India



အာရှနှင့် အာဖရိက ခုနစ်နိုင်ငံသို့ ဘာစမာတီ မဟုတ်သော ဆန်ဖြူ တန်ချိန် ၁.၃၄ သန်း တင်ပို့ရန် အိန္ဒိယ ခွင့်ပြု

အာရှနှင့် အာဖရိက ခုနစ်နိုင်ငံသို့ ဘာစမာတီ မဟုတ်သော ဆန်ဖြူ တန်ချိန် ၁.၃၄ သန်း တင်ပို့ရန် အိန္ဒိယ  ခွင့်ပြု

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

ဖိလစ်ပိုင်၊ မလေးရှား၊ ကင်မရွန်း၊ အိုင်ဗရီကို့စ်နှင့် နီပေါအပါအဝင် အာရှနှင့် အာဖရိကနိုင်ငံ ၇ နိုင်ငံသို့ ဘာစမာတီ မဟုတ်သော ဆန်ဖြူတန်ချိန် ၁ ဒသမ ၃၄ သန်း တင်ပို့ရန် အိန္ဒိယအစိုးရက အတည်ပြုသည်။

၎င်းဆန်များကို National Cooperative Export Ltd (NCEL) မှ တစ်ဆင့် တင်ပို့ရမည် ဖြစ်သည်။

ပြည်တွင်း ဆန်ဖူလုံရေး မြှင့်တင်ရန် ဆန်ဖြူတင်ပို့မှုကို အိန္ဒိယ အစိုးရက ဇူလိုင် ၂၀ ရက်မှစ၍ တားမြစ်ထားခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် government to government အစိုးရမှ အစိုးရသို့ (G2G) လမ်းကြောင်းမှတစ်ဆင့် တင်ပို့ခွင့်ပြုခဲ့ပါသည်။

 

ယခုတကြိမ် ခွင့်ပြုလိုက်သည့် ဆန်ဖြူ တန်ချိန် ၁.၃၄ သန်းမှာ စာရင်းပါသည့် နိုင်ငံများနှင့် ဆန်တန်ချိန်များမှာ

• ဖိလစ်ပိုင် တန် ၀.၂၉ သန်း

• ကင်မရွန်း တန် ၀.၁၉ သန်း

• မလေးရှား တန် ၀.၁၇ သန်း 

• အိုင်ဗရီကို့စ် တန် ၀.၁၄ သန်း

• ဂီနီယား တန် ၀.၁၄ သန်း

• နီပေါ တန် ၉၅,၀၀၀

• ဆေးရှဲလ် တန် ၈၀၀

တို့ ဖြစ်ပါသည်။ 

ဩဂုတ်လတွင် NCEL မှ တဆင့် ဆန်ဖြူ တန် ၀.၁၄ သန်း တင်ပို့ခွင့် ပြုခဲ့ရာ 

•ဘူတန် တန် ၇၉,၀၀၀

• စင်ကာပူ တန် ၅၀,၀၀၀

• မောရစ်သျှ တန် ၁၄,၀၀၀

တို့ စာရင်းမှာ ပါဝင်ပါသည်။

 

စက်တင်ဘာလတွင် NCEL မှ တဆင့် ဆန်ဖြူ တန် ၇၅,၀၀၀ ကို အာရပ်စော်ဘွားများ ပြည်ထောင်စု UAE သို့ တင်ပို့ရန် ခွင့်ပြုခဲ့ပါသည်။

 

Source finicial express 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 18 October 2023 18:16
Rate this item
(0 votes)