India

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့ဆန်ဈေး အလားအလာ ဆန်းစစ်ချက်

ကမ္ဘာ့ဆန်ဈေး အလားအလာ ဆန်းစစ်ချက်

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

နှစ်ပေါင်း တစ်ဆယ်ကျော် တည်ငြိမ်နေခဲ့တဲ့ ကမ္ဘာ့ဆန်ဈေးနှုန်းများ အိန္ဒိယဆန် တင်ပို့မှု ပိတ်ပင်ခြင်းနှင့် ပို့ကုန်ခွန်ကောက်ခံခြင်းတို့ကြောင့် ဆန်ဈေးနှုန်းများ မတည်မငြိမ်ဖြင့် ဈေးတက်လိမ့်မယ်လို့ ဆန်ကုန်သည်များက ခန့်မှန်းထားကြပါတယ်။
အိန္ဒိယက ဆန်တင်ပို့မှု ချုပ်ကိုင်လိုက်ချိန်မှာ  ဆန်အဓိက ထုတ်လုပ်တဲ့ နိုင်ငံတွေမှာ အထွက်နှုန်းကျဆင်းနေခြင်း၊ ကမ္ဘာ့ ဆန်ဝယ်လိုအား မြင့်တက်နေခြင်းတို့နှင့် တိုက်တိုက်ဆိုက်ဆိုင် ကြုံနေပါတယ်။
.
မုတ်သုန်မိုး မမှန်တာကြောင့် အိန္ဒိယမှာ စိုက်ပျိုးဧရိယာ လျော့ကျခဲ့လို့ ဆန်တင်ပို့မှုကို အစိုးရက စက်တင်ဘာလမှာ ချုပ်ကိုင်ခဲ့ပါတယ်။
ပါကစ္စတန်မှာ ရေကြီးပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း ရေကြီးလို့ စပါးအထွက်နည်းတာကြောင့် မြန်မာအပါအဝင် ဆန်တင်ပို့တဲ့ နိုင်ငံများမှ ဆန်ကို တိုးမြှင့်ဝယ်ယူပါတယ်။ ဖိလစ်ပိုင်ကလည်း ဆန်တင်သွင်းမှု ပိုများနေပါတယ်။
.
၂၀၂၂/၂၃ မှာ ဆန်ထုတ်လုပ်မှုထက် ဝယ်လိုအားက ပိုများလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားကြပါတယ်။
ဆန်ကို အဓိကထား စားသုံးနေပြီး ပြည်တွင်း ဆန်လြိအပ်ချက်ကို ပြည်ပမှ ဆန်တင်သွင်းပြီး ဖြည့်တင်းနေရတဲ့ အာဖရိကနှင့် အာရှမှ နိုင်ငံအချို့အဖို့ သတင်းဆိုး ဖြစ်ပါတယ်။
.
ကမ္ဘာ့ ဆန်အများဆုံးတင်ပို့တဲ့ အိန္ဒိယနိုင်ငံက ဆန်ကွဲ တင်ပို့မှု ပိတ်ပင်ထားပြီး ဘာစမာတီ မဟုတ်သော ဆန်အမျိုးအစားအချို့ တင်ပို့ခြင်းအပေါ် ပို့ကုန်ခွန် ၂၀% စည်းကြပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။ အကျိုးဆက်အဖြစ် ကမ္ဘာ့ဆန်ဈေး ၁၀% မြင့်တက်ပါတယ်။ 
စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့Food and Agriculture Organization FAO မှ လစဉ်ထုတ်ပြန်ပေးတဲ့ ကမ္ဘာ့ဆန်စျေးနှုန်းညွှန်းကိန်း ၂.၂%  မြင့်တက်ခဲ့ပြီး ၁၈ လတာမှာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။
.
“နိုင်ငံတကာဈေးကွက်ထဲ ဆန်ဈေး တက်တယ်။ ဒီထက်ပိုပြီး တက်ဦးမှာပါ” လို့ Olam India ဆန်စပါးလုပ်ငန်းမှ ဒုတိယဥက္ကဋ္ဌ Nitin Gupta က ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။
.
ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများဟာ COVID-19 ကြောင့် ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ ကမောက်ကမဖြစ်ခြင်းများကြောင့် စားသောက်ကုန် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်းညှိရန် ရုန်းကန်နေကြရပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်တဲ့ စစ်ပွဲ ရှည်ကြာနေတာကြောင့် ကမ္ဘာ့ဈေးကွက်ထဲ စားသောက်ကုန် တန်ချိန်သန်းပေါင်းများစွာ မဝင်လာတော့ပါဘူး။ ကုန်ဈေးနှုန်း ခေါင်ခိုက်သွားစေပါတယ်။
အိန္ဒိယက  ပို့ကုန်ကန့်သတ်ချက်ကို လွန်ခဲ့သည့်လအနည်းငယ်က အကောင်အထည်မဖော်မီက အာရှဆန်ကုန်သည်များက ဆန်များ ပိုပိုလျှံလျှံ ရှိနေတာကြောင့် ဆန်ဈေးတက်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
 ယခုအခါ အိန္ဒိယ တင်ပို့မှု လျော့ကျသွားတဲ့ ပမာဏနှင့် ရာသီဥတုကြောင့် စပါးအထွက်လျော့နည်းတဲ့ ပမာဏတို့ကို ဖြည့်တင်းပေးဖို့ ထိုင်းနှင့် ဗီယက်နမ်တို့မှာ  ဆန်အလုံအလောက် မရှိပါဘူး။ 
၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ဆန်လက်ကျန် ၅ နှစ်တာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 
"အိန္ဒိယက ကမ္ဘာ့ဆန်ကုန်သွယ်ရေးရဲ့ ၄၀% ကို တင်ပို့နေတာကြောင့် ထိပ်တန်း ဆန်တင်သွင်းသူများထံမှ ဝယ်လိုအားမြင့်တက်လာတဲ့အခါ ကမ္ဘာ့ဈေးကွက်ထဲ လျော့နည်းနေတဲ့ အိန္ဒိယဆန် ပမာဏကို အစားထိုး တက်ပို့ပေးဖို့ မလွယ်ကူဘူး" လို့ Nitin Gupta က ပြောကြားပါတယ်။


