India

×

Warning

JUser: :_load: Unable to load user with ID: 540


အမဲသားလုံးအစပ်ကြော်ချက်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူချက်ပြုတ်နိုင်တဲ့

အမဲသားလုံးအစပ်ကြော်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ အမဲသား၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဆား၊ ဆီ၊ နံနံပင်၊ ငရုတ်သီးအနှစ်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး အမဲသားကို ရေဆေးသန့်စင်ပြီးလျှင် နုတ်နုတ်စင်းထားပြီး ကြိတ်စက်ဖြင့် ကြိတ်ပြီး လုံးထားပါ။

 

ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူကို ကြိတ်ပြီး အမဲသားကို ဆားတို့နှင့် ရောနယ်ထားပါ။

 

ပြီးရင်တော့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ထောင်းထားပါ။

 

ပြီးနောက် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် အမဲသားလုံးကို မီးအေးအေးဖြင့် ကြော်လိုက်ပါ။ ကျက်လျှင် ဇကာထဲထည့်၍ ဆယ်ထားပါ။

 

ပြီးရင်တော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ထည့်ပြီး ဆီသတ်ပေးပါ။ ဆီသတ်ပြီး အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးနှင့် အရောင်တင်မှုန့်ကို ရော၍ ဆီသတ်ပေးပါ။

 

ခရမ်းချဉ်သီးဆီပြန်လို့ အနှစ်ရလာလျှင်တော့ ငရုတ်သီးအနှစ်ကို ထည့်လိုက်ပါ။ ပြီးနောက် ရေအနည်းငယ်ထည့်လိုက်ပါ။ ရေပွက်ပွက်ဆူလာလျှင်အမဲသားလုံးကို ထည့်လိုက်ပါ။

 

နောက်ဆုံးမှ နံနံပင်လေးကိုအုပ်၍ မီးဖိုပေါ်မှ ချလိုက်ပါ။ ပြီးရင်တော့ ထမင်းပူပူ၊ ငပိရည်တို့စရာလေးနှင့် အမဲသားလုံးကြော်ချက်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:25
Rate this item
(0 votes)