India



အင်ဒိုနီးရှား ဆန် တန်ချိန် ၁ သန်း ဝယ်ယူရန် အိန္ဒိယ အစိုးရနှင့် သဘောတူညီမှု လက်မှတ်ရေးထိုး

အင်ဒိုနီးရှား ဆန် တန်ချိန် ၁ သန်း ဝယ်ယူရန် အိန္ဒိယ အစိုးရနှင့် သဘောတူညီမှု လက်မှတ်ရေးထိုး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အယ်နီညို ရာသီဥတုပုံစံကြောင့် ပြည်တွင်းစပါး စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်လာပါက ဆန်တန်ချိန် ၁ သန်း တင်သွင်းရန် အိန္ဒိယအစိုးရနှင့် အင်ဒိုနီးရှားအစိုးရတို့ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က ပြောကြားခဲ့သည်ဟု သတင်းဝဘ်ဆိုက် Kompas.com တွင် သတင်းဖော်ပြထားသည်။

.

အဆိုပါ သဘောတူညီချက်သည် ယခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံပိုင် စားနပ်ရိက္ခာဝယ်ယူရေးအေဂျင်စီ Bulog အတွက် ထုတ်ပေးသည့် သွင်းကုန်ဆန် ခွဲတမ်း တန်ချိန် ၂ သန်းတွင် အကျုံးဝင်ပါသည်။

.

အင်ဒိုနီးရှားသည် အယ်နီညိုရာသီဥတုပုံစံ၏ ရိုက်ခတ်မှုမှ ပြင်းထန်သော ပူပြင်းခြောက်သွေ့ရာသီကို ကြုံရလိမ့်မည်ဟု မျှော်မှန်းထားသည်။

ဇွန်လတွင် စတင်ခဲ့ပြီး စက်တင်ဘာလအထိ ပိုဆိုးဝါးသွားမည် ဖြစ်သည်။ စပါးအထွက်နှုန်း ကျဆင်းခြင်းအပြင် တောမီး အကြီးအကျယ်လောင်မည့် အရေးလည်း ရှိနေသည်။

.

အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ၏ အဆိုအရ အင်ဒိုနီးရှားအစိုးရ၏ ဆန်လက်ကျန်မှာ ဇွန်လအစောပိုင်းတွင် တန်ချိန် ၅၆၀,၀၀၀ ရှိသည်။

Bulog သည် မေလအထိ ပြည်တွင်း တောင်သူများထံမှ ဆန်တန်ချိန် ၅ သိန်း ၀ယ်ယူခဲ့သည်။

.

ယခုနှစ်အစောပိုင်းက ၂၀၂၃ သွင်းကုန်ဆန် ခွဲတမ်း တန်ချိန် ၂ သန်းအတွက် တန်ချိန် ၃၅၀,၀၀၀ တင်သွင်းခဲ့ပြီးပြီ ဖြစ်သည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 16 June 2023 18:17
Rate this item
(0 votes)