 

အမေရိကန် စိုက်ပျိုးရေးဌာန  U.S. Agriculture Department (USDA) က ၂၀၂၂/၂၃ ကမ္ဘာ့ဆန် ထုတ်လုပ်မှု ပမာဏစုစုပေါင်းကို တန်ချိန် ၅၀၈ သန်းလို့ လျှော့ချ ခန့်မှန်းပါတယ်။ ၄ နှစ်တာမှာ အနိမ့်ဆုံး ဖြစ်ပါတယ်။ ယခင်က တန်ချိန် ၅၁၂ သန်းလို့ ခန့်မှန်းထားတာကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဆန်ရောင်းဝယ်ရေးလုပ်ငန်းအချို့တို့က တန်ချိန် သန်း ၅၀၀ မျှသာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့မှာ ရာသီဥတု အလွန်အမင်း ဆိုးဝါးတာကြောင့် အထွက်နှုန်း အများကြီးလျော့ကျလိမ့်မယ်လို့ ဆိုပါတယ်။ 

အိန္ဒိယမှာ စပါးစစိုက်တဲ့ကာလမှာ မိုးမရလို့ စိုက်တာ နောက်ကျခဲ့ပါတယ်။ မစိုက်ဖြစ်တောတဲ့ နေရာဒေသတွေလည်း ရှိခဲ့ပါတယ်။ စပါးမှည့်ချိန်မှာ မိုးသည်းထန်တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။ အထွက်နည်းမယ့်အပြင် အရည်အသွေး ကျဆင်းပါလိမ့်မယ်။
အိန္ဒိယနိုင်ငံ နွေစပါးအထွက်နှုန်း ၂၀၂၂/၂၃ တွင် တန်ချိန် ၁၀၅ သန်းအထိ ကျဆင်းနိုင်ဖွယ်ရှိကြောင်း လယ်ယာဝန်ကြီးဌာနက စက်တင်ဘာလတွင် ပြောကြားခဲ့ပါတယ်။ ပုဂ္ဂလိက ကုန်သည်များက တန်ချိန် သန်း ၁၀၀ မျှသာ ရရှိမယ်လို့ ခန့်မှန်းကြပါတယ်။ 

