India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင် ရုံးပတီသီးအစပ်နှပ်

အိန္ဒိယစတိုင်  ရုံးပတီသီးအစပ်နှပ် google

ရုံးပတီသီးကို အစပ်ကလေးနှပ်စားချင်သူများအတွက် အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ရုံးပတီသီး၊ ငရုတ်သီးခွဲခြမ်းမှုန့်၊ အရောင်တင်မှုန့်၊ ပုစွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ရုံးပတီသီးကို ထိပ်နဲ့အမြီးကိုဖြတ်ထားပါ။

 

ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အခွံနွှာပြီး ပုစွန်ခြောက်နဲ့ရောကြိတ်ထားပါ။

 

ပြီးနောက် ကြိတ်ပြီးသား အစာတွေကို ငရုတ်သီးခွဲခြမ်းမှုန့်၊ ငံပြာရည်၊ ဆား၊ ကြက်သားမှုန့်တို့ထည့်ပြီး ဆီသတ်ပါ။

 

ပြီးလျှင် ကြက်သွန်ရွှေဝါရောင်သန်းလာရင် ရုံးပတီသီးထည့်လုံးပြီး ရေအနည်းငယ်ထည့်၍ မီးအေးအေးနဲ့ မိနစ်အနည်းငယ်ကြာ နှပ်ထားပေးပါ။

 

Read More >>>>> မလေးရှားစတိုင် ကြက်သားအာလူးနှင့် ကြက်အူချောင်းအစပ်ဟင်း

 

ပြီးရင်ပေါ့ အရသာအတွက် အပေါ့အငန်မြည်းကြည့်ပါ။  

 

နောက်ဆုံးတွင်တော့ အိန္ဒိယစတိုင် ရုံးပတီသီးအစပ်နှပ်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 08 May 2019 17:22
Rate this item
(1 Vote)