India

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားစတိုင် ပုစွန်ဘိုစားပဲသီးအစပ်ကြော်

မလေးရှားမှာဆိုရင်တော့ နေရာတိုင်းလိုလိုမှာ ရနိုင်တဲ့ ဟင်းတမယ်ပဲဖြစ်ပါတယ်။

ချိုစပ်အရသာရှိပြီး ထမင်းမြိန်စေမည့် ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်။ ဆိုင်တွင်သွားစားမလိုဘဲ အိမ်တွင်လည်း ချက်ရလွယ်ကူ မြန်ဆန်စေမှာဖြစ်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ပုစွန်၊ ဘိုစားပဲ၊ ခရုဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်ကြော်၊ ငရုတ်သီး၊ ပုစွန်ခြောက်၊ ဆီ၊ ဆား၊ သကြား တို့ လိုအပ်ပါမယ်။


ပထမဆုံး ပုစွန်ကို ရေဆေးသန့်စင်ပြီး ပြုတ်ထားပါ။ ပြီးလျှင် အအေးခံပြီး အခွံနွှာထားပါ။ သို့မဟုတ်ဘဲ ပုစွန်အစိမ်းကို ဆီပူတွင်ကြော်ပြီးလည်း လုပ်နိုင်ပါတယ်။

 

ပြီးလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးသေးသေးစိတ်ထားပါ။ ပဲသီးကိုရေဆေးပြီး အနေတော် လှီးဖြတ်ထားပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲ ဆီထည့်၍ အပူပေးထားပါ။ ဆီပူလာပါက ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးဆီသပ်ပါ။

 

ပြီးလျှင် ခရုဆီထည့်ပါ။ ဘိုစားပဲသီးကိုလည်း ထည့်ကြော်ပါ။ ပြီးနောက် ပုစွန်ထည့်ပြီး သမအောင်မွှေပေးပါ။

 

အရသာလိုအပ်ပါကဆားနှင့်သကြား ထပ်ထည့်နိုင်ပါတယ်။ ပြီးလျှင် အရသာအပေါ့အငံမြည်းကြည့်ပြီး ပန်းကန်တွင် တည်ခင်း၍ အပေါ်မှ ကြက်သွန်ကြော်ဖြူးကာ ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:58
Rate this item
(1 Vote)