India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယ သကြား ပြည်ပတင်ပို့ခွင့် အကန့်အသတ်ဖြင့် ခွဲတမ်းချ ပြန်လည်ခွင့်ပြု

အိန္ဒိယ သကြား ပြည်ပတင်ပို့ခွင့် အကန့်အသတ်ဖြင့် ခွဲတမ်းချ ပြန်လည်ခွင့်ပြု

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယအစိုးရက သကြား မက်ထရစ်တန်ချိန် ခြောက်သန်းကို ပြည်ပတင်ပို့ခွင့်  စနေနေ့တွင်  ခွင့်ပြုခဲ့သည်။ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်ပို့နိုင်သည်။

စားနပ်ရိက္ခာဝန်ကြီးဌာနသည် သကြားစက်များကုိ ပို့ကုန်ခွဲတမ်းချပေးပြီး တင်ပို့မှုကို ခွင့်ပြုခြင်း ဖြစ်သည်။

 သကြားစက်က ရရှိသည့် ခွဲတမ်းကို ကိုယ်တိုင်တင်ပို့နိုင်သည့်အပြင် ခွဲတမ်းကို အခြားသကြားစက်များကို ရောင်းချခွင့် ပေးထားသည်။ အလဲအထပ် လုပ်ခွင့်လည်း ပေးထားသည်။

တင်ပို့ခွင့် ပမာဏ ကန့်သတ်ရခြင်းမှာ ပြည်တွင်း သကြားလက်ကျန် ဖူလုံစေရန် ဖြစ်သည်။

တင်ပို့ရန် ခွင့်ပြုရခြင်းမှာ သကြားစက်များ သကြားတင်ပို့ခြင်းမှ ဝင်ငွေ ရရှိပြီး ကြံစိုက်သည့် လယ်သမားများကို ကြံဖိုးပေးဖို့ လုပ်ငန်းလည်ပတ်ငွေ ပမာဏ လုံလုံလောက်လောက် ရရှိစေရန် ဖြစ်သည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။

သကြားစက်များကို ခွဲတမ်းချပေးရာတွင် ပြီးခဲ့သည့် ၃ နှစ်တာ လုပ်ငန်းလည်ပတ်မှုမှ ထုတ်လုပ်ခဲ့သည့် သကြားပမာဏ ၃ နှစ်စာကို ပျမ်းမျှယူပြီး ၎င်းပျမ်းမျှပမာဏ၏ ၁၈.၂၃% ကို ခွဲတမ်းချပေးသည်။ သကြား စုစုပေါင်း တန်ချိန် ၆ သန်းကို ခွဲတမ်းချပေးထားသည်။

.

လက်ရှိကြံရာသီ (အောက်တိုဘာ ၂၀၂၂ မှစက်တင်ဘာ ၂၀၂၃ အထိ) အတွက် အိန္ဒိယသကြားစက်များအသင်း Sugar Mills Association (ISMA) မှ ခန့်မှန်းထားသည့်အတိုင်း နိုင်ငံ၏သကြားထုတ်လုပ်မှုသည် တန်ချိန် ၃၆.၅ သန်းခန့်ရှိမည်ဟု အစိုးရက မျှော်လင့်ထားသည်။

 .

သကြားစက်များသည် ရရှိထားသော ခွဲတမ်း ပမာဏကို ကိုယ်တိုင် သို့မဟုတ် တင်ပို့သူများ/သန့်စင်စက်ရုံများမှ တစ်ဆင့် တင်ပို့နိုင်သည်ဟု စားနပ်ရိက္ခာဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

.

တင်ပို့ခြင်းမပြုလိုသော သကြားစက်များသည် လာမည့်ရက် ၆၀ အတွင်း ၎င်းတို့၏ခွဲတမ်းကို ပြန်အပ်နှံရမည် ဖြစ်သည် 

ခွဲတမ်း၏ ၉၀ ရာခိုင်နှုန်းကို မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်ပို့ရန် သကြားစက်များကို ညွှန်ကြားထားသည်။

မတင်ပို့နိုင်သည့် သကြားပမာဏကို ပြည်တွင်းဈေးကွက်မှာ လစဉ်ရောင်းချပေးရမည့် သတ်မှတ်ပမာဏတွင် နုတ်ပယ်ပေးမည် ဖြစ်သော်လည်း လစဉ်ရောင်းချပေးရမည့် သတ်မှတ်ပမာဏ၏ ၃၀% အထိသာ နုတ်ပယ်ပေးမည်။ 

 ရထားသည့် ခွဲတမ်းကို အခြားသကြားစက်သို့ ရောင်းချလိုပါကလည်း လာမည့်ရက် ၆၀ အတွင်း အပြီးအပြတ် ရောင်းချရမည်။

.

ခွဲတမ်းရသည့်သကြားကို တင်ပို့ရန်အတွက် စားနပ်ရိက္ခာဝန်ကြီးဌာနတွင် ပို့ကုန်ပါမစ် မဖြစ်မနေ ရယူရမည်။

ယခုကြေညာချက် သက်တမ်းသည် ၂၀၂၃ အောက်တိုဘာလ ၃၁ ရက်အထိ ဖြစ်သည်။ သို့မဟုတ် ၎င်းရက်မတိုင်ခင် နောက်ထပ် ကြေညာချက် ထုတ်ပြန်သည်အထိ ဖြစ်သည်။ 

.

သကြားတင်ပို့မှုကို ဇွန်လ ၁ ရက်တွင် ထိန်းချုပ်ကန့်သတ်ခဲ့သည် 

ပွဲတော်ကာလ သကြား သုံးစွဲမှု မြင့်တက်ချိန်တွင် သကြားပြတ်လပ်မှု မရှိသည်မှာ သေချာအောင် သကြားတင်ပို့မှုကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

.

သကြားလုပ်ငန်းကဏ္ဍသည် မတ်လကုန်အထိ ကမ္ဘာ့သကြားဈေးကွက်တွင် ဘရာဇီးလ် မရှိခြင်းကို အခွင့်ကောင်းယူလိုသည်။  သကြားလုပ်ငန်းကဏ္ဍ ကျွမ်းကျင်သူများ၏အဆိုအရ အိန္ဒိယသည် တင်ပို့မှုခွင့်ပြုပြီးသည်နှင့် ဧပြီလမတိုင်မီ အနည်းဆုံးသကြား တန်ချိန် ၅ သန်းအထိ တင်ပို့နိုင်သည်။

Source thehindubussiness

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Sunday, 06 November 2022 10:55
Rate this item
(0 votes)