India

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားစတိုင် ပုစွန်ငါးပိနဲ့ ကြက်တောင်ပံကင်

အစားအစာအဆန်းတစ်မျိုးဖြစ်တဲ့ ကြက်တောင်ပံကင်နဲ့ ပုစွန်ငါးပိ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ဒီအစားအစာကတော့ စင်္ကာပူနှင့် မလေးရှားတရုတ်အစားအစာတစ်မျိုးအဖြစ် လူသိများတဲ့ ဟင်းပွဲတစ်ပွဲဖြစ်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်တောင်ပံ၊ ပုစွန်ငါးပိအနှစ်၊ ငရုတ်ကောင်း၊ နှမ်းဆီမွှေး၊ ဆီ၊ ပြောင်းဖူးမှုန့် တို့လိုအပ်ပါမယ်။


ပထမဦးဆုံး ကြက်တောင်ပံကို ရေဆေးသန့်စင်ပြီး လှီးဖြတ်ထားပါ။

 

ပြီးလျှင် ပုစွန်ငါးပိအနှစ်၊ ငရုတ်ကောင်း၊ ပြောင်းဖူးမှုန့်ထည့်ပြီး သမအောင်နယ်၍ တစ်ည နှပ်ထားပါ။

 

ပြီးနောက် Oven ကို ၂၂၀ ဒီဂရီ အပူပေးထားပါ။ နှပ်ထားသော ကြက်ကို သမအောင်ပြန်နယ်ပြီး ဗန်းမှာ ဆီစိမ်စက္ကူခင်းကာ ဖြန့်ထည့်ပါ။

 

ပြီးလျှင် အနည်းငယ်ခြောက်နေပါက ဆီအနည်းငယ်လူးပေးပြီး Oven မှာ မိနစ် နာရီဝက်ခန့် ကင်ပေးပါ။

 

ဆယ်မိနစ်ကြော်လျှင်တော့ တစ်ကြိမ် အထက်အောက်လှန်ပေးပြီး နီညိုရောင်သန်းကာ ကြွပ်လာပါက ကြက်တောင်ပံကို ထုတ်ယူပြီး မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 29 November 2018 11:52
Rate this item
(1 Vote)