India
အစာကြေလွယ်တဲ့ ထန်းလျက်ကြော်
အညာဒေသအစားအစာတစ်မျိုးဖြစ်ပြီး ကလေးများအကြိုက်တွေ့မယ့် မြန်မာ့ရိုးရာ ထန်းလျက်
(ခေါ်) မြန်မာချောကလက် ကြော် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်တဲ့ပစ္စည်းများကတော့ ထန်းလျက်ခဲအညိုနှင့် ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ထန်းလျက်ခဲများကို ငရုတ်ကျည်ပွေ့ဖြင့် ထုထားပါ။ ထန်းလျက်ခဲကို ကြေအောင် ထုစရာမလို။
ဒယ်အိုးကို မီးအေးအေးဖြင့် မီးဖိုပေါ်တင်၍ ဆီအနည်းငယ်ထည့်လိုက်ပါ။ ဆီကျက်လျှင် ထုထားသော ထန်းလျက်ခဲများကို ထည့်လိုက်ပါ။ မွှေမယ့် ယောင်းမကို ဆီသုတ်ပြီး မွှေပေးပါ။
ထန်းလျက်ခဲများ အရည်ပျော်လျှင် အိုးပေါ်မှ ချလိုက်ပါ။ ဆီသုတ်ထားသော လင်ဗန်းထဲသို့ ထန်းလျက်ရည်များကို လောင်းထည့်လိုက်ပါ။
ပြီးရင်တော့ အအေးခံ၍ မိမိကြိုက်နှစ်သက်သော အနေတော်အတုံးကလေးများလှီး၍ အသင့်သုံးဆောင်နိုင်ပါတယ်။
Read more >>>>> ထိုင်းစတိုင်လ် ပုစွန်ချဉ်စပ် အရည်သောက်



