India



အိန္ဒိယကြက်သွန် မရနိုင်တော့သဖြင့် တရုတ်နှင့် ပါကစ္စတန်မှ မလေးရှား တင်သွင်းမည်

အိန္ဒိယကြက်သွန် မရနိုင်တော့သဖြင့် တရုတ်နှင့် ပါကစ္စတန်မှ မလေးရှား တင်သွင်းမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယအစိုးရသည် ကြက်သွန် တင်ပို့မှုကို လာမည့်နှစ် မတ်လအထိ ပိတ်ပင်ထားရန် ဆုံးဖြတ်ခဲ့ပြီးနောက်  မလေးရှားနိုင်ငံသည် အိန္ဒိယကြက်သွန် မရနိုင်တော့သဖြင့်တရုတ်နှင့် ပါကစ္စတန်တို့မှ ကြက်သွန်နီများ တင်သွင်းမည်ဖြစ်သည်။

 

ဒီဇင်ဘာ ၈ ရက်တွင် အိန္ဒိယနိုင်ငံသည် ကြက်သွန်နီ  ပြည်တွင်းဈေးနှုန်းများ မြင့်တက်ခြင်းကို တားဆီးရန်အတွက် လာမည့်နှစ် မတ်လ ၃၁ ရက်နေ့အထိ ကြက်သွန်နီ တင်ပို့မှုအား တားမြစ်ခဲ့ပါသည်။

စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က ယခုလို ပင်ရင်းနိုင်ငံ ပြောင်းလဲဝယ်ယူသည့်အတွက် မလေးရှား ကြက်သွန်နီ ဈေးကွက်ထဲတွင်  ကြက်သွန်နီ လက်လီဈေးကို သိသိသာသာ အပြောင်းအလဲ ဖြစ်စေမည်မဟုတ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ ဝယ်ယူဖို့အတွက် ပြင်ဆင်ထားပြီးပါပြီ။ ကြက်သွန်နီ ဈေးနှုန်း (လက်လီဈေး) ကို ပြည်တွင်း ကုန်သွယ်မှုနှင့် နေထိုင်မှု စရိတ်စက ဝန်ကြီးဌာနက အစည်းအဝေး ထိုင်ပြီး ဆုံးဖြတ်ပေးပါလိမ့်မယ်။ အခုဈေးနှုန်းနဲ့ သိပ်ကွာခြားမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားသည်။

 

မလေးရှားသည် အိန္ဒိယကြက်သွန်နီကို အများဆုံး တင်သွင်းခဲ့သည်။ စုစုပေါင်း ကြက်သွန်နီ တင်သွင်းမှု စုစုပေါင်း၏ ၃၆% ကို အိန္ဒိယထံမှ တင်သွင်းသည်။ တရုတ်ထံမှ ၂၀% နှင့် ထိုင်းထံမှ ၇% တင်သွင်းသည်။ 

Source Bernama.


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 19 December 2023 17:44
Rate this item
(0 votes)