစ၍ ဒီဇင်ဘာလကုန်အထိ အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားသည်။

 

အိန္ဒိယနိုင်ငံတွင် ဂျုံ၊ ဆန်၊ ကြက်သွန်နီ ဈေးနှုန်းများလည်း မြင့်တက်နေပါသည်။ 

Source Economic Times


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 11 December 2023 22:13
Rate this item
(0 votes)