India



အိန္ဒိယ ကြက်သွန်နီ မရနိုင်သဖြင့် တရုတ်နှင့် ပါကစ္စတန်ထံမှ မလေးရှား တင်သွင်းမည်

အိန္ဒိယ ကြက်သွန်နီ မရနိုင်သဖြင့် တရုတ်နှင့် ပါကစ္စတန်ထံမှ မလေးရှား တင်သွင်းမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယသည် ကြက်သွန်တင်ပို့မှုကို လာမည့်နှစ် မတ်လအထိ ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် တရုတ်နှင့် ပါကစ္စတန်တို့မှ ကြက်သွန်နီများကို မလေးရှား အစိုးရ တင်သွင်းမည် ဖြစ်သည်။

မလေးရှား တင်သွင်းသည့် ကြက်သွန်နီတွင် ၃၆% ဝန်းကျင်ကို အိန္ဒိယမှ တင်သွင်းသည်။ တရုတ်မှ ၂၀% တင်သွင်းသည်။ 

 

စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က နိုင်ငံ ပြောင်းလဲသွားခြင်းကြောင့် မလေးရှား ပြည်တွင်းမှာ ကြက်သွန်နီ လက်လီဈေးကို သိသာထင်ရှားစွာ အပြောင်းအလဲ ဖြစ်စေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ပြည်တွင်း ကြက်သွန်နီဈေးနှုန်းများ မြင့်တက်ခြင်းကို တားဆီးရန်အတွက် လာမည့်နှစ် မတ်လ ၃၁ ရက်နေ့အထိ ကြက်သွန်နီ တင်ပို့မှုအား ဒီဇင်ဘာ ၈ ရက်ကစ၍ တားမြစ်ထားသည်။

 

Source Bernama


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Wednesday, 03 January 2024 22:41
Rate this item
(0 votes)