India

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲ ၃ မျိုး အိန္ဒိယနှင့် တရုတ် အဝယ်လိုက်သဖြင့် ဈေးကျနေရာမှ ဈေးပြန်တက်

ပဲ ၃ မျိုး အိန္ဒိယနှင့် တရုတ် အဝယ်လိုက်သဖြင့် ဈေးကျနေရာမှ ဈေးပြန်တက်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ယခုဘဏ္ဍာနှစ် ခုနစ်လနီးပါးအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၈၇၀,၀၀၀ ကျော်တင်ပို့မှုထံမှ ဝင်ငွေအမေရိကန် ဒေါ်လာ သန်း ၆၉၀ နီးပါးရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါသည်။

.

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပင်လယ်ရေကြောင်းမှ ပဲအမျိုးမျိုး တန်ချိန် ၇၃၀,၀၀၀ ကျော်နှင့် နယ်စပ်မှ တန် ၁၄၀,၀၀၀ ကျော်တင်ပို့ထားပါသည်။

ပင်လယ်ရေကြောင်းတင်ပို့မှုဝင်ငွေ ကန်ဒေါ်လာ သန်း ၅၉၀ နီးပါးနှင့် နယ်စပ်တင်ပို့မှု ဝင်ငွေ သန်း ၁၀၀ ကျော် ရရှိထားသည်။ ယခုဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်းကိုအများဆုံးတင်ပို့ထားပြီး တန်ချိန် ၃၄၀,၀၀၀ ကျော်အထိ တင်ပို့ထားကာ မတ်ပဲ တန်ချိန် ၂၉၀,၀၀၀ကျော် နှင့် ပဲစင်းငုံ တန်ချိန် ၆၈၀,၀၀၀ကျော် တင်ပို့ထားကြောင်း စီးပွား/ကူးသန်းက ထုတ်ပြန်ထားသည်။

.

အိန္ဒိယက လာမည့် ၂၀၂၃ ခုနှစ် မတ်လကုန်အထိ မတ်ပဲနှင့် ပဲစင်းငုံကို အကန့်အသတ်မရှိ တင်သွင်းခွင့်ပြု ထားသောကြောင့် အဆိုပါ ပဲများ တင်ပို့မှု ဆက်လက်များပြားနိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ သုံးသပ်ထားသည်။ 

.

ပြည်တွင်း ပဲမျိုးအသစ်ထွက်ရာသီ ဖြစ်သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတို့ သည် ပဲဈေးကွက် အရောင်းအဝယ်သွက်သည့်လများဖြစ်ပြီး ယခုနှစ်တွင် ပဲမျိုးစုံ စိုက်ပျိုးမှုလျော့နည်းသည့် ဒေသများ ရှိနေခြင်းကြောင့် ယခင်နှစ်ထက် အထွက် လျော့ကျနိုင်ကြောင်း ပဲကုန်သည်များက ပြောကြားသည်။

 

 ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးအေးနေသော်လည်း ပို့ကုန် ပဲမျိုးများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲတို့သည် တရုတ်နှင့် အိန္ဒိယ ၂ နှစ်ငံတို့မှ အဝယ်ဆုံလာခြင်းကြောင့် နိုဝင်ဘာဒုတိယပတ် ဈေးကွက်အတွင်း အရောင်းအဝယ် ပြန်သွက်လာသည်။

 

အဆိုပါ ပဲမျိုးများကို အိန္ဒိယက ဈေးတိုးမြှင့်ဝယ်လာသကဲ့သို့ တရုတ်ကလည်း အဝယ်လိုက်လာခြင်းများကြောင့် မတ်ပဲ၊ ပဲစင်းငုံ ဈေးကွက်ကျဆင်းနေရာမှ ဈေးအနည်းငယ် ပြန်တက်လာကာ . အောက်တိုဘာတွင် မတ်ပဲ၊ ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ၁၇၀,၀၀၀ ကျပ်ရှိနေရာမှ နိုဝင်ဘာ ၁၂ ရက်ပေါက်ဈေးအရ သုံးတင်းဝင် မတ်ပဲတစ်အိတ်လျှင် ၁၈၂,၀၀၀ ကျပ်၊ ပဲစင်းငုံတစ်အိတ်လျှင် ၁၈၁,၀၀၀ ကျပ် ပေါက်ဈေးဖြစ်လာကာ ဈေးနှုန်းများ ပိုမိုမြင့်တက်လာသည်။

 

ပြည်တွင်းသုံး ကုလားပဲအုပ်စုသည်လည်း ဈေးအနည်းငယ် မြင့်တက်လာပြီး ယခင်အောက်တိုဘာဘက ကျပ် ၁၅၀,၀၀၀ ရှိရာမှ နိုဝင်ဘာလ ၁၁ ရက် ပေါက်ဈေးအရ ကုလားပဲ V2 တစ်အိတ်လျှင် ကျပ် ၁၉၆,၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ယခင် ကျပ် ၂၁၀,၀၀၀ သာရှိရာမှ ကျပ် ၂၃၅,၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ယခင် ကျပ် ၁၂၅,၀၀၀ ဝန်းကျင်သာရှိရာမှ ကျပ် ၁၆၀,၀၀၀ အထိ ဈေးမြင့်တက်လာသည်။

Source MDN

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Monday, 14 November 2022 18:10
Rate this item
(0 votes)