ဆန်အများဆုံးစားသုံးတဲ့ နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံတွင် ဆန်ထွက်ရှိမှု ယမန်နှစ်ကထက် ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်း၊ ဆန်စပါးစိုက်ပျိုးသော ဒေသအချို့တွင် အပူချိန်မြင့်မားမှုနှင့် မိုးခေါင်မှုကြောင့် ဆန်တန်ချိန် ၂၀၆ သန်းအထိ ကျဆင်းသွားနိုင်ကြောင်း အတိုင်ပင်ခံကုမ္ပဏီ Shanghai JC Intelligence Co Ltd မှ ပြောကြားပါတယ်။
.
ယမန်နှစ်နှင့် ယခုနှစ် အခြေအနေ အနေအထား အကြီးအကျယ် ကွာခြားပါတယ်။
ယမန်နှစ်မှာ အိန္ဒိယက စံချိန်တင် ဆန်တန်ချိန် ၂၁ ဒသမ ၂ သန်း တင်ပို့ခဲ့ပြီး ပြိုင်ဘက် ဆန်တင်ပို့တဲ့ နိုင်ငံများထက် ၃၀ ရာခိုင်နှုန်း စျေးသက်သာလို့ ကမ္ဘာ့ဆန်ဈေးကို ဈေးတက်ဖို့ ခဲယဉ်းနေအောင် အိန္ဒိယဆန်က ထိန်းပေးရာ ရောက်ခဲ့ပါတယ်။
ယခုနှစ်မှာတော့ အိန္ဒိယဆန် တင်ပို့မှုကို အစိုးရက ချုပ်ကိုင်ထားလို့ တင်ပို့တဲ့ပမာဏ လေးပုံတစ်ပုံအထိ လျော့ကျဖွယ် ရှိပါတယ်။
.
ထိပ်တန်း ဆန်ထုတ်လုပ်တဲ့ နိုင်ငံအားလုံးနီးပါး ဆန်အထွက်နည်းသဖြင့် ကမ္ဘာ့ဝယ်လိုအားက ထုတ်လုပ်မှုထက် သာလွန်ဖွယ်ရှိတယ်လို့ အိန္ဒိယဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ B.V. Krishna Rao က ပြောပါတယ်။
.
အိန္ဒိယ ဆန်ပို့ကုန်ကန့်သတ်ချက်များကြောင့် ပြိုင်ဖက် တင်ပို့သူ ဗီယက်နမ်၊ ထိုင်းနှင့် မြန်မာတို့ရဲ့ ရောင်းအားကို မြှင့်တင်ရန် ကူညီပေးသော်လည်း ဆန်ပို့ကုန်အတွက် ပိုပိုလျှံလျှံ ဖြစ်နေဖို့အတွက် အကန့်အသတ် ရှိနေတယ်လို့ Rao က ပြောပါတယ်။


ဗီယက်နမ် စပါးအထွက်နှုန်းက ယမန်နှစ်ကအတိုင်း ယခုနှစ်မှာ တန်ချိန် ၄၃ သန်း ဖြစ်မယ်လို့ အစိုးရက ခန့်မှန်းပါတယ်။
ထိုင်းနိုင်ငံက တန်ချိန် ၇.၅ သန်း ယခုနှစ်မှာ တင်ပို့ဖို့ လျာထားပါတယ်။ ယခက် တန်ချိန် ၇ သန်း ခန့်မှန်းခဲ့ပြီး ယခု ၇% ခန့် တိုးမြှင့်ခန့်မှန်းထားတာ ဖြစ်ပါတယ်။ 
ကမ္ဘာ့ဈေးကွက်မှာ အိန္ဒိယဆန် လျော့ကျမယ့် ပမာဏကို နှစ်နိုင်ငံပေါင်း ဆန်တန်ချိန် ၂ သန်းထက် ပိုမထည့်ပေးနိုင်ဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။

တစ်ချိန်တည်းမှာပင် ပါကစ္စတန်ကလည်း ၎င်း၏ သီးနှံများကို ဆိုးရွားစွာ ရေလွှမ်းမိုးမှု ခံခဲ့ရပြီး ကိုယ့်ဒုက္ခနှင့်ကိုယ် ဖြစ်နေလို့ ကမ္ဘာ့ဈေးကွက်မှာ အိန္ဒိယဆန် လျော့ကျမယ့် ပမာဏကို ဖြည့်တင်းပေးနိုင်တော့မှာ မဟုတ်ပါဘူး။ဆန်တန်ချိန် ၇.၄ သန်း ထွက်ရှိမယ်လို့ USDA က ခန့်မှန်းထားပါတယ်။
.
အာရှမှ စပါးစိုက်ပျိုးတဲ့ နိုင်ငံများ ဖြစ်ကြတဲ့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်တို့မှာလည်း ရာသီဥတု အလွန်ဆိုးဝါးခဲ့ပါတယ်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ တိုင်ဖွန်းနှင့် ဆိုင်ကလုန်းများ ကြုံရပါတယ်။
"အာရှမှာ ပုံမှန်မဖြစ်တဲ့ အဖြစ်အပျက်တွေ ပေါင်းဆုံတာကြောင့်  ကမ္ဘာ့နေရာအတော်များများမှာ စားသုံးသူတွေကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး ဆင်းရဲသားစားသုံးသူ အများအပြားက ပိုစျေးကြီးတာ၊ တန်းမြင့်ဆန် သာလွန်တဲ့အဆင့်တွေ ဝယ်စားကြရလိမ့်မယ်။ ဒါမှမဟုတ် ဆန်အစားထိုး တခြားဟာတွေ ဝယ်စားကြရလိမ့်မယ်"လို့ အိန္ဒိယမှ အကြီးဆုံး ဆန်တင်ပို့သူ Satyam Balajee မှ အမှုဆောင်ဒါရိုက်တာ Himanshu Agarwal က ပြောကြားပါတယ်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read times
Rate this item
(0 votes)