Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ရှားရှားပါးပါး အမျိုးသမီး ဆူရှီစားဖိုမှူးများ

ဂျပန်မှာ ဆူရှီစာဖိုမှူးတွေဟာ အမျိုးသားများ ဖြစ်ကြပြီး ယခုအခါ အမျိုးသမီး အချို့က နေရာဝင်ယူလာကြပါတယ်။

အဲဒီအတွက် လွယ်လွယ်ကူကူနဲ့တော့ နေရာ ရယူလို့ မရပါဘူး။

ဂျပန်မှာ အမျိုးသမီးတွေဟာ ဆူရှီစာဖိုမှူး မဖြစ်သင့်ဘူးဆိုတဲ့ အယူအဆ ရှိနေပါတယ်။ ဘာလို့လဲ။
အမျိုးသမီးတွေရဲ့ လက်ဖဝါးတွေက ပူနွေးတယ်။ ဆူရှီက အအေးစာဖြစ်လို့ ကိုင်တွယ်ဖို့ မသင့်တော်ဘူး။ အမျိုးသမီးတွေက တစ်လတစ်ခါ ဓမ္မတာလာချိန်မှာ အရသာခံနိုင်စွမ်း ကျဆင်းတယ်။ ပါးစပ်ပျက်နေတတ်တယ်။ ဆူရှီစားဖိုမှူးက ဆိုင်ဖွင့်ထားချိန် တောက်လျှောက် မတ်တတ်ရပ်ပြီး ဆူရှီကို လှီးဖြတ်ပြင်ဆင်ပေးနေရတယ်။
အမျိုးသမီးတွေက နာရီအကြာကြီး မတ်တတ်ရပ်ပြီး အလုပ်မလုပ်နိုင်ကြဘူး။
အဲဒီအကြောင်းပြချက်တွေနဲ့ အမျိုးသမီးတွေကို ဆူရှီစာဖိုမှူး အလုပ်မခန့်ကြဘူး။
အခုတော့ အဲဒီ အကြောင်းပြချက်တွေ မှေးမှိန်စ ပြုပြီ။ အမျိုးသမီးတွေ ဆူရှီစာဖိုမှူးအဖြစ် လုပ်ကိုင်ခွင့် ရလာကြတယ်။ နာမည်ကြီး ဆိုင်တချို့မှာတောင် အမျိုးသမီးကို သင်တန်းကျကျနန ပေးပြီး ဆူရှီစာဖိုမှူးအဖြစ ်အလုပ်ခန့်ကြပြီ။

Mizuho Iwai ဟာ ယခုအခါမှာ ဆူရှီစာဖိုမှူးတစ်ယောက် ဖြစ်ပါတယ်။ တိုကျို ဂင်ဇာရပ်ကွက်မှာ တည်ရှိတဲ့ Onodera အမည်ရှိ နာမည်ရ စားသောက်ဆိုင်မှာ ဆူရှီစာဖိုမှူး အဖြစ် လုပ်ကိုင်နေပါတယ်။ အဲဒီဂင်ဇာမှာ ကမ္ဘာ့ထိပ်တန်း ဆူရှီဆိုင်တွေ အတူ ရှိနေပါတယ်။ ဒါကြောင့် အဲဒီလို နေရာမျိုးမှာ တည်ရှိတဲ့ Onodera စားသောက်ဆိုင်မှာ ဆူရှီစာဖိုမှူးအဖြစ် Mizuho Iwai လုပ်ကိုင်ခွင့် ရတာဟာ တန်းဝင် ဆူရှီစာဖိုမှူးလို့ အသိအမှတ်ပြုရာ ရောက်တာမို့ သူမအတွက် ဂုဏ်ယူစရာပါ။ ဒါပေမဲ အမျိုးသမီး ဆူရှီစာဖိုမှူးဆိုတာ ရှားရှားပါးပါး ဖြစ်လို့ တွေ့တဲ့သူတိုင်းက သူမကို အထူးအဆန်းအဖြစ် ကြည့်တာကို ရင်ဆိုင်ရပါတယ်။


