India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံများတင်သွင်းခွင့်ပြုခဲ့သော်လည်း ဈေးနှုန်းများကျဆင်းဖွယ် မရှိ

အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံများတင်သွင်းခွင့်ပြုခဲ့သော်လည်း ဈေးနှုန်းများကျဆင်းဖွယ် မရှိ Google

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေး ညွှန် ကြားမှု ဦးစီးဌာန (DGFT) သည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တင်သွင်းခွင့်ပြုမည့် ပဲစင်းငုံ ၄ သိန်း အတွက် တင်သွင်းခွင့်လိုင်စင်များအား ၆ လကျော်ကြာ ဆိုင်းငံ့ထားရာမှ ပြည်တွင်းရှိ ပဲခွဲစက် လုပ်ငန်းရှင်များသို့ ကိုတာခွဲဝေပေးမှုစာရင်းနှင့်အတူ ၁၅-၁၁-၂၀၂၀ နေ့ နောက်ဆုံး ထား၍ အိန္ဒိယ ဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်လို့ ၁၃-၁၀-၂၀၂၀ နေ့တွင် ၎င်း၏ဒေသဆိုင်ရာ DGFT ရုံးခွဲများသို့ အကြောင်းကြားစာထုတ်ပြန်ခဲ့ပါသည်။

 

အဆိုပါ ကြေညာချက်ထွက်ရှိပြီးနောက်ရက်တွင် ပြည်တွင်း၌ ပဲစင်းငုံကြိတ်ခွဲထုတ်လုပ်သည့် အဓိအချက်အချာနေရာဖြစ်သော မဟာရတ္ထပြည်နယ် Akola မြို့ရှိ လက္ကားဈေးကွက်တွင် ပဲစင်းငုံ တစ်ကီလိုဂရမ်လျှင် ၁၂၅ ရူပီးရှိရာမှ ၁၀၅ ရူပီးနှုန်းသို့ ကျဆင်းခဲ့ပါသည်။ သို့ရာတွင် ပဲကုန်သည်များက ဈေးနှုန်းကျဆင်းမှုမှာ ရေရှည်ကြာမြင့်ဖွယ်မရှိဘူးဟု ပြောကြပါ သည်။

 

အိန္ဒိယ ပဲခွဲစက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Mr. Suresh Aggarwal က " ပဲစင်းငုံများ အား ၃၂ ရက်အတွင်း တင်သွင်းရန်မှာ အလွန်တိုတောင်းသည့် ကာလဖြစ်ပြီး သွင်းကုန် လိုင်စင်ရယူသည့်ကိစ္စတစ်ခုက အနည်းဆုံး ရက်သတ္တတစ်ပတ်ကြာမြင့်သည်။ ဒီကာလအတွင်း တင်သွင်းခွင့် ပြုသည့် ပဲစင်းငုံတန်ချိန် ၄ သိန်းရဲ့ ၁၀% တင်သွင်းနိုင်ဖို့တောင် ခက်ခဲစွာလုပ်ဆောင်ရမှာဖြစ်သည်။ သို့ဖြစ်၍ ပဲစင်းငုံတင်သွင်းခွင့်အား ၂၀၂၁ ခုနှစ် မတ်လကုန်အထိ တိုးမြှင့်ပေးရန် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ထံသို့ ၎င်းတို့အသင်းမှ စာရေးသားပေးပို့ တောင်းဆိုထားပါသည် "

 

" Akola မြို့မှ ပဲခွဲစက်လုပ်ငန်းရှင် Mr. Rupesh Rathi ကလည်း တင်သွင်းကာလတိုတောင်းပြီး ဒေဝါလီပွဲတော်ရာသီအချိန်အခါနှင့် တိုက်ဆိုင်လျက်ရှိရာ ကုန် ကြမ်းပြတ်လပ်မှု ဖြစ်ပေါ်နိုင်ပြီး အစိုးရအနေဖြင့် အရန်သိုလှောင်ထားရှိသည့် ပဲစင်းငုံများအား ဈေးကွက်အတွင်းသို့ ရောင်းချခြင်းမပြုလျှင် ဈေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိနေပြီး ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် သီးနှံအသစ်များသည် အစောဆုံးအားဖြင့် ဒီဇင်ဘာလ ပထမပတ်ခန့်၌သာ ဈေးကွက်သို့ ရောက်ရှိနိုင်မှာ ဖြစ်သည်။ သို့ဖြစ်၍ အစိုးရသည် ကုန်စည်ပြတ်လပ်မှုရှိနိုင်သည့် ရက်ပေါင်း ၃၀ ခန့်ကာလအား စီမံခန့်ခွဲနိုင်ရန် လိုအပ်မှာ ဖြစ်သည် " ဟု ပြောကြားခဲ့သည်။

 

ယခုနှစ်မိုးသီးနှံရာသီ၌ ပဲစင်းငုံစိုက်ပျိုးထွက်ရှိမှုမှာ ပုံမှန်ထက်ပိုမိုဖွယ်ရာရှိသဖြင့် ပြည်ပမှဝယ်ယူတင်သွင်းခွင့်ပြုရန် အိန္ဒိယအစိုးရသည် တုန့်ဆိုင်း နေခဲ့ပြီး နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်အရ မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ ဝယ်ယူတင်သွင်းလျက်ရှိသော်လည်း ပဲရောင်းဝယ်မှုဆိုင်ရာ ကျွမ်းကျင်သူများကမူ ပြည်တွင်းရှိ စားသုံးသူအများစုသည် အာဖရိက ဒေသထွက်ပဲများအား နှစ်သက်မှုမရှိကြောင်း ပြောဆိုကြသည်။ 

 

DGFT မှ သတင်း ထုတ်ပြန်ခဲ့အပြီးတွင် မြန်မာနိုင်ငံ၌ ပဲစင်းငုံ တစ်တန်လျှင် ဒေါ်လာ ၆၅၀ ခန့်ရှိရာမှ ဒေါ်လာ ၈၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး အခြားတစ်ဖက်တွင် ပြည်ပမှတင်သွင်းသည့် ပဲများ၏ဈေးနှုန်းမှာ အစိုးရက အနိမ့်ဆုံးထားရှိ ဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်း၏ အောက်၌ရှိမည်ကို အိန္ဒိယ တောင်သူ လယ်သမားအဖွဲ့အစည်း ခေါင်းဆောင်များက စိုးရိမ်လျက်ရှိနေသည်ဟု အိန္ဒိယ Economic Times သတင်းဌာနက ဖော်ပြပါသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)