India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၈ ဧပြီ ၂၀၂၃

 

ဆန်တင်ပို့မှု အများဆုံး အိန္ဒိယ၏ ပို့ကုန်ဆန် ဈေးနှုန်းများ နှစ်ပတ်ဆက်တိုက် ကျဆင်းခဲ့ရာ ဇန်နဝါရီ လလယ်တွင် ဖြစ်ပေါ်ခဲ့ဖူးသည့် အနိမ့်ဆုံး‌ေဈးနှုန်း‌‌သို့ ကျဆင်းနေချိန်တွင် ထိုင်းနိုင်ငံမှ ပို့ကုန်ဆန် ဈေးနှုန်းသည် နှစ်လကျော်အတွင်း အမြင့်ဆုံးသို့ ခုန်တက်သွားသည်။ အမှာစာများ ပိုမိုရရှိလာနေပြီး ရိတ်သိမ်းရာသီ ကုန်ဆုံးခါနီးပြီ ဖြစ်သဖြင့် ဈေးကွက်ထဲ ဆန်အဝင် နည်းနေသဖြင့် ပို့ကုန်ဆန် ဈေးတက်သည်။
*
၅% ဆန်ကွဲပါ ထိုင်းဆန် ခေါ်ဈေး တစ်တန်လျှင် ယခင်သီတင်းပတ်တွင် $480 ဖြစ်ခဲ့ပြီး ယခုသီတင်းပတ်တွင် $490-$495 သို့ ခုန်တက်သည်။ ဖေဖော်ဝါရီလ ၃ ရက်နောက်ပိုင်း စံချိန်တင် အမြင့်ဆုံးဈေးနှုန်း ဖြစ်လာသည်။

ထိုင်းဆန်ဈေးကွက်ထဲ ဆန်အဝင် လျော့ကျလာခြင်း၊ ဘတ်-ကန်ဒေါ်လာ ငွေလဲနှုန်း အတက်အကျများ ဖြစ်ပေါ်နေခြင်း၊ အင်ဒိုနီးရှားထံမှ အမှာစာများ တိုးလာခြင်းတို့ကြောင့် ပို့ကုန်ဆန်ဈေးနှုန်း မြင့်တက်သည်ဟု ကုန်သည်များက ဆိုသည်။
လတ်တလောတွင် အင်ဒိုနီးရှားက ထိုင်းဆန် တန်ချိန် ၅ သိန်း ဝယ်ယူခဲ့သည်။
၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် တန်ချိန် ၂ ဒသမ ၀၆ သန်း ရှိသည်။
*
၅% ဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန် ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်က $382-$388 ရှိခဲ့ပြီး ယခုအပတ်တွင် $378-$382 သို့ ကျဆင်းသည်။
ဇန်နဝါရီလ ၁၃ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်း ဖြစ်သည်။ ဝယ်လိုအား သိသိသာသာ လျော့ကျသဖြင့် ဈေးကျသည်ဟု ကုန်သည်များက ပြောကြားသည်။
*
၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ယခုအပတ်တွင် ဈေးနှုန်း အပြောင်းအလဲ မဖြစ်ပေါ်ပါ။ ယခက်အပတ် ခေါ်ဈေး တစ်တန်လျှင် $495-$500 အတိုင်း ဆက်ရှိပြီး ဈေးငြိမ်နေသည်။ ၂၀၂၁ ဧပြီလ ပေါက်ဈေးသို့ ပြန်လည်ရောက်ရှိနေခြင်း ဖြစ်သည်။
အဓိက ရိတ်သိမ်းရာသီ ကုန်ဆုံးပြီ။ ဈေးကွက်ထဲ ဆန်အဝင် လျော့ကျနေသည်။
လာမည့် မေလကုန် သို့မဟုတ် ဇွန်လအစောပိုင်းတွင် ဆန်သစ်ပေါ်မည် ဖြစ်သည်။
ကုန်သည်များသည် ပြည်ပဈေးကွက်မှ ဝယ်လိုအား မြင့်မားလာမည့် မျှော်လင့်ချက်ဖြင့် လယ်သမားများထံမှ ပိုမိုဝယ်ယူထားကြသည်။

ယခုနှစ်တွင် ဧပြီလ ၁၅ ရက်အထိ ဗီယက်နမ်ဆန် တန်ချိန် ၂.၃၇ သန်း တင်ပို့ခဲ့သည်။
Source brecorder

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 28 April 2023 13:12
Rate this item
(0 votes)