“ကျွန်မအပြင် တခြား အမျိုးသမီး ဆူရှိစာဖိုမှူးတွေ ရှိပါတယ်။ ဒါပေမဲ့ အင်မတန် ရှားပါတယ်။ အဲဒါကြောင့်လည်း ကျွန်မအဖို့ စိန်ခေါ်မှုတစ်ခုအဖြစ် ရင်ဆိုင်လိုမိခဲ့ပါတယ်”
လို့ အသက် ၃၃ နှစ်ရှိသူ Mizuho Iwai က ပြောပြပါတယ်။ ဆူရှီစာဖိုမှူးဖြစ်ရေးဟာ သူမ ဘဝရဲ့ မစ်ရှင်တစ်ခုပါပဲလို့လည်း ပြောပါတယ်။

Onodera မှာ ဆူရှီစာဖိုမှူး အလုပ်သင်အဖြစ် လုပ်ကိုင်နေတဲ့ အခြားအမျိုးသမီးတွေလည်း ရှိနေပါတယ်။ လောလောဆယ်မှာ ၁၀ ဦးကို သင်တန်းပေးလျက် ရှိတာမှာ အမျိုးသမီးအချို့ပါဝင်ပါတယ်။ ဆိုင်မှာ ဆူရှီစာဖိုမှူး ၁၀ ဦး ခန့်ထားတာမှာ အားလုံးဟာ အမျိုးသားတွေချည်း ဖြစ်နေခဲ့ရာမှ ယခုအခါ အမျိုးသမီး စာဖိုမှူးကို စမ်းသပ် အသုံးပြုကြည့်ခဲ့တာ ဖြစ်ပါတယ်။
မာစတာအဆင့် ဆူရှီစာဖိုမှူးတစ်ဦး ဖြစ်ဖို့ နှစ်အတော်ကြာအောင် သင်ယူလေ့ကျင့်ဖို့ လိုပါတယ်။ ငါးအမျိုးမျိုးကို နောကြေရမယ်။ ဘယ်ငါးဆိုရင် ဘယ်လို ကြေးခွံတွေ ခွာရမယ်။ ဘယ်နားမှာ ဘယ်လိုလှီးထုတ်ရမယ် ဆိုတာတွေကို အတွေ့အကြုံတွေ မှတ်သားသင်ယူရပါတယ်။

ဆူရှီလောကမှာ အမျိုးသားများသာ ကြီးစိုးနေတာ ကြာပါပြီ။ ယခုအခါ အမျိုးသမီးများ နေရာရလာပြီ ဆိုပေမဲ့ ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အမျိုးသမီး စာဖိုမှူးကို ဆူရှီလောကမှာ ဆိုင်တွေကလည်း အင်တင်တင် ဖြစ်ကြတဲ့အပြင် သက်ကြီးပိုင်းဖောက်သည်တွေကလည်း လက်မခံကြဘူး။
ငါးအစိမ်းကို အမျိုးသမီးလက် ပူနွေးနွေးဖြင့် ကိုင်တွယ်လှီးဖြတ် ပြင်ဆင်ပေးတာကို မကြိုက်ကြတာ ဖြစ်ပါတယ်။

အမျိုးသမီး စာဖိုမှူး Sano က သူမရဲ့ လက်ရာကို အရသာဖြင့်သာ ဆုံးဖြတ်စေလိုတယ်။ စာဖိုမှူးလိင်အမျိုးအစားအရ တင်ကြိုဆုံးဖြတ်တာကို မလိုလားဘူးလို့ ဆိုပါတယ်။
“စာဖိုမှူးဆိုတာ ယောက်ျားလား မိန်းမလား ဆိုတာ အကြောင်း မဟုတ်ပါဘူး။ ကျွန်မက မိန်းမ ဖြစ်နေတာနဲ့တော့ ကောင်းမှာ မဟုတ်ဘူးလို့ မဆုံးဖြတ်သင့်ဘူး။ အခုလိ ကျား/မ ခွဲခြားတာ ပျောက်ကွယ်သွားမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

AFP

 

