India
မလေးရှားစတိုင်လ် ငါးပိကြက်သားကြော်
ကြက်သားကို ဒီအတိုင်းချည်းစားရတာ ရိုးအီသွားသူတွေအတွက် မြန်မာစတိုင်ပုံစံနဲ့မဟုတ်ဘဲ အိမ်မှာလည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်သော
မလေးရှားစတိုင်လ် ငါးပိကြက်သားကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ကြက်ဥ၊ ပြောင်းဖူးမှုန့်၊ ခရုဆီ၊ ဆီတို့ဟူးအနီရောင်၊ ဆီတို့ဟူးအဖြူရောင်၊ ငါးပိစိမ်းစား၊ သကြား၊ Cooking wine တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သားကို အရွယ်တော်အတုံးကလေးများဖြစ်အောင် လှီးဖြတ်ပြီး ရေဆေးထားပါ။ ပြီးလျှင် ငါးပိစိမ်းစားကို မီးကင်ထားပါ။
ပြီးနောက် ကြက်သားကို ခရုဆီ၊ ဆီတို့ဟူးအနီရောင်၊ ဆီတို့ဟူးအဖြူရောင်၊ ငါးပိစိမ်းစားကင်၊ သကြား၊ Cooking Wine တို့နှင့် ရောနယ်ပြီး အနည်းဆုံး နှစ်နာရီမှ သုံးနာရီအထိ နှပ်ထားပါ။
Read More >>>>> ထိုင်းစတိုင်လ် သခွားသီးထောင်း
နှပ်ပြီး ကြက်သားကို ကြော်မည်ဆိုပါက ကြက်ဥကိုဖောက်ထည့်ပြီး နယ်ပေးပါ။ ပြီးနောက် ကြက်သားကို ပြောင်းဖူးမှုန့်နှင့် လူးပြီး ကြော်လိုက်ပါ။
ကြက်သားကို ဟိုဘက်ဒီဘက်လှန်ပြီး ကြော်ပေးပါ။ ကြက်သားများ နီညိုရောင်သန်းလာပြီဆိုရင်တော့ ဇကာထဲတွင် ဆီစစ်ပေးထားပါ။
နောက်ဆုံးတွင် အရသာရှိတဲ့ မလေးရှားစတိုင်လ် ငါးပိကြက်သားကြော်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။