India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယသကြား ပြည်ပတင်ပို့မှု တန်ချိန် ၁၀ သန်း ကန့်သတ်

အိန္ဒိယသကြား ပြည်ပတင်ပို့မှု တန်ချိန် ၁၀ သန်း ကန့်သတ်

 

အိန္ဒိယအစိုးရက ပြီးခဲ့သည့် သီတင်းပတ်တွင် ဂျုံ ပြည်ပတင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး ယခုအခါ သကြားပြည်ပတင်ပို့မှုကို တန်ချိန် ၁၀ သန်းအထိသာ ခွင့်ပြုမည်ဟု ကန့်သတ်မည် ဖြစ်သည်။ 

 

နောက်ထပ်သကြားရာသီစတင်မည့် အောက်တိုဘာလအထိ ပြည်တွင်း သကြားလက်ကျန် အလုံအလောက် ရှိနေသည်မှာ သေချာစေရန်အတွက် ဖြစ်သည်။ 

 

အိန္ဒိယသည် သကြားထုတ်လုပ်မှုတွင် ကမ္ဘာ့အများဆုံးနိုင်ငံဖြစ်သည်။ သကြားပြည်ပတင်ပို့မှုတွင် ဘရာဇီးက ကမ္ဘာ့အများဆုံးတင်ပို့သည့်နိင်ငံ ဖြစ်ပြီး အိန္ဒိယက ဒုတိယကမ္ဘာ့အများဆုံး ဖြစ်သည်။ 

အိန္ဒိယသကြား အဝယ်များသည့် နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား တို့ ဖြစ်သည်။ 

 

ယခုနှစ်တွင် အိန္ဒိယက ဂျုံတင်ပို့မှု ရပ်ဆိုင်းလိုက်သည်မှာ အပူလှိုင်းကြောင့် ဂျုံခင်းများ ပျက်စီးခဲ့ပြီး ပြည်တွင်းဂျုံဈေးနှုန်း မြင့်တက်လာသောကြောင့်ဖြစ်သည်။

 

အိန္ဒိယတွင် သကြားထုတ်လုပ်မှု ယခုရာသီတွင် တန်ချိန် ၃၅ သန်း ထွက်မည်ဟု မျှော်မှန်းထားသည်။ ပြည်တွင်းစားသုံးမှုမှာ နောက်ထပ် ကြံရာသီမရောက်ခင်အထိ တန်ချိန် ၂၇ သန်း ရှိမည်ဟု အိန္ဒိယသကြားစက်များအသင်း Indian Sugar Mills Association က ခန့်မှန်းထားသည်။

 

ယခင်ကြံရာသီမှ သကြားလက်ကျန် တန်ချိန် ၈.၂ သန်းခန့် ရှိသဖြင့် တန်ချိန် ၁၆ သန်း ပိုမည်။ တန်ချိန် ၁၀ သန်းတင်ပို့ပြီးပါက နောက်ကြံရာသီအစတွင် တန်ချိန် ၆ သန်း လက်ကျန်ရှိမည် ဖြစ်သည်။

သကြားပြည်တင်ပို့သည့် ပမာဏ တန်ချိန် ၉ သန်းသို့ ရောက်ရှိသည့်အခါ ကျန်ရှိသည့် တန်ချိန် ၁ သန်းကို တင်ပို့ရန် ပို့ကုန်ပါမစ် လျှောက်ထားရမည် ဖြစ်သည်။

 

သကြားပို့ကုန်လုပ်ငန်းများသည် ပြီးခဲ့သည့် ကြံရာသီ အောက်တိုဘာလ ၁ ရက်မှ ယခုအထိ တန်ချိန် ၈.၅ သန်း တင်ပို့ရန် အရောင်းအဝယ် စာချုပ်များ လက်မှတ်ရေးထိုးထားပြီးပြီ ဖြစ်သည်။ ဧပြီလကုန်အထိ တန်ချိန် ၇.၁ သန်း ပေးပို့ပြီးပြီ ဖြစ်သည်။ မေလထဲတွင် တန်ချိန် ၈ သိန်းမှ ၁ သန်းအထိ တင်ပို့မည် ဖြစ်သည်။ 

Read 1420 times
Rate this item
(0 votes)