ရွားရွားပါးပါး အမ်ဳိးသမီး ဆူရွီစားဖိုမွဴးမ်ား

ဂ်ပန္မွာ ဆူရွီစာဖိုမွဴးေတြဟာ အမ်ဳိးသားမ်ား ျဖစ္ၾကၿပီး ယခုအခါ အမ်ဳိးသမီး အခ်ဳိ႕က ေနရာ၀င္ယူလာၾကပါတယ္။ အဲဒီအတြက္ လြယ္လြယ္ကူကူနဲ႔ေတာ့ ေနရာ ရယူလို႔ မရပါဘူး။
ဂ်ပန္မွာ အမ်ဳိးသမီးေတြဟာ ဆူရွီစာဖိုမွဴး မျဖစ္သင့္ဘူးဆိုတဲ့ အယူအဆ ရွိေနပါတယ္။ ဘာလို႔လဲ။
အမ်ဳိးသမီးေတြရဲ႕ လက္ဖဝါးေတြက ပူေႏြးတယ္။ ဆူရွီက အေအးစာျဖစ္လို႔ ကိုင္တြယ္ဖို႔ မသင့္ေတာ္ဘူး။ အမ်ဳိးသမီးေတြက တစ္လတစ္ခါ ဓမၼတာလာခ်ိန္မွာ အရသာခံႏိုင္စြမ္း က်ဆင္းတယ္။ ပါးစပ္ပ်က္ေနတတ္တယ္။ ဆူရွီစားဖိုမွဴးက ဆိုင္ဖြင့္ထားခ်ိန္ ေတာက္ေလွ်ာက္ မတ္တတ္ရပ္ၿပီး ဆူရွီကို လွီးျဖတ္ျပင္ဆင္ေပးေနရတယ္။
အမ်ဳိးသမီးေတြက နာရီအၾကာႀကီး မတ္တတ္ရပ္ၿပီး အလုပ္မလုပ္ႏိုင္ၾကဘူး။
အဲဒီအေၾကာင္းျပခ်က္ေတြနဲ႔ အမ်ဳိးသမီးေတြကို ဆူရွီစာဖိုမွဴး အလုပ္မခန္႔ၾကဘူး။
အခုေတာ့ အဲဒီ အေၾကာင္းျပခ်က္ေတြ ေမွးမွိန္စ ျပဳၿပီ။ အမ်ဳိးသမီးေတြ ဆူရွီစာဖိုမွဴးအျဖစ္ လုပ္ကိုင္ခြင့္ ရလာၾကတယ္။ နာမည္ႀကီး ဆိုင္တခ်ဳိ႕မွာေတာင္ အမ်ဳိးသမီးကို သင္တန္းက်က်နန ေပးၿပီး ဆူရွီစာဖိုမွဴးအျဖစ ္အလုပ္ခန္႔ၾကၿပီ။

Mizuho Iwai ဟာ ယခုအခါမွာ ဆူရွီစာဖိုမွဴးတစ္ေယာက္ ျဖစ္ပါတယ္။ တိုက်ဳိ ဂင္ဇာရပ္ကြက္မွာ တည္ရွိတဲ့ Onodera အမည္ရွိ နာမည္ရ စားေသာက္ဆိုင္မွာ ဆူရွီစာဖိုမွဴး အျဖစ္ လုပ္ကိုင္ေနပါတယ္။ အဲဒီဂင္ဇာမွာ ကမာၻ႕ထိပ္တန္း ဆူရွီဆိုင္ေတြ အတူ ရွိေနပါတယ္။ ဒါေၾကာင့္ အဲဒီလို ေနရာမ်ဳိးမွာ တည္ရွိတ့ဲ Onodera စားေသာက္ဆိုင္မွာ ဆူရွီစာဖိုမွဴးအျဖစ္ Mizuho Iwai လုပ္ကိုင္ခြင့္ ရတာဟာ တန္း၀င္ ဆူရွီစာဖိုမွဴးလို႔ အသိအမွတ္ျပဳရာ ေရာက္တာမို႔ သူမအတြက္ ဂုဏ္ယူစရာပါ။ ဒါေပမဲ အမ်ဳိးသမီး ဆူရွီစာဖိုမွဴးဆိုတာ ရွားရွားပါးပါး ျဖစ္လို႔ ေတြ႕တဲ့သူတိုင္းက သူမကို အထူးအဆန္းအျဖစ္ ၾကည့္တာကို ရင္ဆိုင္ရပါတယ္။


