India



အာရှဆန် တပတ်တာ ဈေးအတက်အကျများ

အာရှဆန် တပတ်တာ ဈေးအတက်အကျများ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

February 15, 2024 

.

22 February 2024

• ယခု သီတင်းပတ်တွင် အိန္ဒိယပေါင်းဆန် ပြည်တွင်း ဈေးကွက်ထဲ အဝင်နည်းနေပြီး ပြည်ပမှ အဝယ်လိုက်သဖြင့် ဈေးနှုန်းများ မြင့်တက်သည်။

.

• ဗီယက်နမ်တွင် ဈေးကွက်ထဲ ဆန်လက်ကျန် များပြားနေသဖြင့် ဈေးကျသည်။ 

.

၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် ယခင် သီတင်းပတ်တွင် ခေါ်ဈေး တတန်လျှင် $542-$550 ရှိခဲ့ပြီး ယခုအပတ်တွင် $546-$554 သို့ မြင့်တက်သည်။

.

“အရင်အပတ်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ ဝယ်လိုအားက ပိုကောင်းပါတယ်။ ဝယ်လက်တွေမှာ ရွေးချယ်စရာ သိပ်မရှိတော့ ဈေးအမြင့် ဖြစ်နေပေမဲ့ ဝယ်ကြရတယ်။ အိန္ဒိယဆန်က တခြားနိုင်ငံတွေရဲ့ ဆန်တွေထက် စျေးသက်သာနေဆဲပါ" ဟု ကာလကတ္တား အခြေစိုက် ဆန်ပြည်ပတင်ပို့သူ တဦးက ပြောသည်။

 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ယခင် သီတင်းပတ်တွင် ခေါ်ဈေး တတန်လျှင် $637-$640 ရှိခဲ့ပြီး ယခုအခါ $625-$630 သို့ ကျဆင်းသည်။

“‌ေဆာင်း-နွေဦးစပါး ရိတ်သိမ်းချိန်မှာ စပါးတွေ ဈေးကွက်ထဲ စီးဝင်နေတယ်။ ‌ေဆာင်း-နွေဦးစပါးက တနှစ်တာမှာ အထွက်အများဆုံးပါ" ဟု ဟိုချီးမင်းစီးတီးမှ ကုန်သည်တဦးက ပြောကြားသည်။

 

ပြည်တွင်းဆန်ဈေးများ ထပ်မံကျဆင်းလာမည်ကို မျှော်လင့်သည့်အတွက်လယ်သမားများထံမှ စပါးဝယ်ယူမှုကို နှေးထားလိုက်သည်ဟု ကုန်သည်အချို့က ပြောသည်။

 

၅% ဆန်ကွဲပါ ထိုင်းဆန် ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $610 ရှိခဲ့ပြီး ယခုအပတ်တွင် $615 သို့ မြင့်တက်သည်။

ထိုင်းဘတ်ငွေသည် ဒေါ်လာနှင့် ငွေလဲနှုန်းတွင် အတက်အကျများ ဖြစ်ပေါ်နေသဖြင့် ပို့ကုန်ဆန် ဈေးအတက်အကျ ဖြစ်ပေါ်သည်။ ပြည်ပမှ အမှာစာ နည်းနေဆဲဖြစ်ပြီး အကြီးအကျယ် အရောင်းအဝယ် မရှိချေ။ လာမည့်လတွင် ဆန်သစ်များ ဈေးကွက်ထဲ တဖြည်းဖြည်း ဝင်လာမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် ယခုနှစ် ဇွန်လအထိ ဆန်တန်ချိန် ၅ သိန်း တင်သွင်းနိုင်ကြောင်း ခွင့်ပြုထားသည်။ ပြည်တွင်းဆန်ဈေး အေးနေစေရန် ပြည်ပမှ ဝယ်ယူဖြည့်တင်းစေခြင်း ဖြစ်သည်။ ယခုလအစောပိုင်းတွင် အစိုးရက ဆန်တင်သွင်းမှုအပေါ် အခွန် ၆၃ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ပါသည်။

Source Reuters


 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 23 February 2024 11:48
Rate this item
(0 votes)