India

×

Warning

JUser: :_load: Unable to load user with ID: 540


သီရိလင်္ကာသို့ အိန္ဒိယဆန်အကူအညီ တန်ချိန် သုံးသိန်း စတင် ပေးပို့

သီရိလင်္ကာသို့ အိန္ဒိယဆန်အကူအညီ တန်ချိန် သုံးသိန်း စတင် ပေးပို့

အိန္ဒိယ ဆန်ကုန်သည်တွေက သီရိလင်္ကာသို့ ချက်ချင်းပေးပို့မယ့် ဆန်တန်ချိန် ၄၀,၀၀၀ ကို သင်္ဘောတင်တာ စတင်ပါတယ်။ အိန္ဒိယအစိုးရက သီရိလင်္ကာအစိုးရကို အကြွေးဖြင့် ဆန်ရောင်းချပေးမယ့် အစီအစဉ်ရဲ့ ပထမအသုတ် ဆန်တွေကို တင်ပို့ဖို့ သင်္ဘောတင်တာ ဖြစ်ပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံသာ မရှိမဖြစ် လိုအပ်တဲ့ သွင်းကုန်တွေအတွက် ပေးချေဖို့ ရုန်းကန်နေရပါတယ်။ ကိုဗစ်ကပ်ဘေး နှစ်နှစ်တာအတွင်းနိုင်ငံခြားငွေ အရန်ရန်ပုံငွေ ၇၀% လျော့နည်းသွားခဲ့ပါတယ်။ ပြည်တွင်းသုံးငွေ ရူပီကိုလည်း တန်ဖိုးချခဲ့ရပါတယ်။ ချေးငွေရရှိဖို့အတွက် ရှာဖွေနေရပါတယ်။

စက်သုံးဆီ ပြတ်လပ်နေတယ်။ စားသောက်ကုန်များ ကုန်ဈေးနှုန်း တက်နေတယ်။ အစိုးရက ပြည်ပကြွေးမြီတွေ ပေးဆပ်နိုင်ဖို့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေ International Monetary Fund နှင့် တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ ဆန္ဒပြမှုများ ပေါ်ပေါက်နေလို့ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ကမ္ဘာ့ဆန်အများဆုံးတင်ပို့တဲ့နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက အိမ်နီးနားချင်း သီရိလင်္ကာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁ ဘီလျံဖိုး အကြွေးဖြင့် ဝယ်ယူခွင့် ပေးအပ်ဖို့ ၂၀၂၂ မတ်လမှာ Indian Credit Facility Agreement ကို သဘောတူညီခဲ့ပါတယ်။ စက်သုံးဆီ၊ စားသောက်ကုန်၊ ဆေးဝါး စသဖြင့် မရှိမဖြစ် လိုအပ်တဲ့အရာတွေ ပြတ်လပ်နေတာ လျော့ကျသွားစေဖို့အတွက် ဖြစ်ပါတယ်။ ဆန်အပြင် သကြား၊ ဂျုံ အစရှိသည်တို့ကိုလည်း တင်ပို့ပေးသွားမှာ ဖြစ်ပါတယ်။

Sri Lanka State Trading (General) Corp ထံသို့ ဆန်တွေကို မြန်မြန်ဆန်ဆန် ရောက်ရှိစေဖို့ ကွန်တိန်နာများဖြင့် စတင် တင်ပို့ပေးနေပြီး ရက်အတန်ကြာပြီးချိန်မှာ သင်္ဘောဝမ်းပုံပြီး တင်ပို့ပေးမှာ ဖြစ်ပါတယ်။

ဧပြီလလယ်ပိုိင်းမှာ ကျရောက်မယ့် သီရိလင်္ကာနိုင်ငံရဲ့ နှစ်သစ်ကူးအခါသမယ ပွဲတော်ကာလအမီ အိန္ဒိယဆန်တွေကို အားချင်း တင်ပို့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက သီရိလင်္ကာနိုင်ငံနှင့် နီးနီးကပ်ကပ် တည်ရှိတာကြောင့် အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဘက်ကမ်းရိုးတန်းမှ တင်ပို့ရင် ရက်ပိုင်းအတွင်း ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ယခုတင်ပို့တဲ့ ဆန်တန်ချိန် ၄၀,၀၀၀ ဟာ ယခုနှစ် လပိုင်းအတွင်း စုစုပေါင်း ဆန်တန်ချိန် သုံးသိန်း တင်ပို့မယ့် အစီအစဉ်ရဲ့ ပထမအသုတ် ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံက ဆန်ကို အဓိကထား စားသုံးတဲ့ နိုင်ငံဖြစ်ပြီး ပြည်တွင်း ဆန်ထုတ်လုပ်မှုဖြင့် ဖူလုံခဲ့ရာမှ ယခုအခါ ဆန်တင်သွင်းတဲ့ နိုင်ငံဖြစ်နေပါတယ်။ အစိုးရက အော်ဂဲနစ်စိုက်ပျိုးရေးမူဝါဒကို ၂၀၂၁ မှာ ကြေညာခဲ့ပြီး ဓာတ်မြေဩဇာအပေါ် အစိုးရ ထောက်ပံ့မှုများ ရပ်ဆိုင်းခဲ့ပါတယ်။ အော်ဂဲနစ် ပြောင်းလဲလို့ အထွက်နည်းသွားခဲ့ပါတယ်။

သီရိလင်္ကာမှာ စပါးရိတ်သိမ်းချိန်က ဧပြီလ ဖြစ်ပြီး ယခုနှစ် ၃၀% အထွက်နည်းမယ်လို့ စိုက်ပျိုးရေးပညာရှင်များက ခန့်မှန်းထားပါတယ်။ ပြည်တွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိရာ ဆန်ဈေးလည်း မိုးထိအောင် တက်နေပါတယ်။

 

 

Read times Last modified on Monday, 04 April 2022 17:56
Rate this item
(0 votes)