“ကၽြန္မအျပင္ တျခား အမ်ဳိးသမီး ဆူရွိစာဖိုမွဴးေတြ ရွိပါတယ္။ ဒါေပမဲ့ အင္မတန္ ရွားပါတယ္။ အဲဒါေၾကာင့္လည္း ကၽြန္မအဖို႔ စိန္ေခၚမႈတစ္ခုအျဖစ္ ရင္ဆိုင္လိုမိခဲ့ပါတယ္”
လို႔ အသက္ ၃၃ ႏွစ္ရွိသူ Mizuho Iwai က ေျပာျပပါတယ္။ ဆူရွွီစာဖိုမွဴးျဖစ္ေရးဟာ သူမ ဘ၀ရဲ႕ မစ္ရွင္တစ္ခုပါပဲလို႔လည္း ေျပာပါတယ္။

Onodera မွာ ဆူရွီစာဖိုမွဴး အလုပ္သင္အျဖစ္ လုပ္ကိုင္ေနတဲ့ အျခားအမ်ဳိးသမီးေတြလည္း ရွိေနပါတယ္။ ေလာေလာဆယ္မွာ ၁၀ ဦးကို သင္တန္းေပးလ်က္ ရွိတာမွာ အမ်ဳိးသမီးအခ်ဳိ႕ပါ၀င္ပါတယ္။ ဆိုင္မွာ ဆူရွီစာဖိုမွဴး ၁၀ ဦး ခန္႔ထားတာမွာ အားလုံးဟာ အမ်ဳိးသားေတြခ်ည္း ျဖစ္ေနခဲ့ရာမွ ယခုအခါ အမ်ဳိးသမီး စာဖိုမွဴးကို စမ္းသပ္ အသုံးျပဳၾကည့္ခဲ့တာ ျဖစ္ပါတယ္။
မာစတာအဆင့္ ဆူရွီစာဖိုမွဴးတစ္ဦး ျဖစ္ဖို႔ ႏွစ္အေတာ္ၾကာေအာင္ သင္ယူေလ့က်င့္ဖို႔ လိုပါတယ္။ ငါးအမ်ဳိးမ်ဳိးကို ေနာေၾကရမယ္။ ဘယ္ငါးဆိုရင္ ဘယ္လို ေၾကးခြံေတြ ခြာရမယ္။ ဘယ္နားမွာ ဘယ္လိုလွီးထုတ္ရမယ္ ဆိုတာေတြကို အေတြ႕အၾကံဳေတြ မွတ္သားသင္ယူရပါတယ္။

ဆူရွီေလာကမွာ အမ်ဳိးသားမ်ားသာ ႀကီးစိုးေနတာ ၾကာပါၿပီ။ ယခုအခါ အမ်ဳိးသမီးမ်ား ေနရာရလာၿပီ ဆိုေပမဲ့ ၁၀ ရာခိုင္ႏႈန္းေအာက္မွာပဲ ရွိလိမ့္မယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ အမ်ဳိးသမီး စာဖိုမွဴးကို ဆူရွီေလာကမွာ ဆိုင္ေတြကလည္း အင္တင္တင္ ျဖစ္ၾကတဲ့အျပင္ သက္ႀကီးပိုင္းေဖာက္သည္ေတြကလည္း လက္မခံၾကဘူး။
ငါးအစိမ္းကို အမ်ဳိးသမီးလက္ ပူေႏြးေႏြးျဖင့္ ကိုင္တြယ္လွီးျဖတ္ ျပင္ဆင္ေပးတာကို မႀကိဳက္ၾကတာ ျဖစ္ပါတယ္။

အမ်ဳိးသမီး စာဖိုမွဴး Sano က သူမရဲ႕ လက္ရာကို အရသာျဖင့္သာ ဆုံးျဖတ္ေစလိုတယ္။ စာဖိုမွဴးလိင္အမ်ဳိးအစားအရ တင္ႀကိဳဆုံးျဖတ္တာကို မလိုလားဘူးလို႔ ဆိုပါတယ္။
“စာဖိုမွဴးဆိုတာ ေယာက္်ားလား မိန္းမလား ဆိုတာ အေၾကာင္း မဟုတ္ပါဘူး။ ကၽြန္မက မိန္းမ ျဖစ္ေနတာနဲ႔ေတာ့ ေကာင္းမွာ မဟုတ္ဘူးလို႔ မဆုံးျဖတ္သင့္ဘူး။ အခုလိ က်ား/မ ခြဲျခားတာ ေပ်ာက္ကြယ္သြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

AFP

Read times
Rate this item
(0 votes)