India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင်လ် မုန်လာဥထမင်း

သက်သတ်လွတ်သမားများအတွက် အဆင်ပြေစေမည့်အပြင် ချက်ရတာလည်း လွယ်ကူစေတဲ့ မုန်လာဥထမင်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ဆန်၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ဆီသတ်ရွက်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကရဝေးရွက်၊ ဖာလာ၊ လေးညှင်း၊ သစ်ကြံပိုး၊ နံနံပင်၊ ပူစီနံ၊ မြေပဲ၊ သီဟိုစေ့၊ စပျစ်ခြောက်၊ အရောင်တင်မှုန့်၊ မဆလာ၊ ဆား၊ သကြား၊ ထောပတ်ဆီ၊ တို့ လိုအပ်ပါမယ်။

 

ပထမဦးစွာ ဆန်ကို ရေဆေးသန့်စင်ပြီး နာရီဝက်ခန့်ရေစိမ်ထားပါ။ ပြီးလျှင် မုန်လာဥကို ရေဆေးသန့်စင်ပြီးခြစ်ထားပါ။


ပြီးရင် ချင်း၊ ကြက်သွန်ဖြူကို အခွံသင်ပြီး ထောင်းထားပါ။ နံနံပင်၊ ပူစီနံတို့ကို ရေဆေးသန့်စင်ထားပါ။

 

အားလုံးအသင့်ဖြစ်ပါက ထမင်းချက်မည့်အိုးတွင် ဆီထည့်ပြီး မြေပဲဆံ၊ သီဟိုဠ်စေ့ကိုကြော်ပြီး ဖယ်ထားပါ။

 

ဆီသပ်ရွက်၊ ကရဝေး၊ သစ်ကြံပိုး၊ ဖာလာ၊ လေးညှင်းတို့ကို ဆီသတ်ပါ။ ချင်း၊ ကြက်သွန်ဖြူထည့်ပါ။

 

ဆီသတ်နံ့မွေးလာပါက ခြစ်ထားသောမုန်လာဥကို ထည့်ကြော်လိုက်ပါ။ ပြီးလျှင် အရောင်တင်ငရုတ်သီးမှုန့်၊ မဆလာထည့်ပါ။ ပူစီနံနှင့်နံနံပင်ထည့်ပါ။

 

အားလုံးသမအောင်မွှေပေးကာ ရေစိမ်ထားသောဆန်ကို ဇကာဖြင့်စစ်ပြီးထည့်ပါ။ သမအောင်မွှေပြီး ဆားနှင့်သကြားထည့်ပါ။

 

ရေကို ချိန်ထည့်ပြီး အရသာအပေါ့အငန်မြည်းပါ။ ရေဆူပွက်ပါက မီးလျော့ပြီးရေခမ်းချက်ပါ။

 

ရေခမ်းပါက စပျစ်ခြောက်၊ သီဟိုစေ့၊ ကိုထည့်ပြီး မီးကို အသေးဆုံးထိ လျော့ချကာ ထမင်းနှပ်အောင်ချက်ပြီး မီးပိတ်ထားပါ။

 

ပြီးနောက် ထောပတ်ကို အပူပေးပြီး ထမင်းအိုးတွင် အနည်းငယ်ဆီဖြန့်ထည့်၍ သမအောင်ဖွဖွမွှေပေးပြီး ပူစီနံ၊ နံနံပင်သေးသေးစိတ်ထည့်ကာ သခွားသီး၊ ကြက်သွန်နီ အချဉ်သုပ်၊ သရက်သီးသနပ်၊ သံပုရာသီးသနပ်၊ နှစ်သက်ရာအချဉ်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:21
Rate this item
(1 Vote)