India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယအစိုးရ သကြားတင်ပို့မှုအပေါ် ကန့်သတ်ချက် သက်တမ်းတိုး

အိန္ဒိယအစိုးရ သကြားတင်ပို့မှုအပေါ် ကန့်သတ်ချက် သက်တမ်းတိုး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့သကြားအများဆုံးထုတ်လုပ်သူ အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ သကြားတင်ပို့မှု တားမြစ်ချက်ကို တစ်နှစ်သက်တမ်းတိုးခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သော်လည်း ယခုနှစ်ပြည်ပရောင်းချမှုအတွက် ခွဲတမ်းကို ပြင်ဆင်ရန် ကုန်သည်များက မျှော်လင့်‌ေနကြဆဲဖြစ်သည်။

ကမ္ဘာ့သကြားစားသုံးမှု အများဆုံး နိုင်ငံလည်းဖြစ်သော  အိန္ဒိယသည် ယခုနှစ်တွင် သကြားများကို စံချိန်တင် တင်ပို့ပြီးနောက် ပြည်တွင်းဈေးမြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန် ယခု အောက်တိုဘာလ လကုန်အထိ သကြားတင်ပို့မှုကို ၂၀၂၂ မေလတွင် ကန့်သတ်ခဲ့သည်။

 "အသိပေးချက် အမိန့်စာက  သကြားတင်ပို့မှုကိုကန့်သတ်အမျိုးအစားတွင် ထားရှိတဲ့ အစိုးရရဲ့ မူဝါဒကို သက်တမ်းတိုးပေးလိုက်တာ ဖြစ်ပေမဲ့ အဲဒီ အစိုးရ ဆုံးဖြတ်ချက်က ၂၀၂၂-၂၃ မှာ သကြား တင်ပို့မှုကို ခွင့်ပြုမည်မဟုတ်လို့ မဆိုလိုပါ"ဟု National Federation of Cooperative Sugar Factories Ltd မှ မန်နေဂျင်း ဒါရိုက်တာ Prakash Naiknavare က Reuters သို့ ပြောကြားခဲ့သည်။

လက်ရှိ ကြံရာသီ၏ ပို့ကုန်ခွဲတမ်းကို လာမည့်သီတင်းပတ်တွင် ထုတ်ပေးနိုင်ဖွယ်ရှိကြောင်း ကုန်သွယ်မှုနှင့် အစိုးရသတင်းရင်းမြစ်များက ဆိုသည်။

အောက်တိုဘာ ၁ ရက်မှ စတင်သည့် စျေးကွက်နှစ်သစ်အတွက် ပထမဆုံးအသုတ် သကြားတင်ပို့မှုတွင် အစိုးရအနေဖြင့် သကြားတန်ချိန် ၅ သန်းတင်ပို့ခွင့်ပြုရန် အဆင်သင့်ဖြစ်နေပြီဟု ပြီးခဲ့သည့်လက ရိုက်တာသတင်းတွင် ဖော်ပြခဲ့ပါသည်။

အိန္ဒိယအစုိးရသည် ဒုတိယအသုတ်တွင် သကြားတန်ချိန် ၃ သန်းခန့် တင်ပို့ခွင့်ပြုရန် မျှော်မှန်းထားပြီး ယခုနှစ်တွင် ပြည်ပသို့ သကြားတင်ပို့မှု စုစုပေါင်း တန်ချိန် ၈ သန်းခန့် ရှိလာမည်ဖြစ်သည်။

အိန္ဒိယသကြားစက်များအသင်း Indian Sugar Mills Association  ၏ အဆိုအရ အိန္ဒိယသည် ၂၀၂၂-၂၃ ကြံရာသီတွင် သကြားတန်ချိန် ၉ သန်းအထိ တင်ပို့နိုင်မည်ဟု ဆိုသည်။

အီသနောထုတ်လုပ်မှုအတွက် သကြားတန်ချိန် ၄.၅ သန်းကို ဖယ်ထားလိုက်ပြီးနောက် အိန္ဒိယသည် ၂၀၂၂-၂၄ ရာသီတွင် သကြားတန်ချိန် ၃၆.၆ သန်းခန့် ထုတ်လုပ်နိုင်ကာ ယခင်ရာသီထက် ၂% ပိုများလိမ့်မည်ဟု မျှော်လင့်ရသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)