India



ဘာစမာတီ ဆန်တင်ပို့မှုအတွက် အနည်းဆုံးဈေး သတ်မှတ်ချက် အိန္ဒိယ ဖြေလျော့မည်

ဘာစမာတီ ဆန်တင်ပို့မှုအတွက် အနည်းဆုံးဈေး သတ်မှတ်ချက် အိန္ဒိယ ဖြေလျော့မည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

အိန္ဒိယသည် လာမည့်ရက်များတွင် ဘာစမာတီဆန်တင်ပို့မှုအတွက် အနည်းဆုံးဈေးကို လျှော့ချမည်ဖြစ်သည်။

 

သတ်မှတ်ပေးထားသော အနည်းဆုံးဈေးသည် ဈေးအမြင့် ဖြစ်နေသဖြင့် ပြည်ပသို့ ပရီမီယံ ဘာမမာတီဆန်မွှေးများ ရောင်းအား သိသိသာသာ ကျဆင်းသွားခြင်းနှင့် ပတ်သက်၍ဆန်စက်လုပ်ငန်းရှင်များနှင့် ကုန်သည်များက မကျေမနပ် ပြောဆိုဝေဖန်မှုများ ပေါ်ပေါက်နေစဉ် ယခုလို ဈေးနှုန်း ပြောင်းလဲရန် စီစဉ်ခြင်း ဖြစ်သည်။

 လက်ရှိ အနည်းဆုံးဈေးနှုန်းမှာ ဘာစမာတီဆန် တတန်လျှင် $1,200 ဖြစ်ပြီး $850 ဟု လျှော့ချ သတ်မှတ်ပေးမည် ဖြစ်သည်။

 

ဩဂုတ်လတွင် အိန္ဒိယသည် ဘာစမာတီဆန် တင်ပို့မှုအတွက်  အနိမ့်ဆုံး ပို့ကုန်စျေးနှုန်း minimum export price (MEP) ကို တတန် $1,200 ဟု သတ်မှတ်ခဲ့သည်။

 

 "MEP တစ်တန် ကန်ဒေါ်လာ ၁၂၀၀က အရမ်းမြင့်တဲ့အတွက် ဆန်စက်လုပ်ငန်းရှင်တွေနဲ့ ကုန်သည်အများစုက ဘာစမာတီဆန်ကို မတင်ပို့နိုင်ခဲ့ကြဘူး" ဟု ဆန်တင်ပို့သူ Vijay Setia က ပြောကြားသည်။

 

အိန္ဒိယသည် ဘာစမာတီ မဟုတ်သော ဆန်ဖြူ တင်ပို့မှုကို ပိတ်ပင်ထားပြီး ဘာစမာတီဆန်ကို ခွင့်ပြုထားသည်။ သို့ဖြစ်ရာ ဘာစမာတီ မဟုတ်သော ဆန်ဖြူများကို ဘာစမာတီဆန်အဖြစ် စာရင်းလိမ်ပြပြီး ဈေးနှုန်းကို ဘာစမာတီ မဟုတ်သော ဆန်ဖြူများ၏ ဈေးနှုန်းအနိမ့်ဖြင့် စာရင်းပြကာ တင်ပို့ခြင်း မပြုနိုင်အောင် တတန် $1,200 ဟု ဈေးအမြင့် ပြဋ္ဌာန်းခြင်းဖြစ်သည်ဟု အာဏာပိုင်တို့က ပြောကြားသည်

"ဘာစမာတီ MEP ကို လျှော့ချရန် ဆုံးဖြတ်တာကြောင့် ဘာစမာတီ တင်ပို့မှု ကျဆင်းနေလို့ ဝင်ငွေဆုံးရှုံးနေတဲ့ တောင်သူလယ်သမားများ အဆင်ပြေသွားစေပါတယ်" ဟု အိန္ဒိယ ဆန်တင်ပို့သူများအဖွဲ့ချုပ် ဥက္ကဋ္ဌ ပရမ်ဂါ့ဂ်က ပြောသည်။

 

“ကမ္ဘာ့ဘာစမာတီဆန်ဈေးကွက်မှာ အိန္ဒိယရဲ့ ဈေးကွက်ဝေစု အများဆုံး ရထားတာကို ဆက်ထိန်းထားနိုင်စေမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

ဘာစမာတီဆန်ကို အိန္ဒိယမှာ တွင်တွင်ကျယ်ကျယ် စားသုံးလေ့ မရှိပါ။ နေုာက်လတွင် ဘာစမာတီဆန်သစ် ပေါ်မည်။ ထိုအခါ ပြည်ပတင်ပို့မှု ကျဆင်းနေလျှင် ဘာစမာတီဆန်များ ပြည်တွင်းဈေးကွက်တွင် ပိုလျှံနေလိမ့်မည်ဟု ပရမ်ဂါ့ဂ်က ပြောသည်။

 

"ဘာစမာတီဆန်တွေ တောင်ပုံရာပုံ ဖြစ်နေပြီးဘပြည်ပကို တင်ပို့လို့ မရရင် ဈေးကျမယ်။ လယ်သမားတွေနဲ့ အိန္ဒိယ ဆန်စပါးကဏ္ဍ ထိခိုက်မယ်။ ဒီတော့ MEP လျှော့ချပေးတာ ပြည်ပကို ရောင်းလို့ရအောင်  အတော်လေး အထောက်အကူ ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

 

အိန္ဒိယနှင့် ပါကစ္စတန်တို့သာ ပရီမီယံ ဘာစမာတီဆန်မွှေးကို တင်ပို့ကြသည်။

အိန္ဒိယသည် အီရန်၊ အီရတ်၊ ယီမင်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အမေရိကန် နိုင်ငံများသို့ ဘာစမာတီဆန် တန်ချိန် ၄ သန်းခန့် တင်ပို့လျက်ရှိသည်။

Source reuters


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 26 September 2023 18:44
Rate this item
(0 votes)