India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယမှချမှတ်လိုက်သော ဆန်မူဝါဒအသစ်ကြောင့် ကမ္ဘာ့ဆန်စျေးနှုန်း မြင့်တက်ဖွယ်ရှိ

ဆန်ကွဲများတင်ပို့မှုကို ပိတ်ပင်ခြင်းနှင့် ဘာစမာတီမဟုတ်သည့် ဆန်ဖြူများတင်ပို့မှုအတွက် အခွန် ၂၀ ရာခိုင်နှုန်းကောက်ခံ

သည့် ဆန်မူဝါဒအသစ်ကို အိန္ဒိယအစိုးရမှ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က ချမှတ်ခဲ့သည်။ ယင်းမူဝါဒကြောင့် အိန္ဒိယနိုင်ငံမှ

ဆန်တင်ပို့မှုသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄ သန်းမှ ၅ သန်းအထိ ကျဆင်းနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြောင်းသိရသည်။ အိန္ဒိယနိုင်ငံသည် ယခင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ဆန်တင်ပို့မှု စျေးကွက်၌ ၄၀ ရာခိုင်နှုန်းအထိ စျေးကွက်၌ ဝေစုရရှိခဲ့သည်။

 

၎င်းအပြင်ဆန်မူဝါဒအသစ်သည် ဆန်ထုတ်လုပ်မှုကို တန်ချိန် ၁၇ ဒသမ ၈ သန်းခန့် လျော့နည်းနိုင်ကြောင်း ကိုလည်း အိန္ဒိယနိုင်ငံ ဆန်တင်ပို့သူများအသင်း ဥကဌက ပြောကြားခဲ့ကြောင်း သိရသည်။

 

ဤဆန်မူဝါဒအသစ်သည် ဆန်ဖြူများ၏ စျေးနှုန်းကို အာရှတိုက်ရှိ ယှဉ်ပြိုင်ဘက်နိုင်ငံများ၏ စျေးနှုန်းများအတိုင်း မြင့်တက်လာစေရန် ရည်ရွယ်ကြောင်း အိန္ဒိယနိုင်ငံ ဆန်တင်ပို့သူများအသင်း ဥက္ကဌက ပြောကြားသကဲ့သို့ အိန္ဒိယနိုင်ငံ အစားအသောက်ဝန်ကြီးမှ ပြည်ပသို့ ဆန်တင်ပို့မှုများပြားလာခြင်းသည် ပြည်တွင်း မွေးမြူရေး လုပ်ငန်းအတွက် တိရစ္ဆာန်ကျွေးမွေးမှုနှင့်

အရက်ပြန်ထုတ်လုပ်မှုများအတွက်လည်း ထိခိုက်စေနိုင်သည့်အတွက် ကြောင့် ပြောကြားသည်။

 

ဤဆန်မူဝါဒအသစ်ကြောင့် ဖြစ်ပေါ်လာမည့် ကမ္ဘာ့ဆန်စျေးနှုန်းများအခြေအနေကို ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်းနှင့် ဗီယက်နမ်နိုင်ငံ အစားအသောက်အသင်းမှလည်း စောင့်ကြည့်နေကြပြီး ကမ္ဘာ့ဆန်စျေးနှုန်းမှာ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်းကိုလည်း ၎င်းတို့က ခန့်မှန်းပြောကြားကြောင်း သိရသည်။

 

Source: The Mirror

The Myanmar Food Industry Guide

Read times
Rate this item
(0 votes)